လက်ဖက်ရည်ချို . Laphatyaycho

လက်ဖက်ရည်ချို . Laphatyaycho

By ChoArtsBooks
Download on the App Store

လက်ဖက်ရည်ချို . Laphatyaycho episodes

  • ဟယ်လိုကော့ပါးနီးကပ်စ် 1
    ယောက်ျားတစ်ယောက်ရဲ့နှုတ်ခမ်းနဲ့ ထိလိုက်တာနဲ့ မီးနဲ့ထိတဲ့ ဖယောင်းလို ပျော်ကျသွားတဲ့ မိန်းမတွေရှိတယ်။ သူတို့ဟာ မျက်စိကိုမှိတ်ပစ်လိုက်ကြတယ်။ သူတို့ဟာ တိုးတိုးလေးညည်းတွားပြီး ပွင့်အာလာတဲ့နှင်းဆီတွေ ဖြစ်သွားတယ်။ လေကိုချုပ်နှောင်ထားရာက လွှတ်လိုက်သလို သူတို့စိတ်တွေကို လွှတ်ပေးလိုက်တယ်။ ယောက်ျားတစ်ယောက်ဟာ အဲသလိုမိန်းမမျိုးကို တစ်ယောက် ဒါမှမဟုတ် နှစ်ယောက်သုံးယောက်လောက် ကြုံဖူးနိုင်တယ်။ အများကြီးတော့ တွေ့မှာမဟုတ်ဘူး။ လူတစ်ယောက်ဟာ သူ့ဘဝမှာ ငိုနေတဲ့ဘုန်းကြီး ဒါမှမဟုတ် ပက်လက်လန်နေတဲ့မြင်းတစ်ကောင်ကို အကြိမ်များများ မတွေ့နိုင်သလိုပေါ့။ နောက်တစ်ခုကတော့ ယောက်ျားတစ်ယောက်ဟာ အဲသလိုမိန်းမမျိုးဆီက အခွင့်အရေးရတာနဲ့ အချိုးအဆညီတဲ့ နောင်တနဲ့ဝမ်းနည်းမှုကိုပါ ပြန်ရတတ်တယ်။ ဘယ်သူ့ဘဝမဆိုပေါ့ နှံပြည်စုတ်ငှက်ကလေးရဲ့ဘဝကအစ အသေးစိတ်ကလေးတွေနဲ့ အပြည့်ပါပဲ။ ငှက်ကလေးရဲ့သေးငယ်တဲ့ဘဝထဲမှာလည်း အကြိမ်ကြိမ် မိတ်လိုက်တာတွေ၊ မုဆိုးရဲ့လက်ခုပ်ထဲက လွတ်မြောက်ခဲ့တာတွေ၊ နှလုံးပိစိညှောင့်တောင့်လေးဟာ တဇတ်ဇတ်ခုန်နေတာတွေ ရှိနေသလိုပဲပေါ့။ ယောက်ျားတွေကတော့ များသောအားဖြင့် မျက်နှာတွေ နီရဲလာတာပဲ။ ဖဲရှုံးလာတဲ့သူဟာ မျက်နှာကြီးနီလာသလိုပေါ့။ ကိုယ့်ရှေ့က ခုံကိုထုတယ်။ ကိုယ့်ရှေ့ကလူကို အရက်ခွက်နဲ့ လှမ်းပက်တယ်။ ဒီဘဲတွေက ရှုံးတာကို ရှက်ကြတယ်။ သူတို့လက်သီးဆုပ်ထဲကနေ ငှက်ကလေးလွတ်သွားတာကို သူတို့ရှက်ကြတယ်။ ရုပ်ထုရဲ့ကိုယ်ထဲက ကလီစာလို သူတို့ကိုယ်ထဲမှာ အချစ်ဟာ အေးစက်နေတယ်။ ဒီဘဲတွေဟာ နှင်းဆီပွင့်တွေကို ထွေးထုတ်တယ်။ မြင်းကတ်လို သူ့ကိုယ်ပေါ်ကလူကို ခါချတယ်။ အမှန်တော့ ဒီဘဲတွေဟာ သနားစရာကောင်းတယ်။
    #အောင်ခင်မြင့်
    2 min

About လက်ဖက်ရည်ချို . Laphatyaycho

From the publisher's feed

ကဗျာ တကျိုက်လောက် ဝင်မော့ သွားပါဦးလား