မင်္ဂလာပါရှင်။ ဒို့အသံ အပတ်စဉ် ပေါ့ကတ်စ် အစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။
ဒီတစ်ပတ်ရဲ့ ဒို့အသံ အစီအစဉ်မှာ အပိုင်း(၂)ပိုင်းခွဲကာ ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။
ဧပြီလအတွင်းက ကချင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့စစ်ပွဲတွေရဲ့နောက်ဆက်တွဲ ရလာဒ်အဖြစ် ကျောင်းဖွင့်ချိန် တိုင်အောင် ကျောင်းတက်ခွင့် ၊ ပညာသင်ယူခွင့် မရနေသေးတဲ့ စစ်ဘေးရှောင်ကလေးငယ်တွေ ရာနဲ့ချီ ရှိနေပါတယ်။ ဒီလိုအခက်ခဲတွေကြုံတွေ့နေရတဲ့ ကလေးငယ်တွေရဲ့ ပညာရေးအပေါ်ခံယူချက်တွေ၊ သူတို့စာသင်ခွင့်ရဖို့အတွက် ဘယ်လိုအခက်ခဲတွေကြုံတွေ့နေရလဲ။ သူတို့အတွက်ထောက်ပံ့မှုတွေကရော လုံလောက်ပါရဲ့လား ဆိုတာကိုဒို့အသံက ချဉ်းကပ်ရှာဖွေတင်ဆက်ထားပါတယ်။
ဒီဆောင်းပါး အပြည့်အစုံ ကို ဒို့အသံအစီအစဉ် အပိုင်း(၁)မှာ နားဆင်ရမှာဖြစ်ပါတယ်။
စစ်ပွဲတွေကြောင့်ထွက်ပြေးတိမ်းရှောင်လာရတဲ့ စစ်ဘေးရှောင်ပြည်သူတွေရဲ့ လတ်တလောကြုံတွေ့ အခက်ခဲတွေကိုလည်း ဒို့အသံအစီအစဉ်ရဲ့ အပိုင်း(၂)မှာ ဆက်လက်နားဆင်ရမှာဖြစ်ပါတယ်။
As the result of fighting in Kachin state, there are hundreds of refugee children who cannot go to school.
This week Doh Athan asked people how they believed these children should be educated, what difficulties they are facing and whether or not support for them is sufficient.
Today’s two-part episode also explains the current struggles refugees face due to conflict.