Network Media Group (NMG)

Network Media Group (NMG)

Download on the App Store

Network Media Group (NMG) episodes

  • သတင်းထုတ်လွှင့်ချက် - (EP - 361)

    သတင်းထုတ်လွှင့်ချက် - (EP - 361)

    နိုဝင်ဘာလ ၁၈ ရက်၊ ၂၀၂၄ ခုနှစ်။

    ဒီနေ့ သတင်းတွေထဲမှာတော့ ချင်းပြည်၊ မင်းတပ်နဲ့ ဖလမ်းမြို့တွေမှာ စစ်ကောင်စီတပ်နဲ့ ချင်းကာကွယ်‌ ရေး တပ်ဖွဲ့တွေအကြား တိုက်ပွဲတွေ အပြင်းအထန် ဆက်လက်ဖြစ်ပွားနေတဲ့အကြောင်း

    ကချင် - တရုတ်နယ်စပ်ဂိတ် မြို့တစ်မြို့ဖြစ်တဲ့ ကန်ပိုက်တီမြို့မှာ ကုန်ပစ္စည်းတွေ ပြတ်လပ်နေမှုကြောင့် စစ်ဘေးရှောင် ပြည်သူတွေနဲ့ ဒေသခံတွေအတွက် ရိက္ခာအခက်အခဲတွေ ဖြစ်နေကြပါတယ်။ 

    မိတ္ထီလာမြို့နယ်ထဲက ရှမ်းတဲ လေတပ်စခန်း ဒရုန်းနဲ့ တိုက်ခိုက်မှုကြောင့် Y-12 လေယာဉ် နှစ်စီး အပြင် ရဟတ်ယာဉ် ၂စီးပါ ထိခိုက်ပျက်စီးမှုရှိခဲ့တယ်လို့ မိတ္ထီလာ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူက ပြောလိုက် တဲ့ အကြောင်းတွေကို နားဆင်ရဖို့ ရှိပါတယ်

    12 min
  • သတင်းထုတ်လွှင့်ချက် - (EP - 360)

    သတင်းထုတ်လွှင့်ချက် - (EP - 360)

    နိုဝင်ဘာလ ၁၆ ရက်၊ ၂၀၂၄ ခုနှစ်။

    ဒီနေ့ သတင်းတွေထဲမှာတော့ ကချင်ပြည်၊ ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ရွာမှာ တိုက်ပွဲကာလအတွင်း သေဆုံးခဲ့သူ ရုပ်အလောင်း ၇၀ လောက်ကို နယ်မြေရှင်းလင်းသူ အရပ်သားတွေက သင်္ဂြိုလ်ပေးခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

    ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်ထဲက စစ်တပ်ရဲ့ ဖမ်းဆီးတာကို ခံလိုက်ရတဲ့ အရပ်သား အယောက် နှစ်ရာထဲက တချို့ကို တစ်ယောက် ကျပ်သုံးသောင်းစီနဲ့ ပြန်ရွေးခဲ့ရပါတယ်။

    တအာင်းတပ် (TNLA)မှာ အမျိုးသမီး စစ်သည် ၂၀၀ လောက် စစ်သင်တန်းဆင်းသွားကြပြီ ဖြစ်ပါတယ်။

    သတင်းပေးပို့ချက်တွေထဲမှာတော့ ထိုင်း-ကရင်နီနယ်စပ်ရှိ ကရင်နီ စစ်ဘေးရှောင် စခန်းနေရာတွေမှာ စစ်တပ်က ဒရုန်းနဲ့ ကင်းထောက် လေယာဉ်ပျံသန်းမှုတွေကို ဆက်တိုက် လုပ်လာလို့ စစ်ရှောင်တွေ စိုးရိမ်နေကြတဲ့အကြောင်းနဲ့ တခြား စိတ်ဝင်စားစရာ သတင်းပေးပို့ချက်တွေကို နားဆင်ရဖို့ ရှိပါတယ်။

    သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။

    Apple Podcasts - https://apple.co/3IBI2PJ
    Spotify - https://spoti.fi/3EElo8f
    Buzzsprout - https://bit.ly/3Z9y8f8
    Google Podcasts - https://bit.ly/3IXve7A

