ပြည်တွင်းရဲ့ ပထမဆုံးတင်ဆက်တဲ့ အွန်လိုင်းအသံလွှင့် အစီအစဉ်တစ်ခုဖြစ်ပြီးတော့ ဒီအစီစဉ်ကနေ မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ ပြည်သူတွေနဲ့ သက်ဆိုင်တဲ့ လူ့အခွင့်အရေး အကြောင်းအရာတွေကို သိသာထင်ရှားအောင် တင်ပြသွားမှာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလက အငြင်းပွားဖွယ် ဖြစ်ခဲ့တဲ့ ရိုက်တာသတင်းထောက်နှစ်ဦး ဖမ်းဆီးခံခဲ့ရခြင်းက နိုင်ငံတကာရဲ့ အာရုံစိုက်မှုအများဆုံးခံခဲ့ရသလို ဝေဖန်မှုတွေလည်း အများကြီး ရရှိခဲ့ပါတယ်။
ပြည်သူတွေကြားပါ ပျံ့နှံ့လာတဲ့ ဂယက်ရိုက်မှုတွေလည်း ရှိလာတာကြောင့် ဒီတစ်ပတ် မှာတော့ မြန်မာနိုင်ငံရဲ့ စာနယ်ဇင်းလွတ်လပ်ခွင့် အခြေအနေနဲ့ ပတ်သတ်ပြီး ဒို့အသံက တင်ဆက်ပေးသွားမှာပါ။