၂၀၂၃ ခုနှစ်မတိုင်ခင်မှာ ချင်းပြည်နယ်အစိုးရတစ်ရပ် ပေါ်ပေါက်လာဖို့အတွက်
ချင်းပြည်ကောင်စီညီလာခံကို မကြာခင်မှာ ကျင်းပသွားမှာဖြစ်ပြီး
လက်ရှိအချိန်မှာ ချင်းပြည်ဖွဲ့စည်းပုံရေးဆွဲရေးက ၉၀ ရာခိုင်နှုန်းအထိ
ပြီးစီးနေပြီလို့ ချင်းအမျိုးသားတပ်ဦး CNF ပြောရေးဆိုခွင့်ရှိသူ
ဆလိုင်းထက်နီက ဒီဗွီဘီကို ပြောပါတယ်။
ချင်းပြည်နယ်အစိုးရတရပ် ပေါ်ပေါက်လာရေးအတွက် ကြားကာလ
ချင်းအမျိုးသားအတိုင်ပင်ခံ ကောင်စီကနေ ဆောင်ရွက်နေရာမှာ တစ်ဆို့မှုတချို့
ရှိနေတာကြောင့် ချင်းပြည်ကောင်စီဖွဲ့စည်းရေး ဆောင်ရွက်ခဲ့တာလို့လည်း CNF
ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
ချင်းအမျိုးသားတပ်ဦး CNF အပြင် ချင်းပြည်နယ်အတွင်း ၂၀၂၀ ရွေးကောက်ပွဲ
အနိုင်ရကိုယ်စားလှယ်တွေနဲ့ မြို့နယ်နဲ့
ဒေသအခြေပြုအဖွဲ့စည်းတွေရဲ့ကိုယ်စားလှယ်တွေ အပါအဝင် စုစုပေါင်း ၁၀၈ ယောက်က
စက်တင်ဘာ ၇ ရက်ကနေ ၉ ရက်အထိ ချင်းပြည်ကောင်စီ ညီလာခံဖြစ်မြောက်ရေးအတွက်
အကြိုညှိနှိုင်းအစည်းအဝေး ပြုလုပ်ခဲ့ကြပါတယ်။
အဲဒီအစည်းအဝေးမှာ ချင်းပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲဖို့၊
ချင်းပြည်ကောင်စီဖွဲ့စည်းဖို့နဲ့ ဥပဒေပြုရေးအုပ်ချုပ်ရေးနဲ့တရားစီရင်ရေး
မဏ္ဍိုင်သုံးရပ်ထူထောင်ဖို့အတွက် ညီလာခံတစ်ရပ် ခေါ်ယူကျင်းပရေး
စစ်တပ်အာဏာသိမ်းပြီးတဲ့ အချိန်ကတည်း ချင်းပြည်နယ်မှာ
ကြားကာလချင်းပြည်နယ် အစိုးရဖွဲ့စည်းနိုင်ဖို့ ချင်းအင်အားစုတွေကြား
ညှိနှိုင်းဆောင်ရွက်ခဲ့ကြပေမဲ့ ဒီကနေ့အချိန်ထိ ချင်းပြည်နယ်တစ်ခုလုံးကို
ကိုယ်စားပြုတဲ့ အစိုးရတစ်ရပ်ကိုဖွဲ့စည်းနိုင်ခဲ့ခြင်း မရှိပါဘူး။
အဲဒီကာလတွေအတွင်းမှာ ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်အရ
ချင်းပြည်နယ်မှာရှိနေတဲ့ အရပ်ဖက်အဖွဲ့အစည်းနဲ့ အာဏာဖီဆန်ရေး
လှုပ်ရှားမှုမှာပါဝင်တဲ့သူတွေ နိုင်ငံရေးပါတီတွေ ၂၀၂၀ ရွေးကောက်ပွဲမှာ
အနိုင်ရထားတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ လက်နက်ကိုင်
တော်လှန်ရေးအင်အားစုတွေပါတဲ့ ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ
(ICNCC) ကိုသာ ဖွဲ့စည်းနိုင်ခဲ့ပါတယ်။
နောက်ပိုင်းမှာတော့ အဲဒီကောင်စီကနေ ချင်းအမျိုးသားတပ်ဦး (CNF)နဲ့
အဖွဲ့ဝင်တတတချို့က နုတ်ထွက်သွားခဲ့တာကြောင့်
ပြည်နယ်အစိုးရတစ်ရပ်ပေါ်ပေါက်ရေး ဆွေးနွေးမှုတွေက ရှေ့ ဆက်မရဘဲ
ကြားကာလအစိုးရတစ်ရပ်ပေါ်ပေါက်ဖို့အတွက် CNF အပါအဝင်