    NMG ရဲ့ သတင်းတွေကို  
    youtube - https://www.youtube.com/@NetworkMediaGroupNMG 
    Website - https://www.nmg-news.net/
    Facebook - https://www.facebook.com/networkmediagroupnmg
    Twitter - https://twitter.com/NetworkMediaGr1 တို့မှာ ဝင်ရောက် ကြည့်ရှု့လို့ရပါတယ်။

    12 min
  • သတင်းထုတ်လွှင့်ချက် - (EP - 359)

    သတင်းထုတ်လွှင့်ချက် - (EP - 359)

    နိုဝင်ဘာလ ၁၄ ရက်၊ ၂၀၂၄ ခုနှစ်။

    ဒီနေ့တော့ သတင်းနှင့်မီဒီယာ ကွန်ရက် သတင်းဌာနက သတင်းထောက်တွေက တင်ဆက်ထားတဲ့ သတင်းတွေနဲ့ သတင်းပေးပို့ချက်တွေကို နားဆင်ရဖို့ ရှိနေပါတယ်။

    ဒီနေ့ သတင်းတွေထဲမှာတော့ တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့က နယ်စပ်ကုန်သွယ်ရေးဂိတ်တွေကို နှစ်ဖက်အာဏာ ပိုင်တွေက ပိတ်လိုက်တယ်လို့ မူဆယ်ဒေသခံတွေက ပြောပါတယ်။ 

    စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် မိုးကုတ်ဒေသခံ ပြည်သူ ၄ ယောက် သေဆုံးခဲ့ ပြီး ၁၀ ယောက် ထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။ 

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်က ရွာတွေထဲ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစော ထီး ပူးပေါင်းအဖွဲ့က လူနေအိမ် ၁၃၃ ဆောင်ကို မီးရှို့ဖျက်ဆီးသွားခဲ့တဲ့ အကြောင်းတွေကို နားဆင်ရဖို့ ရှိပါ တယ်။

    သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။

    10 min
  • သတင်းထုတ်လွှင့်ချက် - (EP - 358)

    သတင်းထုတ်လွှင့်ချက် - (EP - 358)

    နိုဝင်ဘာလ ၁၂ ရက်၊ ၂၀၂၄ ခုနှစ်။

    ဒီနေ့တော့ သတင်းနှင့်မီဒီယာ ကွန်ရက် သတင်းဌာနက သတင်းထောက်တွေက တင်ဆက်ထားတဲ့ သတင်းတွေနဲ့ သတင်းပေးပို့ချက်တွေကို နားဆင်ရဖို့ ရှိနေပါတယ်။

    စစ်ကောင်စီနဲ့ စစ်အာဏာရှင်ရဲ့ အကျိုးစီးပွားကို အကာအကွယ်ပေးနေတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအောက်က လုပ်ဆောင်ချက်မှန်သမျှကို ဆန့်ကျင်တိုက်ဖျက်နေသလို စစ်ကောင်စီနဲ့လည်း ဆွေးနွေးစရာ အကြောင်း မရှိဘူးလို့ CNF က ပြောဆို လိုက်ပါတယ်။

    စစ်ကောင်စီဘက်ကို လေယာဉ်ဆီ ဝင်ရောက်မှုနဲ့ လက်နက်ခဲယမ်း ဝယ်ယူမှုတွေနဲ့ ပတ်သက်ပြီး ထိန်းချုပ်ဖို့ အပြင် သံတမန်ရေးအရ စစ်ကောင်စီကို အသိအမှတ်ပြုတာမျိုး မလုပ်ကြဖို့ KNU က နိုင်ငံတကာ ကို တောင်းဆို လိုက်ပါတယ်။

    စစ်ကောင်စီတပ်က ကရင်နီပြည် ဖားဆောင်းမြို့နယ်ထဲ က နေရာလေးနေရာလောက်ကို တစ်ရက် တည်းအတွင်း ၁၀ ကြိမ်ထက် မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အကြောင်းတွေကို နားဆင်ရဖို့ ရှိပါတယ်။

    သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။

    11 min
  • သတင်းထုတ်လွှင့်ချက် - (EP - 357)

    သတင်းထုတ်လွှင့်ချက် - (EP - 357)

    နိုဝင်ဘာလ ၁၀ ရက်၊ ၂၀၂၄ ခုနှစ်။

    ဒီနေ့တော့ သတင်းနှင့်မီဒီယာ ကွန်ရက် သတင်းဌာနက သတင်းထောက်တွေက တင်ဆက်ထားတဲ့ သတင်းတွေနဲ့ သတင်းပေးပို့ချက်တွေကို နားဆင်ရဖို့ ရှိနေပါတယ်။

    စစ်ကိုင်းတိုင်း ဒေသကြီး၊ ပုလဲမြို့နယ်၊ အိုင်းမရွာမှာ ကထိန်ပွဲ လုပ်နေချိန် စစ်ကောင်စီတပ်က လေယောဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ပြည်သူတွေ သေဆုံးထိခိုက်မှုတွေ များခဲ့ပါတယ်။

    ရှမ်း - ကရင်နီ နယ်စပ်မှာ ကရင်နီတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့နဲ့ စစ်ကောင်စီ၊ ပြည်သူ့စစ် ပူးပေါင်းတပ်ဖွဲ့ တို့အကြားက တိုက်ပွဲတွေကြောင့် ဒေသခံ နှစ်သောင်းကျော် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင် နေကြရပါ တယ်။ 

    စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှု၊ လေကြောင်းတိုက်ခိုက်မှုနဲ့ တခြား လူ့အခွင့်အရေး ချိုးဖောက် မှုတွေကြောင့် အောက်တိုဘာလထဲမှာ အမျိုးသမီး ၇၁ ယောက် သေဆုံးပြီး ၄၄ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ မြန်မာ့အမျိုးသမီး သမဂ္ဂ (BWU) က ပြောဆိုလိုက်တဲ့ အကြောင်းတွေကို နားဆင်ရဖို့ ရှိပါတယ်။

    သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။

    12 min
  • သတင်းထုတ်လွှင့်ချက် - (EP - 356)

    သတင်းထုတ်လွှင့်ချက် - (EP - 356)

    နိုဝင်ဘာလ ၈ ရက်၊ ၂၀၂၄ ခုနှစ်။

    ဒီနေ့တော့ သတင်းနှင့်မီဒီယာ ကွန်ရက် သတင်းဌာနက သတင်းထောက်တွေက တင်ဆက်ထားတဲ့ သတင်းတွေနဲ့ သတင်းပေးပို့ချက်တွေကို နားဆင်ရဖို့ ရှိနေပါတယ်။

    ကရင်ပြည်၊ ဖာပွန်ခရိုင်ထဲက ခေါပုတ်စခန်းကို သိမ်းပိုက်ပြီးနောက် တပ်ခွဲမှူး ၃ ယောက်နဲ့အတူ စစ်ကောင်စီ တပ်သား ၁၇ ယောက်ကို ဖမ်းဆီးရမိထားတယ်လို့ (KNU) တပ်မဟာ (၅) က သတင်းထုတ်ပြန်ပါတယ်။

    လေကြောင်းထိုးစစ်ဆင်မှု၊ အင်အားတိုးချနေတဲ့ ကြားနေပဲ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ရဲ့ အရေး အကြီးဆုံးတပ်ကို အာရက္ခတပ်တော် AA က သိမ်းပိုက်လိုက်ပါတယ်။

    သတင်းပေးပို့ချက်တွေ ထဲမှာတော့ မိုးကုတ် - မန္တလေးလမ်းလွှဲကို ပိတ်ဆို့ထားမှုတွေကြောင့် တခြား လမ်းလွှဲတွေကို အသုံးပြု သွားလာရလို့ အခက်အခဲတွေ ဖြစ်နေကြတဲ့အကြောင်းနဲ့ တခြားစိတ်ဝင်စားစရာ သတင်းတွေကို နားဆင်ရဖို့ ရှိနေပါတယ်။

    သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။

    11 min
  • သတင်းထုတ်လွှင့်ချက် - (EP - 355)

    သတင်းထုတ်လွှင့်ချက် - (EP - 355)

    နိုဝင်ဘာလ ၆ ရက်၊ ၂၀၂၄ ခုနှစ်။

    ဒီနေ့တော့ သတင်းနှင့်မီဒီယာ ကွန်ရက် သတင်းဌာနက သတင်းထောက်တွေက တင်ဆက်ထားတဲ့ သတင်းတွေနဲ့ သတင်းပေးပို့ချက်တွေကို နားဆင်ရဖို့ ရှိနေပါတယ်။  

    ချင်းပြည်နယ် ပလက်ဝဒေသ စစ်ရှောင်တွေ ဆေးဝါး ပြတ်လပ်မှု၊ ကျန်းမာရေး ဆိုင်ရာ ကူညီထောက်ပံ့မှု တွေ မရတဲ့အတွက် အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။

    စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ချင်းပြည်နယ်မှာ အရပ်သားသေဆုံးမှုတွေထဲ ကလေးတွေပါ သေဆုံးမှုရှိနေတဲ့အကြောင်း သတင်းပေးပို့ချက်။

    မြန်မာနိုင်ငံ တောင်ပိုင်းဒေသတွေက သတင်းတွေကို အဓိက ရေးသားနေတဲ့ သံလွင်တိုင်းမ် သတင်းဌာနရဲ့ အယ်ဒီတာချုပ်အိမ်ကို စစ်ကောင်စီက အောက်တိုဘာလ နောက်ဆုံးပတ်ထဲမှာ ချိပ်ပိတ်လိုက်တဲ့ အကြောင်းတွေ ကို နားဆင်ရဖို့ ရှိနေပါတယ်။

    သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။

    14 min
  • သတင်းထုတ်လွှင့်ချက် - (EP - 354)

    သတင်းထုတ်လွှင့်ချက် - (EP - 354)

    နိုဝင်ဘာလ ၄ ရက်၊ ၂၀၂၄ ခုနှစ်။

    ဒီနေ့မှာ တင်ဆက်ပေးမယ့် သတင်းတွေကတော့   ကချင်ပြည် အထူး‌ဒေသ (၁) နယ်‌မြေထဲက နောက်ဆုံးကျန်နေတဲ့ အမှတ် (၁၀၀၁) နယ်ခြားစောင့် တပ်စခန်း ကို KIA နဲ့ KPDF ပူး‌‌ပေါင်းတပ်တို့က အပြီးသတ် တိုက်ခိုက် သိမ်းပိုက်လိုက်ပြီ ဖြစ်ပါတယ်။

    ရှမ်းမြောက်၊ နောင်ချိုမြို့နယ်မှာ စစ်သုံ့ပန်းတွေထားတဲ့ အချုပ် လေကြောင်းကနေ ထပ်မံ တိုက်ခိုက်ခံခဲ့ရလို့ ဗိုလ်မှူးအဆင့်ရှိသူ အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ယောက် သေဆုံးခဲ့ပါတယ်။

    ချင်းပြည်မှာ အာဏာသိမ်းကာလ ၃ နှစ်တာအတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် အရပ်သား ၁၀၈ ယောက် သေဆုံးခဲ့တယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) က ထုတ်ပြန်ပါတယ်။

    သတင်းပေးပို့ချက်တွေထဲမှာတော့ ကရင်နီပြည်က စစ်ဘေး နဲ့ ရေဘေးသင့် ပြည်သူတွေ ပြန်လည် ထူထောင်ရေးအတွက် အမေရိကန် ဒေါ်လာ ၇ သန်းကျော် လိုအပ်နေပြီး ကူညီပေးကြဖို့ IEC က နိုင်ငံတကာကို တောင်းဆိုလိုက်တဲ့ အကြောင်းတွေကို နားဆင် ရဖို့ ရှိနေပါတယ်။ 

    သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။

    10 min
  • သတင်းထုတ်လွှင့်ချက် - (EP - 353)

