ဖေဖော်ဝါရီလအတွင်းက တနင်္သာရီတိုင်း ထားဝယ်မြို့နားက ကျေးရွာတစ်ခုမှာ ရွာသား ၉၀
ရာခိုင်နှုန်းခန့်က အမည်မသိတဲ့ ရောဂါတစ်ခုဖစ်ပွားပြီးတဲ့နောက်မှာတော့ ရွာသားတွေရဲ့
စိုးရိမ်မှုတွေကြီးထွားလာပါတယ်။ ရွာမှာအလုပ်လုပ်ကိုင်နေကြတဲ့ ကျန်းမာရေးဝန်ထမ်းတွေကတော့
ဒီရောဂါကို ဆင်တုတ်ကွေးရောဂါလို့ သတ်မှတ်ပါတယ်။ နာမကျန်းဖြစ်ခဲ့တဲ့ ရွာသားအများစုက
ပန်လည်ကောင်းမွန်လာပေမယ့် ရောဂါထပ်မံပြန့်ပွားနိုင်တဲ့အတွက် စိုးရိမ်း နေကြဆဲဖြစ်ပါတယ်။
ဒီတစ်ပတ်မှာတော့ ဒို့အသံရဲ့ မိတ်ဖက်မီဒီယာ Dawei Watch မီဒီယာက ဒီရောဂါကို တိုက်ဖျက်ဖို့အတွက်
အစိုးရရဲ့ဝန်ထမ်းတွေ လုံလောက်မှုမ ရှိဘူးလို့ ပြောဆိုနေကြတဲ့
ရွာသားတွေနဲ့တွေ့ဆုံမေးမြန်းထားပါတယ်။
ဒီဆောင်းပါးအပြည့်အစုံကို နားဆင်နိုင်ပါပြီ။