ဒီသီတင်းပတ်ဟာ စစ်အာဏာရှင်အစိုးရကို တစ်နိုင်ငံလုံးအုံကြွကန့်ကွက်ခဲ့ကြလို့ ဆိုရှယ်လစ်အစိုးရပြုတ်ကျ လုနီးပါးဖြစ်ခဲ့တဲ့ ရှစ်လေးလုံးအရေးတော်ပုံ အနှစ်(၃၀)ပြည့် နှစ်ပတ်လည် ဖြစ်ပါတယ်။ လပေါင်းများစွာကြာတဲ့ ဒီကန့်ကွက်ပွဲကြီးဟာ ၁၉၈၈စက်တင်ဘာလ မှာစစ်တပ်က အာဏာသိမ်းလိုက်တော့ ပြီးဆုံးခဲ့ရပါတယ်။
နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံရဲ့အကျော်ကြားဆုံး အမျိုးသမီး နိုင်ငံရေးအကျဉ်းသူတစ်ယောက်ဖြစ်ပါတယ်။ ဒါပေမယ့် အမျိုးသမီးပေါင်းများစွာကလည်း သူတို့ရဲ့နိုင်ငံရေးခံယူချက်တွေကြောင့် အကျဉ်းထောင်တွေထဲမှာ နေထိုင်ခဲ့ရပါတယ်။
ဒီတစ်ပတ်မှာတော့ ဒို့အသံက နိုင်ငံရေးအကျဉ်းသူအမျိုးသမီးတစ်ချို့ နဲ့တွေ့ဆုံပြီး နိုင်ငံရဲ့ ဒီမိုကရေစီအရေးလှုပ်ရှားမှုအတွင်းမှာ စွန့်လွှတ်အနစ်နာခံခဲ့တဲ့အကြောင်းအရင်းတွေကို တွေ့ဆုံမေးမြန်းခဲ့ပါတယ်။
ဆောင်းပါးကို အပေါင်း (၂)ပိုင်း ခွဲကာ ထုတ်လွှင့်ပေးခဲ့တာဖြစ်ပြီး အပိုင်း(၂)ကို နားဆင်နိုင်ပါပြီ။