Network Media Group (NMG)

Network Media Group (NMG)

Download on the App Store

Network Media Group (NMG) episodes

  • သတင်းထုတ်လွှင့်ချက် - (EP - 341)

    သတင်းထုတ်လွှင့်ချက် - (EP - 341)

    အောက်တိုဘာလ ၄ ရက်၊ ၂၀၂၄ ခုနှစ်။

    ဒီနေ့တော့ သတင်းနှင့်မီဒီယာ ကွန်ရက် သတင်းဌာနက သတင်းထောက်တွေက တင်ဆက်ထားတဲ့ သတင်းပေးပိုပချက်တွေကို နားဆင်ရဖို့ ရှိနေပါတယ်။

    အာဏာသိမ်း စစ်ကောင်စီရဲ့ ဆွေးနွေးပွဲ ဖိတ်ခေါ်မှုကို အယုံအကြည် မရှိကြောင်းနဲ့ သူတို့ ပြုလုပ် မယ့် ရွေးကောက်ပွဲဟာ နိုင်ငံရေး ထွက်ပေါက်ရှာတဲ့ အနေနဲ့ ပြုလုပ်မယ့် အတုအယောင် ရွေးကောက်ပွဲသာ ဖြစ်တယ်လို့ KNDF ဥက္ကဋ္ဌ ခူးဘီထူးက ပြောဆိုလိုက်ပါတယ်။

    ရေကြီးရေလျှံမှုကို အခွင့်ကောင်းယူပြီး စစ်ကောင်စီတပ်က စစ်ကြောင်းထိုးတာတွေ၊ လက်နက်ကြီးပစ်ခတ် တာတွေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို ဆက်တိုက် လုပ်နေတဲ့အတွက် ကရင်နီပြည်ထဲမှာ တိုက်ပွဲတွေလည်း ဆက်လက်ဖြစ်ပွားနေပါတယ်။

    စစ်ကောင်စီရဲ့ သန်းခေါင်စာရင်း ကောက်ယူမှု အသစ်မှာ ပါရှိတဲ့ “အိမ်တွင် အဓိက ပြောဆိုသော ဘာသာ စကား” ဆိုတဲ့ အချက်ဟာ တိုင်းရင်းသား လူမျိုးစုတွေအပေါ် ဗမာလူမျိုးကြီးဝါဒ သွတ်သွင်းဖို့ စစ်ကောင်စီက လုပ်ဆောင်နေတာ ဖြစ်တယ်လို့ မွန်ပြည် လူ့အခွင့် အရေး ဖောင်ဒေးရှင်း (HURFOM) ပြောဆို လိုက်တဲ့အကြောင်းတွေကို နားဆင်ရဖို့ ရှိနေပါတယ်။

    သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။

    11 min
  • သတင်းထုတ်လွှင့်ချက် - (EP - 340)

    သတင်းထုတ်လွှင့်ချက် - (EP - 340)

    အောက်တိုဘာလ ၁ ရက်၊ ၂၀၂၄ ခုနှစ်။

    ဒီနေ့တော့ သတင်းနှင့်မီဒီယာ ကွန်ရက် သတင်းဌာနက သတင်းထောက်တွေက တင်ဆက်ထားတဲ့ သတင်းပေးပိုပချက်တွေကို နားဆင်ရဖို့ ရှိနေပါတယ်။

    ကရင်နီပြည်နယ်မှာ ကုန်းစျေးနှုန်းတွေ အဆမတန် မြင့်လာတာကြောင့် စစ်ဘေးရှောင်တွေနဲ့ ဒေသခံ တွေ နေထိုင် စားသောက်ရေးကအစ အဖက်ဖက်မှာ ပိုပြီး ခက်ခဲလာတယ်လို့ ပြောပါတယ်။ 

    ရခိုင်ပြည်ထဲ ALP က လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ကျူးလွန်နေတယ်လို့ သတင်းဌာတွေက သတင်းတွေ ရေးသားနေတာဟာ မဟုတ်ကြောင်း ဒီလို ရေးသားတာဟာ ALP ကို သိက္ခာကျအောင် လုပ်နေတာ ဖြစ်လို့ အဖွဲ့တာဝန်ရှိသူက ပြောဆိုလိုက်တဲ့ အကြောင်းနဲ့ တခြားစိတ်ဝင်စားစရာ သတင်းပေးပို့ချက်တွေကို နားဆင်ရဖို့ ရှိနေပါတယ်။

    သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။

    12 min
  • သတင်းထုတ်လွှင့်ချက် - (EP - 339)

    သတင်းထုတ်လွှင့်ချက် - (EP - 339)

    စက်တင်ဘာလ ၂၉ ရက်၊ ၂၀၂၄ ခုနှစ်။

    ဒီနေ့တော့ သတင်းနှင့်မီဒီယာ ကွန်ရက် သတင်းဌာနက သတင်းထောက်တွေက တင်ဆက်ထားတဲ့ သတင်းပေးပိုပချက်တွေကို နားဆင်ရဖို့ ရှိနေပါတယ်။

    စစ်မှုထမ်းဖို့ စုဆောင်း ခံထားရတဲ့ အမျိုးသမီးတွေဟာ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေရဲ့ စားသောက် နေထိုင် ရေးနဲ့ တခြား ဝေယျာဝစ္စတွေကို ဖိအားပေးခိုင်းစေမှုတွေ ခံနေကြရပါတယ်။

    ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ PNLO နာမည်ကို ဆက်လက်အသုံးပြုပြီး စစ်ကောင်စီနဲ့ ငြိမ်းချမ်း ရေး ဆွေးနွေးပွဲတွေကို ဆက်လုပ်သွားမယ်လို့ ဦးဆောင်နာယတာဝန်ယူခဲ့တဲ့က ဗိုလ်မှူးကြီးခွန်ဥက္ကာ က ပြောဆို လိုက်ပါတယ်။

    ကရင်နီပြည်၊ လွိုင်ကော်မြို့မှာ ရေဆက်ကြီးနေတဲ့အတွက် စစ်ဘေးရှောင်တွေနဲ့ ဒေသခံတွေ နေထိုင်စား သောက်ရေး ပိုခက်ခဲလာနေတဲ့ အကြောင်းနဲ့ ဖရူဆိုမြို့နယ်ထဲက မြေပြိုမှုကြောင့် ရွာလုံးကျွတ်ပြောင်းရွှေ့ရမယ့် ရွာသူရွာသားတွေရဲ့ အခက်အခဲတွေအကြောင်း သတင်းပေးပို့ချက်တွေကို နားဆင်ရဖို့ ရှိနေပါတယ်။

    သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။

    16 min
  • သတင်းထုတ်လွှင့်ချက် - (EP - 338)

    သတင်းထုတ်လွှင့်ချက် - (EP - 338)

    စက်တင်ဘာလ ၂၄ ရက်၊ ၂၀၂၄ ခုနှစ်။

    ဒီနေ့တော့ တင်ဆက်ပေးမယ့် သတင်းပေးပို့ချက်တွေထဲမှာတော့ … MNDAA က သိမ်းပိုက်ထားတဲ့ လားရှိုးကို စစ်ကောင်စီတပ်က လေကြောင်းကနေ ထပ်မံ တိုက်ခိုက်ခဲ့ရာ အရပ်သားပြည်သူ တစ်ယောက် သေဆုံး၊ ၁၅ ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။

    ရှမ်းမြောက် သီပေါမြို့နယ်ထဲက နားလွယ်လီဆူရွာကို စစ်ကောင်စီက လေယာဉ်သုံးစီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ မြေးအဖွား ၄ ယောက် နေရာမှာတင် သေဆုံးခဲ့ပါတယ်။

    မကွေးတိုင်း၊ မြိုင်မြို့နယ်ထဲက ရွာနှစ်ရွာနဲ့ မန္တလေးတိုင်း တောင်သာမြို့နယ်ထဲက ရွာနှစ်ရွာကိုလည်း စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ပါတယ်။သတင်းပေးပို့ချက်တွေထဲမှာတော့ ပဲခူးတိုင်း၊ ဒိုက်ဦးမြို့ အကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသား တစ်ယောက်ကို စစ်ကောင်စီ လက်အောက်ခံ ထောင်အာဏာပိုင်တွေက ညှင်းပန်းနှိပ်စက်ခဲ့တဲ့  အကြောင်း တခြား စိတ်ဝင်စားစရာ သတင်းတွေကို နားဆင် ရဖို့ ရှိပါတယ်။ 

