လက်ဖက်ရည်ချို . Laphatyaycho

လက်ဖက်ရည်ချို . Laphatyaycho

By ChoArtsBooks
Download on the App Store

လက်ဖက်ရည်ချို . Laphatyaycho episodes

  • ကမ္ဘာကြီး တစ်ပတ်လည်တယ် နှစ်ပတ်လည်တယ် သုံးပတ်လည်တယ်
    ကမ္ဘာကြီး တစ်ပတ်လည်တယ် နှစ်ပတ်လည်တယ် သုံးပတ်လည်တယ် တစ်နေ့ကို ထမင်းသုံးကြိမ်စားရလို့ ဝမ်းသာရတယ် တစ်ပတ်ကို ရုပ်ရှင် တစ်ကားကြည့်ရလို့ ပျော်ရတယ် ဆင်းရဲသားတွေပဲ စစ်တပ်ထဲကိုရောက် တိုက်ပွဲမှာသေရလို့ တော်ပါသေးရဲ့ဆိုပြီး ရင်ထဲက အလုံးကြီး ကျရတယ် သုံးရက်တစ်ခါလောက် လိင်ဆက်ဆံခွင့်ရ… တစ်နှစ်တစ်ခါလောက် ကဗျာ
    စာအုပ်ထုတ်ခွင့်ရလို့ကြည်နူးရတယ် သွားမရှိတော့တဲ့လူအိုတွေက သွား အတုတွေရှိနေလို့ဆက်ပြီး ဝါးခွင့်ရနေကြတယ် တစ်ချို့မိန်းမတွေက ယောက်ျားတွေမရှိတဲ့ကမ္ဘာကြီးမှာ နေခွင့်မရလို့ စိတ်မချမ်းမသာဖြစ်ကြရတယ် စိတ်ပြေလက်ပျောက်လုပ်စရာတွေရှိနေလို့ ဘာအဓိပ္ပာယ်မှမရှိတဲ့ ဘဝကြီးအကြောင်းကို မစဉ်းစားဖြစ်တော့လို့ ဖြေသာရတယ်
    ညဘက်မှာ နေမထွက်လို့ဝမ်းသာရတယ် လိပ်တွေမှာအခွံတွေ ရှိနေသေးလို့ပျော်ရတယ် စူပါဝင်းရှေ့မှာ တောင်းစားနေတဲ့လူဟာ ကိုယ်မဟုတ်လို့ ဖြေသာရတယ် ကားလမ်းပေါ်မှာ ပြားနေတဲ့ငှက်ဟာ ငါ မဟုတ်ပါလားဆိုပြီး ကျေနပ်ရတယ် ဆီးရီးယား ဒုက္ခသည်တွေဟာ ကိုယ်မဟုတ်လို့ ပထဝီနိုင်ငံရေး ဘာညာသာရကာ ရွှီးရွှမ်းခွင့်ရတယ် ဝယ်ထားတဲ့ ဖူးကိုးစာအုပ်တွေကို [ဖဘ]ပေါ် ဓာတ်ပုံရိုက်တင်ပြီး ကြွားခွင့်ရတယ် ငါလေးဟာ ငါလေး ဖြစ်နေသေးလို့တော်ပါသေးရဲ့ဆိုပြီး ကြည်နူး ဝမ်းသာအားရ ပီတိသောမနဿ ဖြစ်ရတယ်
    – အစိမ်းရောင်ပြယ်လာတဲ့စာအုပ်- ၂.၆
    (အစိမ်းရောင်စာအုပ် – မောင်ဒေး။ နှစ်ကာလများ – အောက်တိုဘာ၊ ၂၀၁၆။)
    2 min
  • အခြေအနေတွေက ပိုဆိုးလာလေလေ နှစ်ဆတိုးပြီး ကြိုးစားတည်ဆောက်ရလေလေ ငါမင်းကို ပိုချစ်လာလေလေပဲ
    **အခြေအနေတွေက ပိုဆိုးလာလေလေ နှစ်ဆတိုးပြီး ကြိုးစားတည်ဆောက်ရလေလေ
