ပြီးခဲ့တဲ့နှစ်မှာ စစ်ကောင်စီ က အရင်ပဋိပက္ခအတွင်းက ထွက်ပြေးတိမ်ရှောင်နေတဲ့ စစ်ဘေးရှောင်စခန်းက စစ်ရှောင်တွေကို နေရပ်ကို ပြန်ဖို့ ဖိအားပေးခဲ့ပါတယ်။ အဲဒီလိုပြန်ခိုင်းတာ အကြောင်းပြချက်မရှိသလို လုံခြုံရေး အာမခံချက်လည်း မရှိပါဘူး။ ဒီတစ်ပတ်မှာတော့ ရွှေဖီမြေ က သတင်းထောက်တစ်ဦးက ရှမ်းပြည်မြောက်ပိုင်းမှာရှိတဲ့ မလုံခြုံတော့တဲ့ အခြေအနေမှာ ပြန်လည်စတင်ဖို့ ရုန်းကန်နေရတဲ့ စစ်ဘေးရှောင်တွေရဲ့ အကြောင်းတွေကို ပြောပြထားပါတယ်။