Network Media Group (NMG)

Network Media Group (NMG)

Download on the App Store

Network Media Group (NMG) episodes

  • သတင်းထုတ်လွှင့်ချက် - (EP - 371)

    သတင်းထုတ်လွှင့်ချက် - (EP - 371)

    ဒီဇင်ဘာလ ၁၀ ရက်၊ ၂၀၂၄ ခုနှစ်။

    ဒီနေ့ သတင်းတွေထဲမှာတော့ …… ရခိုင်ပြည်ထဲက တောင်ဘက် အစွန်ဆုံးရှိ ဂွမြို့နယ်ထဲက တိုက်ပွဲတွေဟာ ဂွမြို့ မြောက်ဘက် ၄ မိုင်လောက် အကွာ စည်ပင်နဲ့ ကျောက်ကြီးရွာနားထိ ရောက်လာပြီလို့ ဒေသခံတွေက ပြောပါတယ်။ 

    တော်လှန်ရေး တပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ စစ်ကိုင်းတိုင်းဒေသကြီး၊ ဗန်းမောက်မြို့နယ်ထဲက အရှေ့ ကုန်းရွာမှာ နိုဝင်ဘာလအစကနေ ဒီဇင်ဘာလ ပထမပတ်အထိ ကလေးငယ်နဲ့ ကိုယ်ဝန်ဆောင် (၁၅၀၀) နီးပါး အတွက် ကာကွယ်ဆေး ထိုးပေးခဲ့ကြပါတယ်။ 

    ရှမ်း-ကရင်နီနယ်စပ် မိုးဗြဲမြို့က စစ်ရှောင်စခန်းတစ်နေရာကို စစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့တာ ကြောင့် ပြည်သူ ၃ ယောက် သေဆုံးပြီး ၃ ယောက် ဒဏ်ရာရခဲ့ပါတယ်။

    ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းဒေသထဲမှာ စစ်ကောင်စီတပ်နဲ့ ပအိုဝ်းပြည်သူ့စစ် PNO/PNA တို့က ဒေသခံ ပြည်သူတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ စစ်ရာဇဝတ်မှုတွေကို ဆက်တိုက် ကျူးလွန်နေတယ်လို့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် PNLA ပြောလိုက်တဲ့ အကြောင်းနဲ့အတူ တခြား စိတ်ဝင်စား စရာ သတင်း ပေးပို့ချက်တွေကို နားဆင်ရဖို့ ရှိပါတယ်။ 

    သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။

    11 min
  • သတင်းထုတ်လွှင့်ချက် - (EP - 370)

    သတင်းထုတ်လွှင့်ချက် - (EP - 370)

    ဒီဇင်ဘာလ ၈ ရက်၊ ၂၀၂၄ ခုနှစ်။

    ဒီနေ့တော့ ဆောင်းပါးရှည်တစ်ပုဒ်ကို တင်ဆက်ပေးထားပါတယ်။ ကရင်နီပြည်ထဲက စစ်ရှောင်တွေ အကြောင်း နားဆင်ရဖို့ရှိပါတယ်။ 

    ကရင်နီစစ်ရှောင်တွေဟာ စစ်ရှောင်ကာလကြာလာတာနဲ့အမျှ စားနပ်ရိက္ခာ အခက်အခဲ၊ ကျန်းမာရေး ဝန်ဆောင်မှု မရတာ၊ ကလေးတွေရဲ့ ပညာရေးပိုင်း ထိခိုက်နစ်နာမှုတွေကို တစ်နေ့ ထက် တစ်နေ့ ပိုကြုံရပြီး ခက်ခဲမှုတွေ၊ အနာဂတ်ပျောက်ဆုံးမှုတွေ၊ ဘဝမရေမရာမှုတွေက မျှော်လင့်ချက် ကင်းမဲ့မှုတွေနဲ့ ရှင်သန်နေကြရပါတယ်။

