ကချင်ပြည်နယ်၊ ၀ိုင်းမော်မြို့နယ်မှာရှိတဲ့ ကျေးရွာ(၃)ရွာက လယ်သမားတွေ မှီခိုနေတဲ့ စားကျက်မြေကို တရုတ်သူဌေးတစ်ဦးကိုရောင်းချတော့မှာ ဖြစ်တဲ့အတွက် စိုးရိမ်ပူပန်နေရတယ်လို့ ရွာသားတွေက ပြောကြားပါတယ်။ စားကျက်မြေကို ကျေးရွာနေရွာသားတစ်ဦးက ၀က်မွေးမြူရေးခြံလုပ်ရန်အတွက် ရောင်းချဖို့ ကြံရွယ်နေပြီး အဲဒီလို လုပ်ကိုင်မယ်ဆိုရင် ဒေသခံတွေအတွက် ထိခိုက်နစ်နာမှုတွေ ရှိနိုင်တယ်လို့ ရွာသားတွေကဆိုပါတယ်။ ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး သက်ဆိုင်ရာ တာဝန်ရှိသူတွေကို တိုင်ကြားထားပေမယ့် အကူညီအနည်းငယ်သာ ရရှိသေးတယ်လို့သိရပါတယ်။ ဒီဆောင်းပါး အပြည့်အစုံကို နားဆင်နိုင်ပါပြီ။
Residents of three villages in Waingmaw Township, Kachin State, have expressed concern that farmland that they rely on for their livelihoods will soon be sold to a group of wealthy Chinese businesspeople.
Villagers say another local resident plans to sell the land to be used to farm pigs, a move that would have a devastating impact on the local community. They say they have approached local authorities for help, but so far have had little support.