တစ်ပတ်တွင်းစိတ်ဝင်စားဖွယ်ကိုဗစ်နိုင်တင်းသတင်းများ။
မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ ကိုဗစ်နိုင်တင်းနဲ့ပတ်သက်တဲ့ တစ်အပတ်အတွင်း စိတ်ဝင်စားဖွယ်သတင်း အကျဉ်းချုပ်တွေကို တင်ဆက်ဖု့ိအချိန် ရောက်လာပါပြီ။
ဒီတစ်ပတ်မှာတော့
ကိုဗစ်အတည်ပြုလူနာနဲ့ထိတွေ့မှုမရှိခြင်း၊ပြည်ပခရီးသွားရာဇဝင်မရှိဘဲနိုင်ငံတွင်းကူးစက်ခံရသူသြဂုတ်လ(၂၁)ရက်နေ့ထိ(၁၈)ဦးရှိ။
ဒုတိယလှိုင်းအဖြစ်ရခိုင်ပြည်နယ်တွင်ပေါ်ပေါက်လာနိုင်ကြောင်းကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက သတိပေး။
စစ်တွေမှ ရန်ကုန်သို့လာရောက်ကြမည့်သူများနှာခေါင်းတို့ဖတ်နှင့်အာခေါင်တို့ဖတ်နှစ်ခါစစ်ဆေးခံရမည်။
ယခင်ထက်၁၀ ဆခန့်ကူးစက်မြန်တဲ့ကိုရိုနာဗိုင်းရပ်ပိုးမြန်မာနိုင်ငံမှာတွေ့။
တနင်္သာရီမှာအလယ်တန်းကျောင်းတွေပြန်ဖွင့်ဖို့ပြင်နေ။
မူဆယ်(၁၀၅ မိုင်)ကုန်သွယ်ရေးဇုန်တွင် အရောင်းအဝယ်၅၀ရာခိုင်နှုန်းကျဆင်း။
ရှမ်းရှေ့မှာအိမ်ခိုးဖေါက်မှုတွေ၊ပစ္စည်းခိုးယူမှုတွေကိုဗစ်ကာလအတွင်းပိုများ။
လိုင်ဇာမြို့အတွင်းဝင်ရောက်မယ်ဆိုရင်သတ်မှတ်ထားတဲ့ကိုယ်အပူချိန်ထက်ကျော်လွန်ပါကဆေးရုံတက်ရမယ်။
မွန်ပြည်နယ်တွင်းလက်ယက်ကန်းလုပ်ငန်းတွေလည်ပတ်ဖို့ခက်ခဲ။
နတ်ပေါက်အပန်းဖြေဆင်စခန်းအား သြဂုတ်လအတွင်းပြန်ဖွင့်မယ်။
မင်းကွန်းရွှေကျွန်းပင်မောင်နှမနတ်ပွဲမှာCOVID-19ကြောင့်မကျင်းပတော့သော်လည်းရိုးရာနတ်ဆက်သူများ လာရောက်မှုရှိနေ။
စတဲ့သတင်းအပါအဝင် အခြားစိတ်ဝင်စားဖွယ်သတင်းများကိုနားဆင်နိုင်ပါပြီ။(Unicode)
မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ ကိုဗစ်နိုင်တင်းနဲ့ပတ်သက်တဲ့ တစ်အပတ်အတွင်း စိတ်ဝင်စားဖွယ်သတင်း အကျဉ်းချုပ်တွေကို တင်ဆက်ဖို့အချိန် ရောက်လာပါပြီ။
ဒီတစ်ပတ်မှာတော့