    ဒီအခြေအနေတွေကြောင့် စိတ်ပိုင်း၊ ခန္ဓာပိုင်း ပိုထိခိုက်လာနေပေမယ့် ရှိနေတဲ့နေရာ၊ ရောက်နေတဲ့ အရပ်မှာ အဆင် မပြေ ပြေအောင် နေထိုင် ရှင်သန် ရှေ့ဆက်နေကြရပါတယ်။ အဲ့ဒီဘက်က အခြေအနေတွေကို မအားမီက စုစည်းတင်ဆက်ထားပါတယ်။

    14 min
  • သတင်းထုတ်လွှင့်ချက် - (EP - 369)

    သတင်းထုတ်လွှင့်ချက် - (EP - 369)

    ဒီဇင်ဘာလ ၆ ရက်၊ ၂၀၂၄ ခုနှစ်။

    ကချင်ပြည်၊ ဗန်းမော်မြို့မှာ (KIA) နဲ့ စစ်ကောင်စီတပ်တို့ကြား မြို့သိမ်းတိုက်ပွဲ ဆက်လက်ပြင်းထန်နေပြီး အရပ်သားပြည်သူတွေ ပိတ်မိနေသလို ထိခိုက်သေဆုံးသူလည်း ၁၀ ယောက် ထက်မနည်း ရှိသွားပါပြီ။
     
    ကိုးကန့်တပ်မတော် MNDAA က လောက်ကိုင်မှာ လူသတ်မှု၊ ပြန်ပေးဆွဲ ငွေညစ်မှုနဲ့ ဓားပြတိုက်မှု ကျူး လွန်သူ ၆ ယောက်ကို သေဒဏ်ပေးလိုက်ပါတယ်။

    DKBA ရဲ့ ဒုစစ်ဦးစီးချုပ်နေရာ အပါအဝင် ထိပ်ပိုင်းရာထူး နေရာ သုံးနေရာကို အပြောင်းအလဲ လုပ်လိုက် ကြပါတယ်။

    လွတ်‌မြောက်နယ်မြေထဲက KTV တွေကြောင့် တော်လှန်ရေးပုံရိပ် ထိခိုက်မှာကို စိုးရိမ်တယ်လို့ ကရင်နီ စစ်ဘေးရှောင်တွေနဲ့ ဒေသခံပြည်သူတွေက ပြောလိုက်တဲ့ အကြောင်းနဲ့အတူ တခြား စိတ်ဝင်စားစရာ သတင်း ပေးပို့ချက်တွေကို နားဆင်ရဖို့ ရှိပါတယ်။ 

    သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။

    13 min
  • သတင်းထုတ်လွှင့်ချက် - (EP - 368)

    သတင်းထုတ်လွှင့်ချက် - (EP - 368)

    ဒီဇင်ဘာလ ၄ ရက်၊ ၂၀၂၄ ခုနှစ်။

    ဒီနေ့ သတင်းတွေထဲမှာတော့ ……. လက်ရှိ ဖြစ်ပေါ်နေတဲ့ စစ်ရေး ပဋိပက္ခတွေကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့ လိုလားကြောင်း ကိုးကန့် တပ်ဖွဲ့ MNDAA က ထုတ်ပြန်ကြေညာလိုက်ပါတယ်။

    ရခိုင်ပြည်၊ တောင်ကုတ်မြို့နယ်ထဲက ရွာတစ်ရွာကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တဲ့ အတွက် စစ်ဘေးရှောင် ၂ ယောက်သေဆုံးပြီး အယောက် ၂၀ နီးပါး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

    ကချင်ပြည်က မြစ်ကြီးနားမြို့နဲ့ ဝိုင်းမော်မြို့ကို ရောက်နေတဲ့ ရှမ်းစစ်ရှောင်တွေ အကူအညီ လိုအပ်နေ ပါတယ်။

    ကရင်ဒေသက သန်းကျော်လာတဲ့ စစ်ရှောင်ဦးတွေ ၆ လစာ ရိက္ခာအတွက် အမေရိကန် ဒေါ်လာ ၁၁၄ သန်း လိုအပ်နေတဲ့ အကြောင်း သတင်းပေးပို့ချက်နဲ့အတူ တခြား စိတ်ဝင်စားစရာ သတင်းပေးပို့ချက်တွေကို နားဆင်ရဖို့ ရှိပါတယ်။ 

    သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။

    11 min
  • သတင်းထုတ်လွှင့်ချက် - (EP - 367)

    သတင်းထုတ်လွှင့်ချက် - (EP - 367)

    ဒီဇင်ဘာလ ၂ ရက်၊ ၂၀၂၄ ခုနှစ်။

    ဒီနေ့ သတင်းတွေထဲမှာတော့ ……. ရခိုင်ပြည်၊ တောင်ကုတ်မြို့နယ်ထဲက ခရိုင်ရွာကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ၂ ယောက် သေဆုံးခဲ့ပါတယ်။

    နိုင်ငံတဝှမ်းက အကျဉ်းထောင်တွေမှာ ကျန်းမာရေး စောင့်ရှောက်မှု လုံလုံလောက်လောက် မရခဲ့လို့ နိုင်ငံရေး အကျဉ်းသား အယောက် ၂၀ ကျဆုံးခဲ့တယ်လို့ နိုင်ကျဉ်းအရေး လုပ်တဲ့ PPNM က ထုတ်ပြန်ပါတယ်။

    အညာဒေသ တိုက်ပွဲတွေအတွက် တပ်သားသစ်တွေ ခေါ်ယူနေတယ်လို့ ဗမာပြည်သူ့ လွတ်မြောက်ရေး တပ်တော် BPLA က ကြေညာလိုက်ပါတယ်။

    သတင်းပေးပို့ချက်တွေထဲမှာတော့ မွန်ပြည်ထဲမှာ စစ်ကောင်စီတပ်က စစ်မှုထမ်းဖို့အတွက် လူငယ်တွေကို လစဉ်ဆက်တိုက် ဖမ်းဆီးမှုတွေ လုပ်ဆောင်နေတယ်လို့ မွန်ပြည် လူ့အခွင့်အရေး ဖောင်ဒေးရှင်း (HURFOM) က ဒါရိုက်တာက ပြောလိုက်တဲ့အကြောင်းနဲ့ တခြား စိတ်ဝင်စားစရာ သတင်းပေးပို့ချက်တွေကို နားဆင်ရဖို့ ရှိပါတယ်။

    သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။

    12 min
  • သတင်းထုတ်လွှင့်ချက် - (EP - 366)

    သတင်းထုတ်လွှင့်ချက် - (EP - 366)

    နိုဝင်ဘာလ ၂၈ ရက်၊ ၂၀၂၄ ခုနှစ်။

    ဒီနေ့ သတင်းတွေထဲမှာတော့ ကချင် အထူးဒေသ (၁) ဆိုတာ မရှိတော့ဘူးလို့  ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) က ထုတ်ပြန်ကြေညာ လိုက်ပါတယ်။

    "ဝ" ပြည်သွေးစည်း ညီညွတ်ရေး တပ်မတော် - UWSA၊ တောင်ပိုင်း (၁၇၁) စစ်ဒေသက ပထမသုတ် စစ်မှုထမ်း သင်တန်းကျောင်း ဖွင့်ပွဲအခမ်းအနားကို ကျင်းပခဲ့တယ်လို့ Wa News Land သတင်းမှာ ဖော်ပြပါတယ်။ 

    ကရင်နီပြည်၊ လွိုင်ကော်မြို့နယ်ထဲရှိ လင်ဖုံလေရွာနားက တိုက်ပွဲမှာ တပ်မ (၆၆) လက်အောက်ခံ အမှတ် (၈၀) ခြေလျင်တပ်ရင်းတစ်ရင်းလုံး နီးပါး သေဆုံးခဲ့ပါတယ်။