ချင်းပြည်နယ်အတွင်းမှာရှိတဲ့ လက်နက်ကိုင်အင်အားစုတွေက
စစ်ရေးအရပူးပေါင်းဖွဲ့စည်းထားတဲ့ ချင်းဒေသကာကွယ်ရေး
လက်နက်ကိုင်အဖွဲ့များပူးပေါင်းကော်မတီ (CJDC) မှာလည်း
ဆွေးနွေးမှုတွေလုပ်ဆောင်ခဲ့ပေမဲ့ အားလုံးပါဝင်မှုအားနည်းမှုတွေရှိတယ်ဆိုတဲ့
ဝေဖန်မှုတွေကြောင့် နှောင့်နှေးမှုတွေရှိခဲ့ပါတယ်။
အဲဒီနောက်ပိုင်းမှာ လွှတ်တော်ကိုယ်စားလှယ်တွေ
လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ ဒေသအခြေပြု အုပ်ချုပ်ရေးအဖွဲ့တွေ
အားလုံးပါတဲ့ ချင်းပြည်ကောင်စီကိုဖွဲ့စည်းဖို့ ဆောင်ရွက်ခဲ့ကြတာပါ။
ချင်းပြည်နယ်အစိုးရတစ်ရပ်ပေါ်ပေါက်ရေးအတွက်
ချင်းပြည်ကောင်စီဖွဲ့စည်းမှုနဲ့ပတ်သက်ပြီး ဆွေးနွေးမှုမှာ ဖလမ်းမြို့နယ်က
ချင်းအမျိုးသားအဖွဲ့ချုပ်/ ချင်းအမျိုးသားကာကွယ်ရေးအဖွဲ့ (CNO/CNDF) နဲ့
ဇိုမီးဖက်ဒရယ်ယူနီယံ ZFU အဖွဲ့တွေ မပါဝင်ခဲ့ပါဘူး။
အဲဒီအပြင် ချင်းပြည်ကောင်စီဖွဲ့စည်းမယ့်ကိစ္စနဲ့ ပတ်သက်ပြီး
ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ ICNCC ကြားမှာလည် လက်ရှိအချိန်ထိ
သက်ဆိုင်ရာအစုအဖွဲ့တွေအကြား ညှိနှိုင်းသဘောတူညီမှုမရှိသေးဘူးလို့ ICNCC
အဖွဲ့ဝင်တချို့က ဒီဗွီဘီကို ပြောပါတယ်။
ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ ICNCC နဲ့
ချင်းပြည်ကောင်စီအကြား ဆက်လက်ဆောင်ရွက်မယ့်ကိစ္စတွေက ညှိနှိုင်ဖို့ရှိပေမဲ့
လက်ရှိမှာ ညီလာခံဖြစ်မြောက်ရေးကြိုး စားဆောင်ရွက်နေတဲ့အချိန်ဖြစ်တာကြောင့်
မလုပ်ဆောင်နိုင်သေးတာဖြစ်သလို နောက်အစည်းအဝေးတွေမှာလည်း အခုကျန်နေသေးတဲ့ ၂
ဖွဲ့ တက်ရောက်နိုင် ဖို့အတွက် ရှင်းလင်းဆွေးနွေးမှုတွေ
လုပ်ဆောင်နေရတယ်လို့ ချင်းပြည်ကောင်စီ ညီလာခံ ဖြစ်မြောက်ရေး ကော်မတီ
ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ Naing Tam Maung က ပြောပါတယ်။
ချင်းပြည်ကောင်စီညီလာခံ ဖြစ်မြောက်ရေးကော်မတီ လက်ရှိအချိန်ထိ
ပြည်ထောင်စုအဆင့် အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ NUCC မှာ
ချင်းပြည်နယ်ကို ကိုယ်စားပြုပြီး ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ
ချင်းပြည်ကောင်စီပေါ်ပေါက်လာခဲ့ရင်တော့ NUCC အနေနဲ့ ဘယ်အစုအဖွဲ့က
ပါဝင်သင့်တယ် မပါဝင်သင့်ဘူးဆိုတာကို စဉ်းစားဆုံးဖြတ်မှာမဟုတ်ဘဲ အချင်းချင်း
ပြန်လည်ညှိနှိုင်းဖြေရှင်းခိုင်းတဲ့ နည်းလမ်းပဲရှိတယ်လို့ NUCC မှာ
ပါဝင်တဲ့ စစ်အာဏာရှင်တိုက်ဖျက်ရေး အထွေထွေ သပိတ်ကော်မတီ GSC အဖွဲ့ဝင်က