မြန်မာမှာစစ်အာဏာသိမ်းလိုက်ကတည်းက ထိုင်းနိုင်ငံကို နိုင်ငံရေးအရရော စီးပွားရေးအရပါ ရွေ့ပြောင်းနေထိုင်သူတွေ အစုံလိုက်အပြုံလိုက်၀◌င်ရောက်လာကြပါတယ်။ သူတို့အားလုံးဟာ ဘ၀ရှင်သန်ရေးအတွက် အလုပ်အကိုင်တွေကိုလည်း အပြိုင်အဆိုင်လုပ်ကိုင်နေကြပါတယ်။ အဲဒီလို အခြေနေတွေကြောင့် အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေက တိုးလာနေတယ်လို့ မဲဆောက်မှာရှိတဲ့ အလုပ်သမား အခွင့်အရေးတက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။