စစ်ကိုင်းတိုင်း၊ ပုလဲမြို့ပေါ်မှာ စစ်ကောင်စီက တပ်သားအင်အားတိုးချပြီး
လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်တာကြောင့် ဗိုလ်နဂါး ဦးဆောင်တဲ့ BNRA နဲ့ မဟာမိတ်တပ်တွေ မြို့ပေါ်ကနေ ပြန်လည်ဆုတ်ခွာခဲ့ရပါတယ်။
နိုဝင်ဘာ ၁၄ ရက် မနက် ၁၁ နာရီဝန်းကျင်မှာ စစ်ကောင်စီက ရဟတ်ယာဉ် ၄ စီးနဲ့တပ်သားအင်အား ၁၀၀ ကျော် ပုလဲမြို့ပေါ်ကို ထပ်မံပို့ဆောင်ခဲ့သလို
လေကြောင်းတိုက်ခိုက်တာတွေ ဆက်တိုက်ပြုလုပ်ခဲ့တာကြောင့် ဗိုလ်နဂါး
ဦးဆောင်တဲ့ BNRA နဲ့ မဟာမိတ်အဖွဲ့တွေဟာ ပုလဲမြို့ပေါ်ကနေ
စစ်ကောင်စီက ရဟတ်ယာဉ်နဲ့လာချတဲ့ စစ်သားတွေဟာ ဘုတလင်နယ်မှာ
အကြမ်းဖက်မှုတွေ ပြုလုပ်ခဲ့တဲ့ စစ်ကြောင်းက တပ်သားတွေဖြစ်တယ်လို့ ဒေသတွင်း PDF တွေက ပြောပါတယ်။
နိုဝင်ဘာ ၁၁ ရက်မှာ ဗိုလ်နဂါး ဦးဆောင်တဲ့ BNRA နဲ့ မဟာမိတ်အဖွဲ့တွေက
ပုလဲမြို့ကို သိမ်းယူဖို့ ကြိုးစားခဲ့တာဖြစ်ပြီး မြို့ကို
အပြီးသတ်သိမ်းယူနိုင်ခါနီးအထိ ထိုးစစ်ဆင် တိုက်ခိုက်နိုင်ခဲ့တယ်လို့
https://burmese.dvb.no/post/677891