ကချင်ပြည်နယ်မှာ ကျောက်စိမ်းလုပ်ငန်းကို အမျိုးသားတွေကသာ အကြီးအကျယ် ကြီးစိုးထားပါတယ်။ ဒါပေမဲ့ အမျိုးသားလုပ်အားအများစုက မူးယစ်ဆေးဝါးကြောင့် ကျဆင်းလာတာနဲ့အမျှ အန္တရာယ်ရှိတဲ့အလုပ်တွေကို အမျိုးသမီးတွေက ပိုမိုလုပ်ကိုင်မှုတွေ များလာပါတယ်။ ဒီတစ်ပတ်မှာတော့ မိတ်ဖက်မီဒီယာဖြစ်တဲ့ ဖရန်တီယာမြန်မာမဂ္ဂဇင်းနဲ့ ဒို့အသံတို့ဟာ ကျောက်စိမ်းတွင်းတွေမှာ အလုပ်လုပ်ကိုင်နေတဲ့ အမျိုးသမီးတွေနဲ့ သွားရောက်စကားပြောခဲ့ပါတယ်။ဒီဆောင်းပါးအပြည့်အစုံကိုနားဆင်နိုင်ပါပြီ။(Unicode)