စစ်တပ်က အာဏာသိမ်းပြီးကတည်းက နိုင်ငံအနှံ့ ပြန့်နှံ့လာတဲ့ ပဋိပက္ခတွေဟာ ဝေးလံခေါင်သီပြီး ကြမ်းတမ်းတဲ့ နာဂဒေသတွေဆီကို မရောက်သေးပါဘူး။ ဒါပေမယ့် တိုက်ပွဲတွေရဲ့ ဆိုးကျိုးတွေကိုတော့ ဒေသခံတွေက သေချာပေါက် ခံစားနေရပါတယ်။ ကုန်စည်စီးဆင်းရေးလမ်းကြောင်းတွေ ပြတ်တောက်မှု၊ သယ်ယူပို့ဆောင်ရေးမှာ စစ်ကောင်စီရဲ့ ကန့်သတ်ချက်တွေများပြားလာမှု တွေကြောင့် ဆန်ဈေးတွေမြင့်တက်လာပြီး နာဂဒေသခံတွေဟာ စားနပ်ရိက္ခာပြတ်လပ်မှုနဲ့ရင်ဆိုင်နေရ ပါတယ်။ ဒီတစ်ပတ်ဆောင်းပါးကိုတော့Doh Athanရဲ့ အလွတ်တန်းသတင်းထောက်တစ်ဦးမှ တင်ဆက်ထားပါတယ်။