ဒီတစ်ပတ်မှာတော့ အမျိုးသမီး လစဉ်သုံး ပစ္စည်းတွေကို အမျိုးသမီးထုတွေ ပိုမိုလက်လှမ်းမီဖို့အတွက် ကျေးလက်နေ အမျိုးသမီးတွေက ပူးပေါင်းလုပ်ဆောင်နေတာကို တင်ဆက်ပေးသွားမှာပါ။
သူတို့တွေ ထုတ်တဲ့ ပိတ်စနဲ့လုပ်တဲ့ လစဉ်သုံးပစ္စည်းတွေက ပြန်လည် လျှော်ဖွပ်ပြီး အသုံးပြုနိုင်တဲ့ အတွက် ကုန်ကျစရိတ်သက်သာမယ့် အပြင် ပတ်ဝန်းကျင်ကိုလည်း မထိခိုက်စေပါဘူး။ ဒါ့အပြင် ဒီလို ပစ္စည်းတွေက ရွှေ့ပြောင်းနေထိုင်ကြသူတွေနဲ့ ကျေးလက်နေအမျိုးသမီးတွေ အတွက် ပိုမို အကျိုးရှိစေတယ် လို့လည်း ပြည်သူ့ ကျန်းမာရေးအရာရှိအချို့က ပြောပါတယ်။
For this week’s episode we met a rural women's cooperative doing their part to make menstrual health products more accessible to all.
Their re-usable fabric pads are cheap and eco-friendly. Some public health officials say they could be beneficial for displaced or rural communities.