Sign up to save your podcastsEmail addressPasswordRegisterOrContinue with GoogleAlready have an account? Log in here.
ဗွီအိုအေ မြန်မာဌာန၏ နေ့စဉ်တီဗွီသတင်းလွှာကို ည ၇ နာရီမှ ၇ နာရီခွဲအထိ နေ့စဉ် တိုက်ရိုက် ထုတ်လွှင့်ပေးနေပါသည်။... more
FAQs about နေ့စဉ် တီဗွီသတင်းလွှာ - ဗွီအိုအေ:How many episodes does နေ့စဉ် တီဗွီသတင်းလွှာ - ဗွီအိုအေ have?The podcast currently has 1,633 episodes available.
November 27, 2022ဗွီအိုအေ မြန်မာညချမ်း၊ နိုဝင်ဘာ ၂၆ ရက်၊ ၂၀၂၂ - နိုဝင်ဘာ ၂၇, ၂၀၂၂မြန်မာစစ်အာဏာသိမ်းကာလအွန်လိုင်းပညာရေးအတွက် ထောက်ကူပြုနေတဲ့ 360edကုမ္ပဏီ၊တရုတ်မှာကိုဗစ်ကန့်သတ်မှုဆန့်ကျင်တဲ့ဆန္ဒပြပွဲတွေဆက်လက် ဖြစ်ပေါ်နေစတာတွေနဲ့အတူ ကမ္ဘာတလွှားခရီးသွား၊ကမ္ဘာ့မြန်မာ့ မီဒီယာမြင်ကွင်း၊ မြန်မာပြည်မှပေးစာများ၊ISP မြန်မာရဲ့ မြင်ကွင်းကျယ်မှတ်စုများ၊ထူးခြားဆန်းပြားသတင်းများတို့ကိုနားဆက်ကြရမှာပါ။...more1hPlay
November 25, 2022နေ့စဉ် တီဗွီသတင်းလွှာ (နိုဝင်ဘာ ၂၅၊ ၂၀၂၂) - နိုဝင်ဘာ ၂၅, ၂၀၂၂ရုရှား တိုက်ခိုက်မှုကြောင့် ယူကရိန်းမြို့တော်မှာ လူဦးရေ တဝက်လောက် လျှပ်စစ်မီးမရ၊ ကုန်ဈေးနှုန်း ကျဆင်းအောင် ဦးစားပေး ကြိုးပမ်းမယ်လို့ မလေးရှားဝန်ကြီးချုပ်သစ် ပြောကြား၊ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုပပျောက်ရေး ကမ္ဘာလုံးဆိုင်ရာနေ့မှာ မြန်မာနိုင်ငံတွင်း အကြမ်းဖက်ခံရတဲ့ အမျိုးသမီးတွေရဲ့ အခြေအနေတွေကို မီးမှောင်းထိုးပြ စတဲ့ နောက်ဆုံးရ သတင်းတွေအပြင် အပတ်စဉ် သတင်းဆောင်းပါးတွေ တင်ဆက်ထားပါတယ်။...more30minPlay
November 24, 2022နေ့စဉ် တီဗွီသတင်းလွှာ (နိုဝင်ဘာ၂၄၊၂၀၂၂) - နိုဝင်ဘာ ၂၄, ၂၀၂၂ပြုပြင်ပြောင်းလဲရေး လိုလားတဲ့ မလေးရှား အတိုက်အခံခေါင်းဆောင် Anwar Ibrahim ဒီကနေ့ ဝန်ကြီးချုပ်အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုပါတယ်။ VOA မြန်မာပိုင်းရဲ့ ပင်တိုင်ဆောင်ပါးရှင် သတင်းစာဆရာ ဦးစည်သူအောင်မြင့်ကို တပ်မတော်ပြိုကွဲအောင်လှုံဆော်မှု ပုဒ်မ ၅၀၅(က) နဲ့ နောက်ထပ်အလုပ်နဲ့ ထောင်ဒဏ် နှစ်နှစ်အမိန့်ချမှတ်လိုက်ပါတယ်။ ဒီသတင်းနဲ့အတူ တွေ့ဆုံမေးမြန်းခန်းတခုနဲ့ လူမှုကွန်ယက်ပေါ်က လူကြည့်များသတင်းတိုများ အစီအစဉ်တွေကို တင်ဆက်ပေးပါမယ်။...more30minPlay
