မင်္ဂလာပါရှင်။ ဒို့အသံ ပေါ့ကတ်စ် အစီအစဉ်ကနေ ကြိုဆိုပါတယ်။ ကျွန်မကတော့ အထက်ပါ။
သတင်းမီဒီယာရဲ့ အာရုံစိုက်မှု မြင့်တက်လာတာနဲ့ အမျှ မြန်မာနိုင်ငံမှာ အဓမ္မပြုကျင့်ခံရမှုနဲ့ ပတ်သတ်ပြီး သတင်းဖော်ပြမှုတွေ များလာပါတယ်။
ဒါပေမဲ့ ကိုယ်လက်အင်္ဂါ သို့မဟုတ် စိတ်ကျန်းမာရေးအခြေအနေ ချို့တဲ့နေတဲ့ အမျိုးသမီးတွေအပေါ် အဓမ္မပြုကျင့်မှုတွေကိုတော့ ရေးသားဖော်ပြမှု အားနည်းနေဆဲပါ။
ဒီလိုဖြစ်ရပ်ကို ကြုံတွေ့ခဲ့ရတဲ့ သူနှစ်ဦးကို ဒို့အသံက ဒီတစ်ပတ်မှာ တွေ့ဆုံမေးမြန်းထားပြီး ဒီလို ရွံရှာဖွယ် ဖြစ်ရပ်မျိုးတွေ ထပ်မဖြစ်အောင် ဘယ်လိုလုပ်ဆောင်ကြမလဲဆိုတာတွေကိုလည်း လေ့လာကြရမှာ ဖြစ်ပါတယ်။
နောက်ပြီး ဒီလို ဆိုးရွားတဲ့ ဖြစ်ရပ်ကို ကြုံတွေ့ခဲ့သူတွေကို ဘယ်လိုကူညီထောက်ပံ့တာမျိုးရှိသလဲ ဆိုတာကိုလည်း နားဆင်ကြရမှာပါ။
ဒါ့အပြင် မကြာသေးခင်က ရန်ကုန်မှာ ငြိမ်းချမ်းရေးအတွက် စီတန်းလမ်းလျှောက် ဆန္ဒထုတ်ဖော်ပွဲတွေကို ရဲတပ်ဖွဲ့က အင်အားသုံးနှိမ်နင်းမှု ဖြစ်ပွားခဲ့တဲ့အပေါ် ပြည်သူတွေရဲ့ အမြင်ကိုလည်း နားဆင်မှာ ဖြစ်ပါတယ်။
Mingalaba, welcome to Doh Athan, Myanmar’s only weekly podcast, I am A Htet.
The number of rape cases being reported in Myanmar is increasing, largely due greater publicity by the media.
But the rape of women with mental and physical disabilities largely goes unreported.
In week’s two-part podcast, Doh Athan speaks to two such victims and looks at what can be done to prevent such acts from happening. We also hear about the support being given to the victims of these crimes.
In part two we will share the views of people about the violent tactics used by police to control recent peaceful protests in Yangon.
Thank you for listening .