    14 min
  • သတင်းထုတ်လွှင့်ချက် - (EP - 337)

    သတင်းထုတ်လွှင့်ချက် - (EP - 337)

    စက်တင်ဘာလ ၂၂ ရက်၊ ၂၀၂၄ ခုနှစ်။

    ဒီနေ့တော့ တင်ဆက်ပေးမယ့် သတင်းပေးပို့ချက်တွေထဲမှာတော့ … လိင်အကြမ်းဖက်မှုခံရတဲ့ အမျိုးသမီးတွေအတွက် အမှန်တရားပေါ်ပေါက်ရေး ထိခိုက်ခံစားရတဲ့ အမျိုးသမီးတွေရဲ့ အသံတွေကို ကျယ်ကျယ်ပြန့်ပြန့် ဖော်ထုတ်ဖို့ အရေးကြီးတယ်လို့ BWU က ပြောဆိုလိုက်ပါတယ်။

    ကရင်နီ-ရှမ်းတောင်နယ်စပ်က တိုက်ပွဲထဲ အရပ်သား ၄ ယောက် သေဆုံးပြီး ၅ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ကရင်နီ အမျိုးသားများ ကာကွယ်ရေး KNDF က ပြောပါတယ်။

    ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP/ALA) က စစ်တွေမြို့ လုံခြုံရေးအတွက် အခက်အခဲအမျိုးမျိုး ကြား ကနေ ကင်းလှည့်တာမျိုးအပြင် အရပ်သားတွေကို ဆေးကုသပေးတာမျိုးတွေပါ လုပ်နေတယ်လို့ ပြောဆိုချက်က လူထုရဲ့ ပြောဆိုချက်တွေနဲ့ ကွဲလွှဲနေတဲ့အကြောင်း သတင်းပေးပို့ချက်တွေနဲ့ တခြား စိတ်ဝင်စားစရာ သတင်းတွေကို နားဆင် ရဖို့ ရှိပါတယ်။ 

    17 min
  • သတင်းထုတ်လွှင့်ချက် - (EP - 336)

    သတင်းထုတ်လွှင့်ချက် - (EP - 336)

    စက်တင်ဘာလ ၂၀ ရက်၊ ၂၀၂၄ ခုနှစ်။

    ဒီကနေ့မှာတော့ ဆက်သွယ်မေးမြန်းချက်တပုဒ်ကို တင်ဆက်ပေးထားပါတယ်။ 

    အောက်တိုဘာလ ၁ ရက်နေ့က စတင်ပြီး ထိုင်းနိုင်ငံတစ်ဝန်း အလုပ်သမားတွေကို  နေ့စဉ် အခြေခံလုပ်အားခ ဘတ် ၄၀၀ သတ်မှတ် ပေးသွားမည်ဟု ထိုင်းနိုင်ငံ အလုပ်သမားဝန်ကြီး က ပြောဆိုလိုက်ပါတယ်။

    အလုပ်ရုံကြီးတွေက အလုပ်သမားတွေကို အခြေခံ လုပ်အားခ ဘတ် ၄၀၀ အထိ တိုးမြှင့်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

    ဒီအစီအစဉ်ထဲမှာ ရွှေ့ပြောင်း အလုပ်သမားတွေ အပါအဝင် အလုပ်သမားအားလုံးမှာ အကျုံးဝင်တယ်လို့ အလုပ်သမားအရေး လုပ်ဆောင်နေသူတွေက ပြောပါတယ်။

    ရာသီအလိုက် စိုက်ပျိုးရေး လုပ်ငန်းတွေမှာ အလုပ်လုပ်နေတဲ့ လုပ်သားတွေ၊ ရေလုပ်သားတွေကိုလည်း အလုပ်စံချိန်စံညွှန်းတွေနဲ့ အညီ လုပ်ခတိုးမြင့်ပေးသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ လုပ်ခလစာတိုးပေးမယ့် ကိစ္စရပ်မှာတော့ ကန့်သတ်ချက် တချို့ရှိတယ်လို့ ဆိုပါတယ်။ 

    ရောင်ခြည်ဦး အလုပ်သမားများအဖွဲ့ တာဝန်ခံ ကိုပြည့်ဖြိုးကျော်ကို သတင်းနှင့်မီဒီယာ ကွန်ရက် သတင်းဌာနက ကိုပီတာက ဆက်သွယ်မေးမြန်းထားပါတယ်။