November 23, 2022နေ့စဉ် တီဗွီသတင်းလွှာ (နိုဝင်ဘာ၂၃၊၂၀၂၂) - နိုဝင်ဘာ ၂၃, ၂၀၂၂ယူကရိန်းနိုင်ငံ Zaporizhzhia နျူကလီးယား ဓါတ်အားပေးစက်ရုံ ဘေးကင်းလုံခြုံမှုအတွက် IAEA အကြီးအကဲနဲ့ ရုရှားကိုယ်စားလှယ်တို့ တူရကီနိုင်ငံ၊ အစ္စတန်ဘူမြို့မှာ တွေ့ဆုံခဲ့ပါတယ်။ အာဆီယံကာကွယ်ရေးဝန်ကြီးများနဲ့ မိတ်ဖက်နိုင်ငံများအစည်းအဝေးကို မြန်မာဖက်က ကိုယ်စားပြုသူမပါပဲ ကမ္ဘောဒီးယားနိုင်ငံမှာ ကျင်းပခဲ့ကြပါတယ်။ ဒီသတင်းနဲ့အတူ သတင်းဆောင်းပါးတွေနဲ့ တပတ်အတွင်းအားကစားအစီအစဉ်ကို တင်ဆက်ပေးပါမယ်။...more30minPlay
November 22, 2022နေ့စဉ် တီဗွီသတင်းလွှာ (နိုဝင်ဘာ ၂၂၊၂၀၂၂) - နိုဝင်ဘာ ၂၂, ၂၀၂၂ယူကရိန်းပြည်သူတွေအနေနဲ့ စွမ်းအင်ချွေတာသုံးစွဲကြဖို့ ယူကရိန်းသမ္မတက မေတ္တာရပ်ခံခဲ့သလို၊ ယူကရိန်းမှာ အခုလာမယ့် ဆောင်းတွင်း လူသားရပ်တည်မှုအကျပ်အတည်းဘေးဆိုးကြီးတခု ရင်ဆိုင်ရနိုင်တယ်လို့ ကုလသမဂ္ဂ ကျန်းမာရေးအဖွဲ့က သတိပေးနေပါတယ်။ အမေရိကန်ဒုတိယသမ္မတ Kamala Harris ဟာ တောင်အာရှပင်လယ်ဒေသ အစွန်းနေရာ ဖိလစ်ပိုင်မြောက်ပိုင်ကျွန်းစုဒေသကို ဒီကနေ သွားရောက်ပါတယ်။ ဒီသတင်းနဲ့အတူ သတင်းဆောင်းပါးနဲ့ အပတ်စဉ်အစီအစဉ်တွေ တင်ဆက်ပေးပါမယ်။...more30minPlay
November 21, 2022နေ့စဉ် တီဗွီသတင်းလွှာ (နိုဝင်ဘာ ၂၁၊၂၀၂၂) - နိုဝင်ဘာ ၂၁, ၂၀၂၂ယူကရိန်းနိုင်ငံက Zaporizhzhia နူကလီယားဓါတ်ပေါင်းဖိုဝန်းကျင်ကို နှစ်ရက်ကြာလက်နက်ကြီးတွေနဲ့ တိုက်ခိုက်ခံရတဲ့အပေါ် နူကလီယားဘေးအန္တရာယ်ကျရောက်နိုင်ချေရှိမရှိ IAEA က စုံစမ်းစစ်ဆေးဖို့ ပြင်နေပါတယ်။ မြန်မာစစ်ကောင်စီဆက်နွယ်ပတ်သက်သူတွေကို စီးပွားရေးအရ အရေးယူဒဏ်ခတ်ဖို့ မြန်မာ့လူအခွင့်အရေးဆိုင်ရာ ကုလအထူးကိုယ်စားလှယ်က တောင်ကိုရီယားနိုင်ငံကို တိုက်တွန်းပါတယ်။ ဒီသတင်းနဲ့ သတင်းဆောင်းပါးတွေ တင်ဆက်ပေးပါမယ်။...more30minPlay
November 18, 2022နေ့စဉ် တီဗွီသတင်းလွှာ (နိုဝင်ဘာ၁၈၊၂၀၂၂) - နိုဝင်ဘာ ၁၈, ၂၀၂၂မြောက်ကိုရီးယားနိုင်ငံက တိုက်ချင်းပစ်မစ်ဇိုင်းဒုံးတခု ဒီကနေ့ သောကြာနေ့မှာ ပစ်ခဲ့တာ ဂျပန်ရေပိုင်နက်အထိရောက်ခဲ့ပုံရတယ်လို့ ဂျပန်နဲ့ တောင်ကိုရီးယားနိုင်ငံတို့က ပြောကြားခဲ့ပါတယ်။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်မှာ ကျင်းပနေတဲ့ အာရှ Pacific ဒေသစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု APEC ထိပ်သီး ညီလာခံမှာ ဒီနေ့ ခေါင်းဆောင်တွေ အလွတ်သဘော တွေ့ဆုံခဲ့ကြပါတယ်။ ဒီ သတင်းနဲ့အတူ ဆက်သွယ်မေးမြန်းခန်းနဲ့ အပတ်စဉ်အစီအစဉ်တွေ တင်ဆက်ပေးပါမယ်။...more30minPlay
