မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ မိခင်အများစုဟာ မိခင်နို့တိုက်ကျွေးခြင်းကြောင့် မိခင်ရော ကလေးငယ်ပါ ရရှိနိုင်တဲ့ အကျိုးကျေးဇူးတွေ အထူးသဖြင့် မိခင်နို့ဟာ ကလေးငယ်တွေအတွက် မကြာခဏဖျားနာခြင်းမှလျော့ချပေးနိုင်သလို သို့မဟုတ် ရေရှည်ကျန်းမာရေးတိုးတက်ကောင်း မွန်ဖို့လည်း အထောက်အကူညီပြုစေနိုင်တာတွေကို သတိမထားမိတတ်ကြပါဘူး။
အဲဒီလို သတိမထားမိတာဟာ ကလေးနှို့မှုန့်လို့လူသိများတဲ့ မိခင်နို့အစားထိုး ရောင်းချတဲ့ကုမ္ပဏီတွေရဲ့ ဈေးကွက်မြှင့်တင်မှုတွေကြောင့်လည်း ပါဝင်ပါတယ်။
မိခင်လောင်းတွေရဲ့ မိခင်နို့တိုက်ကျွေးခြင်းနဲ့ ပတ်သက်ပြီး ဘာတွေသိထားကြလဲ။ နို့မှုန့်ကုမ္ပဏီကြီးတစ်ချို့ရဲ့ ဈေးကွက်နည်းဗျူဟာနဲ့ပတ်သက်ပြီး ရှာဖွေတင်ဆက်ထားမှုတွေကို ဒို့အသံက ထုတ်လွှင့်မယ့် အပိုင်း(၂)ပိုင်းမှာနားဆင်ရမှာပါ။
ဆောင်းပါး အပိုင်း (၂)ကို နားဆင်နိုင်ပါပြီ။