    19 min
  • သတင်းထုတ်လွှင့်ချက် - (EP - 335)

    သတင်းထုတ်လွှင့်ချက် - (EP - 335)

    စက်တင်ဘာလ ၁၈ ရက်၊ ၂၀၂၄ ခုနှစ်။

    ဒီကနေ့မှာတော့ ဆက်သွယ်မေးမြန်းချက် တပုဒ်ကို တင်ဆက်ပေးထားပါတယ်။ 
    ကရင်နီပြည်မှာတော့ စစ်ဘေးဒဏ်အပြင် ရေဘေးနဲ့ပါ ကြုံနေကြရပါတယ်။ 

    ကရင်နီပြည်နယ်ထဲ ဘာကြောင့် ရေကြီးလာတာလဲ။

    ဘယ်မြို့နယ်တွေမှာ ရေဘေးဒုက္ခနဲ့ ကြုံနေကြရသလဲ၊ ရေဘေးဒုက္ခနဲ့ ကြုံနေရတဲ့သူတွေက ဘယ်သူတွေလဲ။

    ကယ်ဆယ်ရေး၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေ ဘယ်လိုလုပ်နေကြလဲ၊ ဘာအခက်အခဲတွေ ဖြစ်နေကြ ပါသလဲ 

    လိုအပ်ချက်တွေက ဘာတွေရှိလဲ...ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေး ကောင်စီ IEC ၏ လူသားချင်း စာနာထောက်ထားရေးနှင့် ပြန်လည်ထူထောင်ရေး ဌာနမှူးကြီး ခွံမာတီးယာ ကို သတင်းနှင့်မီဒီယာ ကွန်ရက် သတင်းဌာနက ကိုပီတာက ဆက်သွယ်မေးမြန်းထားပါတယ်။

    17 min
  • သတင်းထုတ်လွှင့်ချက် - (EP - 334)

    သတင်းထုတ်လွှင့်ချက် - (EP - 334)

    စက်တင်ဘာလ ၁၆ ရက်၊ ၂၀၂၄ ခုနှစ်။

    ဒီကနေ့မှာတော့ ဆက်သွယ်မေးမြန်းချက် တပုဒ်ကို တင်ဆက်ပေးထားပါတယ်။ အနာဂတ် ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံ တည်ထောင်ရာမှာ ပြည်နယ်အသစ်တွေ ပေါ်ပေါက်လာနိုင်မလား ဆိုတဲ့ အချက်ကို ဖက်ဒရယ်အရေး ကျွမ်းကျင်သူ ဦးခင်မောင်ဝင်းနဲ့ ဆက်သွယ်မေးမြန်းထားတာကို တင်ဆက်ပေးဖို့ ရှိပါတယ်။

    ၂၀၂၁ ခုနှစ်၊ စစ်တပ်က အာဏာသိမ်းပြီးနောက် ပြည်တွင်း လက်နက်ကိုင် တော်လှန်ရေးက အားကောင်းလာပြီး တိုက်ပွဲတွေ ကျယ်ပြန့်လာတာနဲ့အတူ နယ်မြေ အများအပြားကို စစ်ကောင်စီက မကြုံစဖူး လက်လွတ်လာနေရ ပါတယ်။

    အထူးသဖြင့် ၁၀၂၇ စစ်ဆင်ရေးနဲ့ အတူ ရှမ်းမြောက်နဲ့ ရခိုင်ပြည်မှာ သာမက မြန်မာနိုင်ငံ အလယ်ပိုင်းထိ နယ် မြေ အများအပြားကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်သိမ်းယူခဲ့ပြီး နောက်မှာတော့ ပြည်နယ်အသစ်တွေ ပေါ်ပေါက်လာတော့ မလားဆိုပြီး သုံးသပ်ပြောဆို နေကြပါတယ်။

    ဘယ်လိုအချက်တွေကြောင့် ပြည်နယ်သစ်တွေ ပေါ်လာနိုင်တယ်၊ ပြည်နယ်အသစ် ရရှိဖို့ ဘာတွေလိုအပ်တယ် ဘယ်အချက်အပေါ် အခြေခံပြီး ဖွဲ့စည်းသင့်လဲဆိုတာကိုတော့ ဖက်ဒရယ်အရေး ကျွမ်းကျင်သူ ဦးခင်မောင်ဝင်းကို သတင်းနှင့်မီဒီယာ ကွန်ရက် သတင်းဌာနက ကိုပီတာက ဆက်သွယ်မေးမြန်းထားပါတယ်။