    ငါမင်းကို ပိုချစ်လာလေလေပဲ**
    ရခိုင်ကမ်းရိုးတန်း အဖျားက ကျောက်ဂူတစ်လုံးရဲ့အထဲမှာ အမြဲလင်းနေတဲ့မီးဆိုင်းကြီးတစ်ခုရှိပါတယ်
    နံရံပေါ်မှာ ပြေးလွှားနေတဲ့ အလင်းဝါဝါ အကွက်ငယ်လေးတွေဟာ
    တို့နှစ်ယောက်ရဲ့ နှမ်းစေ့ငယ်တွေ ပုစွန်ဆိတ်ကလေးတွေနဲ့ ရေညှိတွေအကြောင်းကို
    ၎င်းတို့ရဲ့အထဲမှာ မှတ်တမ်းတင်ထားကြတယ် ကမ်းရိုးတန်းတစ်နေရာက ဟိုတယ်ကိုရောက်တော့ မင်းက ငါ့ရဲ့ခန္ဓာကိုယ်ကို မင်းရဲ့ တံကောက်ခွက်ထဲ ထည့်ကြည့်တယ်
    ငါက မင်းကိုကိန်းဂဏန်းတွေ ပေါင်းပြတယ်
    ကမ္ဘာပျက် မယ့် ရက်ကို တွက်ပြတယ်
    အခြေအနေတွေက ပိုဆိုးလာလေလေ နှစ်ဆတိုး​ပြီး ကြိုးစား တည်ဆောက်ရလေလေ
    ငါမင်းကို ပိုချစ်လာလေလေပဲ
    မင်းတွယ်တာချင်တွယ်တာ ဒါမှမဟုတ် မင်းရဲ့တံကောက်ခွက်ပိုင်ရှင်ကို ငါတွယ်တာရမှာပေါ့
    ရွေးချယ်စရာ နည်းပါးလိုက်ပုံများ
    ငါ့ရဲ့ ခြေထောက်နှစ်ဖက်က မင်းရဲ့ခါးကို ညှပ်ပြီး သိုင်းထားတယ်ဆိုတာက
    အဲဒီခြေထောက်တွေအနေနဲ့ အဲဒီနေရာမှာ ရှိကိုရှိနေရမှာမို့ပါပဲ
    ရှုခင်းသာဆိုပြီး အမည်ပေး သတ်မှတ်ထားတဲ့ နေရာတွေက တစ်ကွေ့ ကွေ့လိုက်တိုင်း ပေါ်ထွက်လာကြတယ်
    ကားလမ်းရဲ့ အထက်တည့်တည့်မှာ ငါတို့ဝါးဖောင်စီးပြီး မျောကြတယ်
    အချိုမှုန့်တွေ အသားကုန် သုံးတဲ့ စားသောက်ဆိုင်တွေ ဘာအကြောင်းတွေးလဲ
    နယ်စပ်ကိုနေ့စဥ် ဖြတ်ကူးနေတဲ့ မော်တော်ကားတွေ ဘာအကြောင်းတွေးလဲ
    မင်းအကြောင်းပဲပေါ့
    မင်းအကြောင်းကို တွေးဖို့ သူတို့တွေးတာပေါ့
    ကြက်သွန်ဥကြီးတစ်လုံးနဲ့ တူတဲ့ခေတ်ကြီးရဲ့ အလွှာတွေထဲမှာ ငါ့ရဲ့တင်ပါးအထက်က ချိုင့်ခွက်ကလေးထဲမင်းကို ပေးဝင်မှာပေါ့
    ကမ်းရိုးတန်းကြီးကို တို့ ဘယ်နားမှာထားခဲ့မလဲ
    -မောင်ဒေး-
    2 min

About လက်ဖက်ရည်ချို . Laphatyaycho

From the publisher's feed

ကဗျာ တကျိုက်လောက် ဝင်မော့ သွားပါဦးလား