Sign up to save your podcastsEmail addressPasswordRegisterOrContinue with GoogleAlready have an account? Log in here.
ဗွီအိုအေ မြန်မာဌာန၏ နေ့စဉ်တီဗွီသတင်းလွှာကို ည ၇ နာရီမှ ၇ နာရီခွဲအထိ နေ့စဉ် တိုက်ရိုက် ထုတ်လွှင့်ပေးနေပါသည်။... more
FAQs about နေ့စဉ် တီဗွီသတင်းလွှာ - ဗွီအိုအေ:How many episodes does နေ့စဉ် တီဗွီသတင်းလွှာ - ဗွီအိုအေ have?The podcast currently has 1,633 episodes available.
November 14, 2022နေ့စဉ် တီဗွီသတင်းလွှာ (နိုဝင်ဘာ၁၄၊၂၀၂၂) - နိုဝင်ဘာ ၁၄, ၂၀၂၂အမေရိကန်နဲ့ တရုတ် နှစ်နိုင်ငံအကြား အပြန်အလှန် ပူးပေါင်းဆောင်ရွက်ဖို့ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင် က တရုတ် သမ္မတ ရှီကျင်းပင် နဲ့ တွေ့ဆုံစဉ် ပြောကြားသွားပါတယ်။ ယူကရိန်းတောင်ပိုင်း Kherson မြို့မှာ ယူကရိန်းတပ်တွေကို သမ္မတ Volodymyr Zelenskyy မိန့်ခွန်းပြောရာမှာ ယူကရိန်းတတိုင်းပြည်လုံးရဲ့ ငြိမ်းချမ်းရေးအတွက် အဆင်သင့်ရှိတယ်လို့ ဆိုပါတယ်။ ဒီသတင်းနဲ့အတူ သတင်းပေးပို့ချက် သတင်းဆောင်းပါးတွေ တင်ဆက်ပေးပါမယ်။...more30minPlay
November 11, 2022နေ့စဉ် တီဗွီသတင်းလွှာ (နိုဝင်ဘာ ၁၁၊၂၀၂၂) - နိုဝင်ဘာ ၁၁, ၂၀၂၂အာဆီယံအသင်းကြီးရဲ့ အဖွဲ့ဝင် ၁၁နိုင်ငံမြောက်အဖြစ် အရှေ့တီမောကို မူအားဖြင့် လက်ခံဖို့ အာဆီယံခေါင်းဆောင်တွေ ဆုံးဖြတ်ခဲ့ကြပါတယ်။ မြန်မာ့အရေးအာဆီယံသဘောတူညီချက် ၅ရပ်ဟာ တိုးတက်မှုမရှိသလောက်ဖြစ်နေတာမို့၊ ဒီအတွက် အချိန်ကာလသတ်မှတ်ချက်ထားပြီး လက်တွ့ကျကျ ခိုင်ခိုင်မာမာဖြစ်အောင် ဆောင်ရွက်ဖို့ လိုအပ်တယ်လို့ အာဆီယံထိပ်သီးတွေ ဆုံးဖြတ်ခဲ့ပါတယ်။ ဒီသတင်းတွေနဲ့အတူ သတင်းဆောင်းပါးနဲ့ အပတ်စဉ်အစီအစဉ်တွေ တင်ဆက်ပေးပါမယ်။...more30minPlay
November 10, 2022နေ့စဉ် တီဗွီသတင်းလွှာ(နိုဝင်ဘာ ၁၀၊၂၀၂၂) - နိုဝင်ဘာ ၁၀, ၂၀၂၂အရှေ့တောင်အာရှနိုင်ငံများအသင်း ASEAN ထိပ်သီးညီလာခံကို တတ်ရောက်လာတဲ့ အာဆီယံခေါင်းဆောင်တွေဟာ ကမ္ဘောဒီယားဘုရင် Norodom Sihamoni ကို ဒီကနေ့ သွားရောက်တွေ့ဆုံ နှုတ်ဆက်ကြပါတယ်။ မြန်မာနိုင်ငံတွင်း လုံခြုံရေးနဲ့ ဆိုးဆိုးဝါးဝါးလူမှုရပ်တည်ရေးအခက်အခဲတွေကြောင့် ဩစတေးသျှနိုင်ငံကို ရောက်နေကြတဲ့ မြန်မာနိုင်ငံသားတွေကို လူသားချင်းစာနာမှုအရ နေထိုင်ခွင့်ဗီဇာတွေ ဆက်ထုတ်ပေးသွားမယ်လို့ ဩစတေးသျှက ကြေညာပါတယ်။ ဒီသတင်းနဲ့ သတင်းဆောင်းပါးတွေ တင်ဆက်ပေးပါမယ်။...more30minPlay