November 17, 2022နေ့စဉ် တီဗွီသတင်းလွှာ (နိုဝင်ဘာ၁၇၊၂၀၂၂) - နိုဝင်ဘာ ၁၇, ၂၀၂၂ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွားရေးအကြံပေး ဩစတေးသျှနိုင်ငံသား မစ္စတာရှောင်တာနယ်အပါအဝင် ထင်ရှားတဲ့နိုင်ငံရေးအကျဉ်းသားတချို့ကို မြန်မာစစ်ကောင်စီက သတ်မှတ်ချက်စည်းမျဉ်းနဲ့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးလိုက်ပါတယ်။ ကြာသပတေးနေ့ မြောက်ကိုရီးယားက အရှေ့ဘက် ရေပြင်ဘက်ကို ဦးတည်ပြီးတော့ တာတိုပစ် ပဲ့ထိန်းဒုံးကျည်တစင်း ပစ်လွှတ်ခဲ့ပါတယ်။ ဒီသတင်းတွေနဲ့အတူ တွေ့ဆုံမေးမြန်းခန်းနဲ့ အပတ်စဉ်အစီအစဉ်တခု တင်ဆက်ပေးပါမယ်။...more30minPlay
November 16, 2022နေ့စဉ် တီဗွီသတင်းလွှာ (နိုဝင်ဘာ ၁၆၊၂၀၂၂) - နိုဝင်ဘာ ၁၆, ၂၀၂၂G20 ထိပ်သီးညီလာခံအပြီး ကြေညာချက်မှာတော့ ယူကရိန်းအပေး ရုရှားကျူးကျော်စစ်ကို ပြင်းပြင်းထန်ထန်ဝေဖန်လိုက်ပြီး၊ ရုရှားတပ်တွေ ခြွင်းချက်မရှိ ပြန်ရုပ်ဖို့ တောင်းဆိုထားပါတယ်။ ယူကရိန်းနယ်စပ် ပိုလန်နိုင်ငံထဲကို ဒုံးကျည်ကျရောက်ပေါက်ကွဲတာကြောင့် NATO နဲ့ G7 ခေါင်းဆောင်တွေ အရေးပေါ်အစည်းအဝေးခေါ်ယူခဲ့ရပြီး၊ ကနဦးတွေ့ရှိချက်အရတော့ ဒါဟာ ယူကရိန်းရဲ့လေကြောင်းကာကွယ်ရေးဒုံးဖြစ်တယ်လို့ ဆိုပါတယ်။ ဒီသတင်းနဲ့ သတင်းဆောင်းပါးတွေ တင်ဆက်ပေးပါမယ်။...more30minPlay
November 15, 2022နေ့စဉ် တီဗွီသတင်းလွှာ (နိုဝင်ဘာ၁၅၊၂၀၂၂) - နိုဝင်ဘာ ၁၅, ၂၀၂၂ယူကရိန်းစစ်ကြောင့် အကွဲအကွဲအပြားပြားရှိနေချိန်မှာပဲ အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းမှာ G20 ကမ္ဘာ့စီးပွားအင်အားကြီးနိုင်ငံက ခေါင်းဆောင်တွေ အခုအင်္ဂါနေ့ စုဝေး စည်းဝေးနေကြပါပြီ။ စစ်တပ်က အာဏာသိမ်းပြီးပြီးချင်း ဖမ်းဆီးခံခဲ့ရတဲ့ ဒါရိုက်တာမင်းထင်ကိုကိုကြီး ပြန်လွတ်မြောက်လာတယ်လို့ နီးစပ်သူတွေက ပြောပါတယ်။ ဒီသတင်းနဲ့အတူ ဆက်သွယ်မေမြန်းချက်နဲ့ အပတ်စဉ်အစီအစဉ်တခု တင်ဆက်ပေးပါမယ်။...more30minPlay
FAQs about နေ့စဉ် တီဗွီသတင်းလွှာ - ဗွီအိုအေ:How many episodes does နေ့စဉ် တီဗွီသတင်းလွှာ - ဗွီအိုအေ have?The podcast currently has 1,633 episodes available.