    သတင်းပေးပို့ချက်တွေထဲမှာတော့ ကျားဖြန့်ငွေလိမ်ဂိုဏ်း လုပ်ငန်းမှာ ရောင်းစားခံထားရတဲ့ နိုင်ငံခြားသား တွေကို ကယ်ထုတ်ခဲ့တဲ့ အကြောင်း သတင်းပေးပို့ချက်နဲ့ တခြား စိတ်ဝင်စားစရာ သတင်းပေးပို့ချက်တွေကို နားဆင်ရဖို့ ရှိပါတယ်။

    14 min
  • သတင်းထုတ်လွှင့်ချက် - (EP - 365)

    သတင်းထုတ်လွှင့်ချက် - (EP - 365)

    နိုဝင်ဘာလ ၂၆ ရက်၊ ၂၀၂၄ ခုနှစ်။

    ဒီနေ့တော့ သတင်းနှင့်မီဒီယာ ကွန်ရက် သတင်းဌာနက သတင်းထောက်တွေက တင်ဆက်ထားတဲ့ သတင်းတွေနဲ့ သတင်းပေးပို့ချက်တွေကို နားဆင်ရဖို့ ရှိနေပါတယ်။

    တရုတ်အစိုးရဲ့ ကြိုးပမ်းချက်တွေကို အသိအမှတ်ပြုတဲ့အနေ စစ်ကောင်စီနဲ့ ဆွေးနွေးသွားဖို့ အသင့်ရှိနေ တယ်လို့ တအာင်းတပ် (TNLA) က ထုတ်ပြန် ကြေညာလိုက်ပါတယ်။

    စစ်ကောင်စီတပ်က စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ လက်ပံချောင်းရွာထဲ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ ကြောင့် ကလေးတစ်ယောက် အပါဝင် အရပ်သား ၄ ယောက် သေဆုံးခဲ့ပါတယ်။

    ကချင်ပြည်၊ ဗန်းမော်မြို့က လေယာဉ်ကွင်းမှာ ပေါက်ကွဲမှု ဖြစ်ပြီး လေယာဉ်ခရီးစဉ်တွေ ဖျက်သိမ်းလိုက် ရပါတယ်။

    သတင်းပေးပို့ချက်တွေထဲမှာတော့ လက်ရှိ စစ်ရေး၊ နိုင်ငံရေး အခြေအနေတွေနဲ့ ပတ်သက်ပြီး ကျောင်းသားတပ် ABSDF က နိုင်ငံတကာရောက် မိတ်ဆွေတွေနဲ့ အွန်လိုင်း တွေ့ဆုံ ဆွေးနွေးမှုတစ်ခု လုပ်ခဲ့တဲ့။ အကြောင်းနဲ့ တခြားစိတ်ဝင်စားစရာ သတင်းတွေကို နားဆင်ရဖို့ ရှိနေပါတယ်။

    သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။

    11 min
  • သတင်းထုတ်လွှင့်ချက် - (EP - 364)

    သတင်းထုတ်လွှင့်ချက် - (EP - 364)

    နိုဝင်ဘာလ ၂၄ရက်၊ ၂၀၂၄ ခုနှစ်။

    ဒီနေ့တော့ သတင်းပေးပို့ချက်တွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ကရင်နီအစပ် ဖယ်ခုံ စစ်ဘေးရှောင်တွေကို နေရပ်ကို ပြန်ကြဖို့ စစ်ကောင်စီက ဖိအားပေးနေ တယ်လို့ အကူအညီပေးနေသူတွေက ပြောပါတယ်။

    တနင်္သာရီတိုင်း ဒေသကြီး၊ လောင်းလုံးမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ ပိတ်ဆို့မှုကြောင့် ဒေသခံ ပြည်သူ ထောင်နဲ့ချီ ပိတ်မိနေပြီး အကူအညီတွေလည်း လိုအပ်နေတယ်လို့ မွန်ပြည် လူသားချင်း စာနာမှု ကွန်ယက်အဖွဲ့ (MSHN) က ပြောပါတယ်။

