ကရင်ပြည်နယ်မှာရှိတဲ့ ထုံးကျောက်တောင်တွေကို သတ္တုတွင်းကုမ္ပဏီတွေက ဖောက်ခွဲမှုတွေကြောင့် ဒေသခံတွေက သူတို့မှီခိုနေတဲ့ မြစ်တွေ ၊ရေကန်တွေနဲ့ သစ်တောတွေအတွက် စိုးရိမ်မှုတွေရှိနေပါတယ်။ ကြီးမားတဲ့ မိုင်းလုပ်ငန်းတွေက တောင်တွေနားမှာနေထိုင်တဲ့သူတွေကို အလုပ်အကိုင်အခွင့်အလမ်းတွေဖန်တီးပေးပေမယ့် ဒေသခံတစ်ချို့ကတော့ သူတို့ဟာ သဘာဝသံယံဇာတတွေ ၊ လူနေမှုဘ၀တွေ၊ ဓလေ့ထုံးတမ်းတွေကို ဖျက်စီးနေတယ်လို့ ပြောဆိုကြပါတယ်။
ဒီတစ်ပတ်မှာတော့ မိတ်ဖက်မီဒီယာဖြစ်တဲ့ KIC နဲ့ ဒို့အသံတို့ဟာ ကရင်ပြည်နယ်ကို သွားရောက်ပြီး မိုင်းလုပ်ငန်းတွေနဲ့ စက်ရုံတွေကြောင့် သက်ရောက်မှုတွေရှိနိုင်တဲ့ ဒေသခံတွေနဲ့ တွေ့ဆုံကာ ဒီလုပ်ငန်းတွေကြောင့် သူတို့ဘာအကျိုးကျေးဇူးတွေရရှိလဲ။ ဘာတွေဆုံးရှုံးရနိုင်လဲ၊ တိုးတက်မှုတွေဘာတွေရှိနိုင်မလဲ ဆိုတာကို မေးမြန်းခဲ့ပါတယ်။
ဒီဆောင်းပါးအပြည့်အစုံကို နားဆင်နိုင်ပါပြီ။