တစ်ပတ်အတွင်းစိတ်ဝင်စားဖွယ်ကိုဗစ်-၁၉သတင်းများ။
မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ ကိုဗစ်-၁၉နဲ့ပတ်သက်တဲ့ တစ်အပတ်အတွင်း စိတ်ဝင်စားဖွယ်သတင်း အကျဉ်းချုပ်တွေကို တင်ဆက်ဖု့ိအချိန်ရောက်လာပါပြီ။
ဒီတစ်ပတ်မှာတော့
➡တစ်ပတ်အတွင်းဖြစ်ပွားခဲ့တဲ့ကိုဗစ်-၁၉ရောဂါအနှစ်ချုပ်။
➡ရွေးကောက်ပွဲနေ့မှာ မဲရုံတာဝန်ထမ်းဆောင်သူတွေ၊ မဲပေးမယ့်သူတွေအတွက် တရုတ်နိုင်ငံမှ ကိုဗစ်ကာကွယ်ရေးပစ္စည်း ယူရို၂၃.၂၆သန်းဖိုး မှာယူထားပြီး တိုင်းနဲ့ပြည်နယ်တွေကိုဖြန့်ဝေထား။
➡တနင်္သာရီနဂါးလှေလှော်ပွဲတော်ကို ကိုဗစ်စည်းကမ်းနဲ့အညီကျင်းပ။
➡WFPစားနပ်ရိက္ခာထောက်ပံ့ပစ္စည်း သယ်လာတဲ့ယာဉ်မောင်းတစ်ဦးမှာ ကိုဗစ်ပိုးတွေ့။
➡စစ်ကိုင်းမှာ NLDပါတီဝန်းရံသူတွေ မြို့ပေါ်တက်အင်အားပြရာ ကိုဗစ်ကာကွယ်ရေးထုတ်ပြန်ချက်များအရ သက်ဆိုင်ရာက မေတ္တာရပ်ခံပြန်လွှတ်ခဲ့။
➡ကိုဗစ်-၁၉ ရောဂါကြောင့် ကျိုက်ထီးရိုးဘုရားပွဲတော်မကျင်းပနိုင်တဲ့အတွက် ဒေသခံတွေရဲ့ စားဝတ်နေရေးနဲ့ စီးပွားရေးလုပ်ငန်းတွေ အခက်အခဲကြုံတွေ့။
➡ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ဖို့ဆိုပြီး ဝ တပ်ဖွဲ့(UWSA)က သူတို့ထိန်းချုပ်နယ်မြေအတွင်း မဲဆွယ်စည်းရုံးခွင့်မပြုတဲ့အတွက် ရွေးကောက်ပွဲအချိန်မှီရုပ်သိမ်းပေးဖို့ ပါတီတွေတောင်းဆို။
➡ဖားအံမြို့၊သရက်တောကျောင်းတိုက်မှာ သံဃာတော် (၄၉)ပါးအထိ ကိုဗစ်ရောဂါပိုးတွေ့လို့ ကျောင်းတိုက်ကို
Lock Down ချ။
➡တောင်ပြိုကျေးရွာတွင်း မဲရုံတွေမှာ ကျန်းမာရေးလမ်းညွှန်ချက်နဲ့အညီသတ်မှတ်ထားတဲ့ ဝတ်စုံတွေဝတ်ဆင်ပြီး ရွေးကောက်ပွဲနေ့မှာ မဲပေးခြင်းလုပ်ငန်းစဉ်ကိုလုပ်ဆောင်မယ်။
စတဲ့သတင်းအပါအဝင် အခြားစိတ်ဝင်စားဖွယ်သတင်းများကိုနားဆင်နိုင်ပါပြီ။ (Unicode)
မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ ကိုဗစ်-၁၉နဲ့ပတ်သက်တဲ့ တစ်အပတ်အတွင်း စိတ်ဝင်စားဖွယ်သတင်း အကျဉ်းချုပ်တွေကို တင်ဆက်ဖို့အချိန်ရောက်လာပါပြီ။
ဒီတစ်ပတ်မှာတော့
Lock Down ချ။