    စစ်ကောင်စီရဲ့ ဖမ်းဆီးထိန်းသိမ်းခြင်းခံရတဲ့ ပူချယ် ဒေသခံ နှစ်ရာကျော်ထဲက အများစုဟာ လက်ရှိအချိန်ထိ ပြန်မလွတ်လာသေးဘူးလို့ နီးစပ်သူတွေက ပြောပါတယ်။ ကိုပီတာ က တင်ဆက်ထားပါတယ်။

    ကရင်နီစစ်ရှောင်တွေ စောင်၊ အနွေးထည်နဲ့ ဆေးဝါး အကူအညီတွေ လိုအပ်နေတယ်ဆိုတဲ့ အကြောင်းတွေ ကို နားဆင်ရဖို့ ရှိနေပါတယ်။

    သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။

    14 min
  • သတင်းထုတ်လွှင့်ချက် - (EP - 363)

    သတင်းထုတ်လွှင့်ချက် - (EP - 363)

    နိုဝင်ဘာလ ၂၂ ရက်၊ ၂၀၂၄ ခုနှစ်။

    ဒီနေ့တော့ သတင်းပေးပို့ချက်တွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ်၊ ရှမ်းတဲလေတပ်စခန်း တာဝန်ကျ အရာရှိ ၅ ယောက်ကို စစ်ကောင်စီက နေပြည်တော်ကို ဖမ်းဆီး ခေါ်ဆောင်သွားပြီး စစ်ဆေးမှုတွေ ပြုလုပ်နေတယ်ဆိုတဲ့အကြောင်း။

    ကရင်နီပြည်ထဲ စစ်ကောင်စီတပ်က နိုဝင်ဘာလဆန်းပိုင်းကနေ တတိယပတ်ထိ လက်နက်ကြီး ပစ်ခတ် မှုတွေကို ဆက်တိုက် လုပ်နေတယ်လို့ စစ်ရှောင်တွေက ပြောပါတယ်။

    ကချင်ပြည်၊ မိုးမောက်မြို့နယ်၊ ကုန်းလောရွာထဲက ခရစ်ယာန် ဘုရားကျောင်း တစ်ကျောင်းပေါ် စစ်ကောင် စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကလေးတွေ အပါအဝင် ပြည်သူ ၉ ယောက် သေဆုံးခဲ့တဲ့ အကြောင်းတွေကို နားဆင်ရဖို့ ရှိပါတယ်။

    သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။

    11 min
  • သတင်းထုတ်လွှင့်ချက် - (EP - 362)

    သတင်းထုတ်လွှင့်ချက် - (EP - 362)

    နိုဝင်ဘာလ ၂၀ ရက်၊ ၂၀၂၄ ခုနှစ်။

    ဒီနေ့ သတင်းတွေထဲမှာတော့ ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေး ကောင်စီ (IEC) က ကရင်နီပြည် အတွင်းက စစ်ဘေး၊ ရေဘေးနဲ့ မြေပြိုဘေးသင့် ပြည်သူတွေအတွက် လူသားချင်း စာနာထောက်ထားမှု အကူအညီတွေ ပေးနေပေမယ့် လုံလောက်မှု မရှိဘဲ လိုအပ်မှုတွေ ရှိနေဆဲဆိုတဲ့အကြောင်း သတင်း ပေးပို့ချက် 

    ရှမ်းပြည် တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ ပူချယ်ရွာက အရပ်သားပြည်သူ အယောက် ၂၀၀ ကို စစ်ကောင်စီ တပ် က ဖမ်းဆီးပြီးနောက် တချို့ကို ပိုက်ဆံနဲ့ ပြန်ရွေးခိုင်းခဲ့ပါတယ်။

    စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် ဒေသခံပြည်သူ တစ်သောင်းလောက် ဘေးလွတ်ရာကို ထွက်ပြေးနေရတဲ့ အကြောင်းတွေကို နားဆင်ရဖို့ ရှိပါတယ်။

    12 min

About Network Media Group (NMG)

From the publisher's feed

Network Media Group: Independent News Agency Producing Multimedia Products can be seen on http://www.nmg-news.com, founded 2001 April 1.