Poem by me (ပန်းတွေကို ယုံပြီး မျက်လုံးတွေကို စုံမှိတ်ထားမိရင်တောင် ကြွေနေတဲ့ ရော်ရွက်ဝါတွေကိုတော့
ငါ နှစ်ခြိုက်စွာ ေငးမောကြည့်နေမိဦးမှာ
ငါ အများကြီးတကယ်မစဥ်းစားနိုင်ဘူး ဆွန်ညာ*
ငါ့ချင်ခြင်းတွေဟာ
ကဗျာတပုဒ် ရွတ်ဆိုချင်တာ
လက်ဖက်ရည်တခွက်သောက်ချင်တာ
နင့်နှုတ်ခမ်းတွေဆီ အလည်ရောက်ဖူးချင်တာ
ငါ့ခန္ဓာကိုယ်ကို ငှက္မွှေးလောက်
ပေါ့ပါးစေချင်တာ
ရံဖန်ရံခါ ယောကျာ်းတယောက် ဆံပင်တွေကို ထိုးဖွချင်မိတာ
အမြဲလိုလိုတော့ မနက်ခင်းတိုင်းကို
ငါ မနိုးထချင်မိတာ
ငါ့ကိုယ်ငါ အပြစ်ရှိတယ်လို့
အမြဲတစေ ခံယူနေချင်မိတာ
ငါ့ခါး ငါ့ရင်သား ငါ့လက္မောင်း နဲ့ ငါ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို ခုတ်ထစ်ချင်မိတာ
ငါ့ကိုယ်ပေါ်က အမာရွတ်တွေကို ပန်းတွေအဖြစ် အသွင်ပြောင်း ပွင့်လာစေချင်မိတာ
ငါ သွားရာလမ်းတလျှောက္မှာ ကြွေကျလုဆဲဆဲ သစ်ရွက်ဝါတွေနဲ့ အကြည့်ချင်းဆုံချင်မိတာ
ပန်းတွေကို ယုံပြီး မျက်လုံးတွေကို စုံမှိတ်ထားမိရင်တောင် ကြွေနေတဲ့ ရော်ရွက်ဝါတွေကိုတော့
ငါ နှစ်ခြိုက်စွာ ေငးမောကြည့်နေမိဦးမှာ
*အီလျာကာမင်းန်စကီးရဲ့ နားမကြားနိုင်ငံတော်ကဗျာထဲကဇာတ်ကောင်တယောက်အမည်
)