November 09, 2022နေ့စဉ် တီဗွီသတင်းလွှာ (နိုဝင်ဘာ ၉၊၂၀၂၂) - နိုဝင်ဘာ ၀၉, ၂၀၂၂အမေရိကန် သမ္မတသက်တမ်းဝက် ရွေးကောက်ပွဲ ကနဦးရလဒ်တွေမှာ ရီပတ်ပလင်ကန်ပါတီက အောက်လွှတ်တော်မှာထိန်းချုပ်နိုင်ဖို့ မျှော်လင့်ရပြီး၊ အထက်လွှတ်တော် ရလဒ်မှာတော့ သဲသဲကွဲကွဲမရှိသေးပါဘူး။ မြန်မာစစ်တပ်ရဲ့ စစ်လက်နက်ပစ္စည်းဝယ်ယူမှုပိုင်းမှာ ပါဝင်ပတ်သက်နေတဲ့ Sky Aviator ကုမ္ပဏီနဲ့ ဒီကုမ္ပဏီပိုင်ဆိုင်သူဦးကျော်မင်းဦးတို့ကို အမေရိကန်ပြည်ထောင်စုရဲ့ အရေးယူပစ်မှတ်ထားဒဏ်ခတ်စာရင်းထဲ ထည့်သွင်းလိုက်ပါတယ်။ ဒီသတင်းနဲ့အတူ သတင်းဆောင်းပါးတွေ တင်ဆက်မှာပါ။...more30minPlay
November 08, 2022နေ့စဉ် တီဗွီသတင်းလွှာ (နိုဝင်ဘာ ၈၊၂၀၂၂) - နိုဝင်ဘာ ၀၈, ၂၀၂၂အမေရိကန်အထက်နဲ့ အောက်လွှတ်တော်တွေမှာ ဒီမိုကရက်ပါတီက အများစုနဲ့ ဆက်ပြီး ထိန်းချုပ်ထားနိုင်မလား၊ လက်လွှတ်ရမလားဆိုတာကို အဆုံးအဖြတ်ပေးမယ် အမေရိကန်အစိုးရသက်တမ်းဝက် ရွေးကောက်ပွဲတွေကို အရှေ့ခြမ်းပြည်နယ်တွေမှာ စတင်ကျင်းပနေပါပြီ။ လွန်ခဲ့တဲ့ ၂ နှစ်က မြန်မာ့ရွေးကောက်ပွဲဟာ မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီ သန္နိဋ္ဌာန်ကို ထပ်လောင်းအတည်ပြုခဲ့တဲ့ ရွေးကာက်ပွဲဖြစ်ပြီး မဲဆန္ဒရှင်တွေရဲ့ ဆန္ဒကို အာဏာရှင်တွေဘက်က တားဆီးပိတ်ပင်ခဲ့တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken က သတင်းထုတ်ပြန်ပါတယ်။ ဒီသတင်းတွေနဲ့အတူ သတင်းဆောင်းပါးတွေ တင်ဆက်မှာပါ။...more30minPlay
November 07, 2022နေ့စဉ် တီဗွီသတင်းလွှာ (နိုဝင်ဘာ ၇၊ ၂၀၂၂) - နိုဝင်ဘာ ၀၇, ၂၀၂၂ယူကရိန်းစစ်ပွဲအတွင်း ရုရှားဖက်က အတွေ့အကြုံရှိတဲ့ လေသူရဲတွေဆုံးရှုံးတာကြောင့် ရုရှားရဲ့ လေကြောင်းစိုးမိုးမှုအားနည်းလာစေတယ်လို့ ဗြိတိန်ကာကွယ်ရေးဌာနက ထုတ်ပြန်ပါတယ်။ နိုဝင်ဘာ ဒုတိယပတ်အတွင်း ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်ပင်မြို့မှာ ကျင်းပမယ့် အာဆီယံထိပ်သီးအစည်းဝေးအတွင်း မြန်မာ့အရေးဟာ ထိပ်တန်းဦးစားပေးဆွေးနွေးမယ့်အကြောင်းအရာတခုဖြစ်မယ်လို့ ဒေသတွင်းအကဲခတ်တွေကခန့်မှန်းပါတယ်။ ဒီသတင်းနဲ့အတူ မနက်ဖြန်ကျင်းပမယ့် အမေရိကန် သက်တမ်းဝက်ရွေးကောက်ပွဲဆိုင်ရာသတင်းလွှာတွေ တင်ဆက်ပေးပါမယ်။...more30minPlay
