စစ်ကိုင်းတိုင်းအထက်ပိုင်း ကောလင်းမြို့မှာ မတ်လ ၂ ရက်ကစပြီး
ထိတွေ့တိုက်ပွဲတွေ ပြန်ဖြစ်နေပြီး စစ်ရှောင်ပြည်သူအရေအတွက် တနေ့တခြား
ပိုများလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီက ကောလင်းမြို့ကို ပြန်သိမ်းပြီးနောက် မြို့ရဲ့ ၇၀ ရာခိုင်နှုန်းထက်မနည်း မီးရှို့ဖျက်ဆီးတာတွေ ပြုလုပ်ခဲ့ပါတယ်။
မတ်လ ၄ ရက်နေ့မှာတော့ ကာကွယ်ရေးအဖွဲ့တွေက ကောလင်းမြို့ပေါ် ရပ်ကွက်တွေက
စစ်ကောင်စီ တပ်စွဲထားတဲ့ နေရာတွေကို ပြန်လည်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပါတယ်။
ကောလင်းဒေသခံတဦးက “ဒီရက်ပိုင်းအတွင်းမှာ တိုက်ပွဲပြန်ဖြစ်တာတွေ
ရှိတယ်ဗျ။ ၃ လပိုင်း ၂ ရက်နေ့ကနေ ပြန်ဖြစ်တယ်။ သစ်ဖုလတောင်ကုန်းမှာရှိတဲ့
စကစ ကျောက်တန်းရွာကို ဆင်းပြီးတော့မှ ငါးကြီးအိုင်ကို မီးရှို့တယ်။
မီးရှို့ပြီးတော့မှ ကျောက်တန်းကို ထပ်ပြီးမီးရှို့တယ်။ မီးရှို့ပြီးတော့မှ
ခံသာရွာဘက် တိုးဖို့လုပ်တဲ့အချိန်မှာ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေနဲ့
ထိတွေ့တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားတယ်ပေါ့” လို့ ပြောပါတယ်။
ကောလင်းမြို့ကို တော်လှန်ရေး ပူးပေါင်းအဖွဲ့တွေက သိမ်းယူနိုင်ခဲ့ကြောင်း
၂၀၂၃ နိုဝင်ဘာ ၆ ရက်နေ့မှာ ကြေညာခဲ့ပြီး သုံးလနီးပါးကြာချိန်မှာ