    15 min
  • သတင်းထုတ်လွှင့်ချက် - (EP - 333)

    သတင်းထုတ်လွှင့်ချက် - (EP - 333)

    စက်တင်ဘာလ ၁၄ ရက်၊ ၂၀၂၄ ခုနှစ်။

    ဒီနေ့တင်ဆက်ပေးမယ့် သတင်းတွေကတော့ … ရခိုင်ပြည် မောင်တော်မြို့ရှိ နခခ - ၂ စခန်းကို စစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ စစ်သုံ့ပန်းတွေ၊ ရိုဟင်ဂျာတွေနဲ့ အရပ်သား အကျဉ်းသား ၅၀ ကျော် ပွဲချင်းပြီး သေဆုံးခဲ့ပါတယ်။

    ကရင်နီပြည်ထဲ နဲ့ ရှမ်း-ကရင်နီ အစပ်မှာ မိုးအဆက်မပြတ် မိုးရွာသွန်းနေတာကြောင့် ပြည်သူ ၃၀,၀၀၀ ဝန်းကျင် ရေဘေးသင့်နေရပြီး အရေးပေါ်အကူအညီတွေ လိုအပ်နေပါတယ်။

    သတင်းပေးပို့ချက်တွေထဲမှာတော့ မိုးကုတ်မြို့မှာ ကျောက်မျက်လုပ်ငန်းတွေ ပြန်မလည်ပတ်နိုင်သေးတဲ့ အတွက် ကျောက်မျက်လုပ်ငန်းကို အမှီပြုပြီး လုပ်ကိုင်စားသောက်နေရတဲ့ ပြည်သူတွေ ဘယ်လို အခက်အခဲ တွေနဲ့ ရင်ဆိုင်ကြုံတွေ့နေရတာလဲ ဆိုတဲ့အကြောင်း တခြား စိတ်ဝင်စားစရာ သတင်းတွေကို နားဆင် ရဖို့ ရှိပါတယ်။ ဒီနေ့ရဲ့ အစီအစဉ်ကိုတော့ ကျနော်နဲ့အတူ စမိုင်းလ် ကနေ တင်ဆက်ပေး သွားမှာ ဖြစ်ပါတယ်။

    13 min
  • သတင်းထုတ်လွှင့်ချက် - (EP - 332)

    သတင်းထုတ်လွှင့်ချက် - (EP - 332)

    စက်တင်ဘာလ ၁၂ ရက်၊ ၂၀၂၄ ခုနှစ်။

    ဒီနေ့တင်ဆက်ပေးမယ့် သတင်းတွေကတော့ … စစ်မှုထမ်းဖို့ အဓမ္မစုဆောင်းခံရတဲ့ လူငယ် ၂၇ ယောက်က အစောင့်စစ်သား နှစ်ယောက်ကို တိုက်ခိုက်ပြီး ထွက်ပြေး လွတ်မြောက်သွားခဲ့ပါတယ်။

    နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသကနေ အိန္ဒိယနိုင်ငံရှိ နာဂလဲန်း ပြည်နယ်ထဲ တိမ်းရှောင်နေရတဲ့ ပြည်သူတွေ ထောက်ပံ့ကြေးမရတော့လို့ နေထိုင်စားသောက်ရေး အခက်တွေ့နေကြပါတယ်။

    သတင်းပေးပို့ချက်တွေထဲမှာတော့ ပုလောမြို့နယ်မှာ စစ်ကောင်စီက ဖမ်းဆီးထားတဲ့ အမျိုးသမီးတွေနဲ့ လူငယ်အယောက် ၂၀ ကျော်ရဲ့ အသက်အန္တရာယ်အတွက် စိုးရိမ်နေကြရတဲ့အကြောင်းနဲ့ တခြားစိတ်ဝင်စားစရာ သတင်းတွေကို နားဆင် ရဖို့ ရှိပါတယ်။ 

    13 min

About Network Media Group (NMG)

From the publisher's feed

Network Media Group: Independent News Agency Producing Multimedia Products can be seen on http://www.nmg-news.com, founded 2001 April 1.