(Unicode)
စစ်ကိုင်းတိုင်းဒေသကြီး၊ ကံကုန်းကျေးရွာမှာရှိတဲ့ မြေအောက်ရေတွေကြောင့် အဝတ်အစားတွေ လျှော်ဖွတ်တဲ့အခါမှာ အရောင်ပြောင်းသွားတာတွေရှိသလို ရေနဲ့ထိတွေ့တဲ့အခါမှာလည်း အရေပြားတွေ ယားယံလာ (ပက်ကြားအက်) မှုတွေရှိတာကို ကြုံတွေ့လာခဲ့တာ ဆယ်နှစ်ကြာအောင်ရှိနေပါပြီ။ ရွာသားတွေကတော့ ဒီလိုဖြစ်တာဟာ ကြေးနီစက်ရုံနဲ့ အက်ဆစ်စက်ရုံတွေကြောင့် ဖြစ်တယ်လို့ အပြစ်တင်ကြပါတယ်။သူတို့က ရေအရင်းမြစ်ကောင်းတွေ ရရှိဖို့လည်း ရှာဖွေနေကြပါတယ်။ ဒီတစ်ပတ်မှာတော့ မိတ်ဖက်မီဒီယာဖြစ်တဲ့ မုံရွာဂေဇက်နဲ့ ဒို့အသံတို့ဟာ သူတို့ကျေးရွာမှာ ရေရရှိဖို့အတွက် တိုက်ပွဲဝင်နေကြတဲ့ ရွာသားတွေနဲ့ စကားပြောခဲ့ပါတယ်။ ဒီဆောင်းပါးအပြည့်အစုံကိုနားဆင်နိုင်ပါပြီ။
(Zawgyi)
စစ္ကိုင္းတိုင္းေဒသႀကီး၊ ကံကုန္းေက်း႐ြာမွာရွိတဲ့ ေျမေအာက္ေရေတြေၾကာင့္ အဝတ္အစားေတြ ေလွ်ာ္ဖြတ္တဲ့အခါမွာ အေရာင္ေျပာင္းသြားတာေတြရွိသလို ေရနဲ႔ထိေတြ႕တဲ့အခါမွာလည္း အေရျပားေတြ ယားယံလာ (ပက္ၾကားအက္) မႈေတြရွိတာကို ႀကဳံေတြ႕လာခဲ့တာ ဆယ္ႏွစ္ၾကာေအာင္ရွိေနပါၿပီ။ ႐ြာသားေတြကေတာ့ ဒီလိုျဖစ္တာဟာ ေၾကးနီစက္႐ုံနဲ႔ အက္ဆစ္စက္႐ုံေတြေၾကာင့္ ျဖစ္တယ္လို႔ အျပစ္တင္ၾကပါတယ္။သူတို႔က ေရအရင္းျမစ္ေကာင္းေတြ ရရွိဖို႔လည္း ရွာေဖြေနၾကပါတယ္။ ဒီတစ္ပတ္မွာေတာ့ မိတ္ဖက္မီဒီယာျဖစ္တဲ့ မုံ႐ြာေဂဇက္နဲ႔ ဒို႔အသံတို႔ဟာ သူတို႔ေက်း႐ြာမွာ ေရရရွိဖို႔အတြက္ တိုက္ပြဲဝင္ေနၾကတဲ့ ႐ြာသားေတြနဲ႔ စကားေျပာခဲ့ပါတယ္။ ဒီေဆာင္းပါးအျပည့္အစုံကိုနားဆင္ႏိုင္ပါၿပီ။