ရခိုင်ပြည်နယ်မှာဖြစ်ပွားခဲ့တဲ့ပြသနာတွေကြောင့် ပြီးခဲ့တဲ့နှစ်အတွင်း မြန်မာနိုင်ငံက သတင်းတွေဟာ ခေါင်းကြီးပိုင်းတွေမှာ နေရာယူခဲ့ပါတယ်။အစိုးရက ဘင်္ဂလားဒေ့ရှင်နိုင်ငံကို ထွက်ပြေးသွားခဲ့သူ ခုနှစ်သိန်းနီးပါးကို ပြန်လည်လက်ခံဖို့အဆင့်သင့်ဖြစ်ပြီးလို့ပြောနေချိန်မှာ နိုင်ငံတကာအဖွဲ့အစည်း တွေကတော့ သူတို့ပြန်လာဖို့အတွက် ပြုလုပ်ထားတာတွေက အထောက်အကူမဖြစ်သေးဘူးလို့ ဝေဖန်နေကြဆဲပါ။
ပြီးခဲ့တဲ့လက ဒို့အသံ က မြန်မာနိုင်ငံမြောက်ပိုင်းမှာရှိတဲ့ရခိုင်ပြည်နယ်ကိုသွားရောက်ပြီး ဒေသခံအဖွဲ့အစည်းတွေဖြစ်တဲ့ အစ္စလာမ်ဘာသာကိုးကွယ်သူ၊ ဗုဒ္ဓဘာသာကိုးကွယ်သူတွေနဲ့ တာဝန်ရှိသူတွေနဲ့တွေ့ဆုံပြီး ထွက်ပြေးသွားသူတွေပြန်လာရေးနဲ့ပတ်သက်ပြီး ဘယ်လိုခံစားချက် တွေရှိသလဲဆိုတာကို တွေ့ဆုံ မေးမြန်းခဲ့ပါတယ်။ဒီဆောင်းပါးအပြည့် အစုံကို နားဆင်နိုင်ပါပြီ။