November 04, 2022နေ့စဉ် တီဗွီသတင်းလွှာ (နိုဝင်ဘာ ၄၊၂၀၂၂) - နိုဝင်ဘာ ၀၄, ၂၀၂၂ယူကရိန်းစစ်ပွဲမှာ ထွက်ပြေးကြတဲ့ သူ့စစ်သားတွေကို ပစ်သတ်ဖို့ ရုရှားက အသင့်ပြင်ထားပုံရတယ်လို့ ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့က ကချင်ကျမ်းစာသင်ကျောင်းတကျောင်းထဲ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲလို့ ကျောင်းသားလေးဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ ဒီသတင်းနဲ့အတူ အပတ်စဉ်အစီအစဉ်တွေ တင်ဆက်မှာပါ။...more30minPlay
November 03, 2022နေ့စဉ် တီဗွီသတင်းလွှာ (နိုဝင်ဘာလ ၃၊၂၀၂၂) - နိုဝင်ဘာ ၀၃, ၂၀၂၂ရုရှားရဲ့ လက်နက်ကြီးတွေနဲ့ တိုက်ခိုက်မှုကြောင့် Zaporishzhia မှာရှိတဲ့ ဥရောပရဲ့အကြီးဆုံး နူကလီးယားဓါတ်ပေါင်းဖိုအတွက် စွမ်းအင်အထောက်အပံ့လမ်းကြောင်းတွေ ပျက်စီးကုန်တယ်လို့ ယူကရိန်း စစ်ဖက်အကြီးအကဲက ပြောပါတယ်။ မြန်မာနိုင်ငံကို လေယဉ်ဆီ တင်ပို့မှုဟာ စစ်ရာဇဝတ်မှုနဲ့ ဆက်စပ်နေတယ်လို့ AI လူ့အခွင့်အရေးအဖွဲ့ကြီးက သတိပေးပါတယ်။ ဒီသတင်းတွေနဲ့အတူ သတင်းပေးပို့ချက်နဲ့ သတင်းဆောင်းပါးတွေ တင်ဆက်ပေးပါမယ်။...more30minPlay
November 02, 2022နေ့စဉ် တီဗွီသတင်းလွှာ (နိုဝင်ဘာ ၂၊၂၀၂၂) - နိုဝင်ဘာ ၀၂, ၂၀၂၂မြောက်ကိုရီယားနိုင်ငံဟာ ဒုံးကျည် ၂၃ လုံးထက်မနည်း စမ်းသပ်ပစ်လွှတ်ခဲ့ပြီး၊ တောင်ကိုရီယားပိုင်နယ်နမိတ်ထဲကို ၃ လုံးထက်မနည်း ကျရောက်ခဲ့ပါတယ်။ မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့ရေးမှာ ဩစတေးလျနိုင်ငံ ဘက်က စဉ်းစားနေတာတွေရှိပြီး၊ လူသိရှင်ကြားထုတ်ဖော်ပြောတာမျိုးမလုပ်ဘူးလို့ ဩစတေးလျနိုင်ငံခြားရေးဝန်ကြီး Penny Wong က ပြောဆိုသွားပါတယ်။ ဒီသတင်းနဲ့အတူ သတင်းဆောင်းပါးတွေနဲ့ အပတ်စဉ်အားကစားအစီအစဉ်တွေ တင်ဆက်ပေးပါမယ်။...more30minPlay
November 01, 2022နေ့စဉ် တီဗွီသတင်းလွှာ (နိုဝင်ဘာ ၁၊ ၂၀၂၂) - နိုဝင်ဘာ ၀၁, ၂၀၂၂ရုရှားကို နိုင်ငံတကာအဖွဲ့အစည်းတွေကနေ ဖယ်ကျဉ်ဖို့ ယူကရိန်းတာဝန်ရှိသူတွေက တိုက်တွန်းတောင်းဆိုနေပါတယ်။ အခုလ ဒေသတွင်းထိပ်သီးညီလာခံတွေ တက်ရောက်မယ့် နိုင်ငံတကာ ခေါင်းဆောင်တွေအနေနဲ့ မြန်မာစစ်ကောင်စီအပေါ် ပိုမိုထိရောက် ပြင်းထန်တဲ့ အရေးယူမှုတွေ ချမှတ်ဖို့ HRW အဖွဲ့က တောင်းဆိုပါတယ်။ နောက်ဆုံးရ ဒီသတင်းတွေနဲ့အတူ သတင်းလွှာတွေကိုပါ တင်ဆက်ပေးမှာပါ။...more30minPlay
FAQs about နေ့စဉ် တီဗွီသတင်းလွှာ - ဗွီအိုအေ:How many episodes does နေ့စဉ် တီဗွီသတင်းလွှာ - ဗွီအိုအေ have?The podcast currently has 1,633 episodes available.