တိုင်းရင်းသားတွေအတွက် မြေယာအခွင့်အရေးတွေဟာ တနေ့ထက် တနေ့ ပိုပိုပြီး အငြင်းပွားဖွယ် ကိစ္စ တစ်ခု အသွင် ဖြစ်လာခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ နိုင်ငံတွင်းက နေရာတော်တော်များများက ဖွံ့ဖြိုးမှု ဖော်ဆောင်ဖို့ ပစ်မှတ်ထားခံလာရလို့ပါ။
လွန်ခဲ့တဲ့နှစ်တွေကတည်းက စပြီး တနင်္သာရီတိုင်းဒေသကြီးအတွင်း သစ်တောအသုံးပြုမှု အပေါ် ကန့်သတ်မှု နဲ့ မြေယာအသိမ်းခံရမှုတွေ ဖြစ်ပေါ်နေတဲ့အတွက် အဲ့ဒီမှာ နေထိုင်တဲ့ ဒေသခံတွေရဲ့အသက်မွေးဝမ်းကြောင်းအပေါ် ခြိမ်းခြောက်မှု အနေနဲ့ တွေ့ကြုံနေရတာ ကြောင့် ဌာနေတိုင်းရင်းသားတွေအတွက် အခွင့်အရေးတွေနဲ့ ပတ်သတ်ပြီး ဒို့အသံက ဒီတစ်ပတ်မှာ တင်ဆက်ပေးသွားမှာပါ။
ပြီးခဲ့တဲ့ အပတ်မှာတော့ Conservation Alliance of Tanawthari (CAT) ကနေ ထုတ်ပြန်စာ တစ်ခု ထုတ်ခဲ့ပါတယ်။ အဲဒီအထဲမှာတော့ နိုင်ငံတကာအဖွဲ့အစည်းတွေ အပါအ၀င် အစိုးရဘက်ကသစ်တောထိန်းသိမ်းဖို့ လုပ်ဆောင်ချက်တွေကြောင့် ဒီဒေသ က တိုင်းရင်းသားတွေကို သူတို့နေထိုင်တဲ့နေရာတွေနဲ့ အဲဒီက သံယံဇာတဆီကနေ ဖယ်ထုတ်ဖို့ ကြိုးပမ်းနေသလို ဖြစ်ကြောင်း သတိပေးဖော်ပြထားပါတယ်။
Land rights for ethnic groups are becoming an increasingly controversial issue in Myanmar as more and more areas of the country are targeted for development.
This week Doh Athan looks at the rights of indigenous peoples in Tanintharyi Region where land concessions and restrictions on forest use in recent years pose a grave threat to local livelihoods.
In a report released last week, the Conservation Alliance of Tanawthari warned the government’s designation of “Protected Areas” for forest reserves and efforts by international conservation groups risked cutting off local residents from land and resources.