    သတင်းထုတ်လွှင့်ချက် - (EP - 353)

    နိုဝင်ဘာလ ၂ ရက်၊ ၂၀၂၄ ခုနှစ်။

    ဒီနေ့တင်ဆက်ပေးမယ့် သတင်းတွေကတော့ ကရင်နီပြည်မှာ ကယန်းအမျိုးသား တပ်မတော် (KNA) ကို ဖွဲ့စည်းထူထောင်လိုက်ပါတဲ့ကြောင်း။ 

    ကရင်ပြည်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ အနန်းကွင်းရွာနဲ့ အနီးဝန်းကျင်မှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေး ပူးပေါင်းတပ်တို့ အကြား တိုက်ပွဲတွေ ပြင်းထန်စွာ ဆက်လက် ဖြစ်နေဆဲ ဆိုတဲ့အကြောင်းနဲ့  

    အဲ့ဒီတိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ ဒေသခံ ပြည်သူတွေ စိုးရိမ်ကြောက်လန့်မှု နဲ့ စိတ်ဖိစီးမှုတွေကိုပါ ခံစားနေရတယ်လို့ အကူအညီပေးနေသူတွေက ပြောလိုက်တဲ့အကြောင်းတွေကို နားဆင် ရဖို့ ရှိနေပါတယ်။

    သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။

    11 min
  • သတင်းထုတ်လွှင့်ချက် - (EP - 352)

    သတင်းထုတ်လွှင့်ချက် - (EP - 352)

    အောက်တိုဘာလ ၂၆ ရက်၊ ၂၀၂၄ ခုနှစ်။

    မွန်ပြည်လူ့အခွင့်အရေး ဖောင်ဒေးရှင်း (HURFOM) ပြောရေးဆိုခွင့်ရှိသူ နိုင်အဲမွန်နဲ့ ဆက်သွယ်မေးမြန်းချက် 

    ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် KNLA နဲ့ ပူးပေါင်းတပ်တွေဟာ အနန်းကွင်းရွာရှိ စစ်ကောင်စီ တပ်ရဲ့ အနန်းကွင်းဗျူဟာကုန်းကို ဩဂုတ်လကတည်းက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး လက်ရှိ အချိန်အထိ တိုက်ပွဲ ပြင်းထန်စွာ ဆက်လက် ဖြစ်ပွားနေဆဲ ဖြစ်ပါတယ်။

    KNLA နဲ့ ပူးပေါင်းတပ်တွေ ဝင်ရောက်တိုက်ခိုက်နေတဲ့ အနန်းကွင်းဗျူဟာကုန်းဟာ စစ်ရေးအရ အရေးပါတဲ့ ဗျူဟာ စခန်းတစ်ခု ဖြစ်တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

    တိုက်ပွဲဖြစ်ပွားနေတဲ့ တစ်ဖက်မှာတော့ ဒေသခံပြည်သူတွေဟာ နေရပ်ကိုစွန့်ခွာ ထွက်ပြေးနေရတဲ့အတွက် အခက်အခဲမျိုးစုံနဲ့ ကြုံတွေ့နေရပြီး အကူအညီတွေလည်း လိုအပ်နေပါတယ်။

    လက်ရှိ စစ်ဘေးရှောင်တွေရဲ့ နောက်ဆုံးအခြေအနေ၊ အခက်အခဲ၊ စိန်ခေါ်မှုနဲ့ ဘာကြောင့် အနန်းကွင်းဗျူဟာ ကုန်းရဲ့ စစ်ရေးအရအရေးပါပုံ စတဲ့အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး မွန်ပြည်လူ့အခွင့်အရေး ဖောင်ဒေးရှင်း (HURFOM) ပြောရေးဆိုခွင့်ရှိသူ နိုင်အဲမွန်ကို စမိုင်းလ်က ဆက်သွယ်မေးမြန်းထားပါတယ်။

    သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။

    14 min

About Network Media Group (NMG)

From the publisher's feed

Network Media Group: Independent News Agency Producing Multimedia Products can be seen on http://www.nmg-news.com, founded 2001 April 1.