သက်ကြီးရွယ်အိုတွေကို ပြုစုစောင့်ရှောက်ရတာက ပြည်တွင်းမှာတော့ ခက်ခဲတဲ့အခြေအနေတစ်ရပ် ဖြစ်လာပါပြီ။
ဒီလိုကိစ္စတွေထဲမှာ အများစုကတော့ ငွေကြေးပြဿနာကြောင့် မိသားစုကို စွန့်ခွာဖို့ တွန်းအားပေးခံကြရပါတယ်။
အဲဒီထဲက သက်ကြီးရွယ်အို တစ်ချို့ကတော့ လမ်းမပေါ်မှာ မိသားစုအတွက် တောင်းရမ်းရင်း ဘ၀ကို ကုန်ဆုံးကြရပါတယ်။
အချို့ကတော့ ဒီလိုသက်ကြီးရွယ်အိုတွေကို ပြုစုစောင့်ရှောက်ရေးဂေဟာတွေကို ပို့လိုက်ကြပြန်ပေမယ့် တစ်ချို့ဂေဟာတွေက သေသေချာချာ လည်ပတ်နေတာမျိုး မဟုတ်တဲ့အပြင် ငွေကြေးအင်အားပံ့ပိုးတာ တွေလည်း နည်းပါးတဲ့အတွက် အဖိုးအဖွားတွေက သူတို့ရဲ့ နေ၀င်ချိန်တွေကို ချို့ချို့ငဲ့ငဲ့နဲ့ ဖြတ်သန်းကြရပြန်ပါတယ်။
ဒီဆောင်းပါးအပြည့်အစုံကို လာမယ့် ဗုဒ္ဓဟူးနေ့မှာ တင်ဆက်ပေးသွားမှာ ဖြစ်လို့ ဒို့အသံ Podcast အစီအစဉ် ကို စောင့်မျှော်နားဆင်ကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်ရှင့်။
Caring for the elderly is a growing problem in Myanmar. Increasing numbers are being forced to leave their family home because they are a financial burden.
Some end up on the street where they are forced to beg and earn money for their family.
Many more are sent to badly run and poorly funded care centers where they are likely to spend the rest of their lives, effectively waiting to die.
Thank you for listening.