Sign up to save your podcasts
Or

သတင်းထုတ်လွှင့်ချက် - (EP - 331)
စက်တင်ဘာလ ၁၀ ရက်၊ ၂၀၂၄ ခုနှစ်။
ဒီနေ့တင်ဆက်ပေးမယ့် သတင်းတွေကတော့ … စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု၊ ပြည်သူလူထုကို သတ်ဖြတ်နေမှု အပါအဝင် စစ်ရာဇဝတ်မှု၊ လူသားမျိုး နွယ်အပေါ် ပြစ်မှုကျူးလွန်နေတဲ့ အကြမ်းဖက် တိုက်ခိုက်မှုလုပ်ရပ်တွေကို မှတ်တမ်းတင်ထားကြောင်း ညီနောင်မဟာမိတ် ၃ ဖွဲ့က ပူးတွဲ ထုတ်ပြန်လိုက်ပါတယ်။
တနင်္သာရီမြို့နယ်ထဲမှာတော့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်တို့ကြား နေ့တိုင်းလိုလို တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ တောင်ပိုင်းညီနောင်များ တပ်ပေါင်းစု စစ်ကြောင်းက ပြောပါတယ်။
သတင်းပေးပို့ချက်တွေထဲမှာတော့ ကိုးကန့်တပ်မတော် MNDAA ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ် မြောက် ပိုင်း၊ လားရှိုးမြို့ ပြန်လည် ထူထောင်ရေး လုပ်ငန်းတွေမှာ CDM ဝန်ထမ်းတွေနဲ့ လည်ပတ်နိုင်ရေး စာရင်းပေး သွင်းနိုင်တယ်လို့ ထုတ်ပြန်ပြောဆိုလိုက်တဲ့ အကြောင်းနဲ့ တခြား စိတ်ဝင်စားစရာ သတင်းတွေကို နားဆင် ရဖို့ ရှိပါတယ်။
သတင်းထုတ်လွှင့်ချက် - (EP - 330)
စက်တင်ဘာလ ၈ ရက်၊ ၂၀၂၄ ခုနှစ်။
ဒီနေ့တင်ဆက်ပေးမယ့် သတင်းတွေကတော့ … ဖားကန့်မြို့မှာ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေး တပ်မတော် KIA ပူးပေါင်း တပ်တို့ အကြား တိုက်ပွဲ ပြင်းထန်နေပြီး ဒေသခံတွေ စစ်ဘေးရှောင်နေကြရပါတယ်။
နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့နယ်နဲ့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ကို သွားတဲ့ ခရီးစရိတ် ကားခက ကျပ်လေးသိန်းထိ တက်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
သတင်းပေးပို့ချက်တွေထဲမှာတော့ စစ်မြေပြင် မဟုတ်တဲ့၊ စစ်ရေးပစ်မှတ်မဟုတ်တဲ့ နေရာတွေ ကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေကို ကျူးလွန်နေတဲ့ စစ်ကောင်စီတပ်ကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံ ရုံးမှာ အရေးယူသွားနိုင်ရေး ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) က လုပ်ဆောင် သွားမယ်လို့ ပြောဆိုလိုက်တဲ့အကြောင်းနဲ့ တခြား စိတ်ဝင်စားစရာ သတင်းတွေကို နားဆင် ရဖို့ ရှိပါတယ်။
သတင်းထုတ်လွှင့်ချက် - (EP - 329)
စက်တင်ဘာလ ၆ ရက်၊ ၂၀၂၄ ခုနှစ်။
ဒီနေ့တင်ဆက်ပေးမယ့် သတင်းတွေကတော့ … ရှမ်းမြောက်ဒေသ၊ နမ့်ခမ်းမြို့ကို တိုက်ပွဲမဖြစ်ဘဲ စစ်တပ်က လေကြောင်းကနေ ပေါင် ၅၀၀ ဗုံးနဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့လို့ ကလေးအပါအဝင် အရပ်သား ၁၁ ယောက် သေဆုံးခဲ့ ပါတယ်။
ရှမ်း-ကရင်နီ အစပ်ဒေသက ဖယ်ခုံမြို့နယ်ထဲက စစ်ရှောင်စခန်း တစ်ခုကိုလည်း စစ်တပ်က လေကြောင်း ကနေ ဗုံးကြဲခဲ့လို့ ကလေး ၇ ယောက် အပါအဝင် စစ်ရှောင် ၉ ယောက် သေဆုံးခဲ့ပါတယ်။
သတင်းပေးပို့ချက်တွေထဲမှာတော့ အင်းစိန်ထောင်ထဲက တီဘီရောဂါဝေဒနာရှင် နိုင်ကျဉ်းတစ်ယောက် လိင်တူ အဓမ္မပြုကျင့်ခံရမှုနဲ့ ပတ်သက်တဲ့ သတင်းပေးပို့ချက်နဲ့ တခြား စိတ်ဝင်စားစရာ သတင်းတွေကို နားဆင် ရဖို့ ရှိပါတယ်။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။
သတင်းထုတ်လွှင့်ချက် - (EP - 328)
စက်တင်ဘာလ ၄ ရက်၊ ၂၀၂၄ ခုနှစ်။
ဒီနေ့တင်ဆက်ပေးမယ့် သတင်းတွေကတော့ … စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ်ထဲက မောင်းကုန်းရွာကို စစ်ကောင်စီတပ်က လေကြောင်းအသုံးပြုတိုက်ခိုက် ခဲ့တဲ့အတွက် အရပ်သား ၉ ယောက် သေဆုံးခဲ့ပါတယ်။
ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေး ကောင်စီ (IEC) က “တရားဥပဒေစိုးမိုးရေးစီမံချက်” ကို
စက်တင်ဘာ လ ၄ ရက်နေ့မှာ ချမှတ် လိုက်ပါတယ်။
သတင်းပေးပို့ချက်တွေထဲမှာတော့ မြန်မာငွေတန်ဖိုး ကျဆင်းလာတဲ့ အတွက် ထိုင်း-မြန်မာနယ်စပ် မြန်မာ ဘက်ခြမ်း၊ ကရင်နီပြည်ထဲက စစ်ရှောင်တွေနဲ့ ဒေသခံပြည်သူတွေ စားနပ်ရိက္ခာ ဝယ်ယူရရှိရေး ပိုမိုခက်ခဲလာပြီး ကုန်စျေးနှုန်းမြင့်တက်မှု ဒဏ်ကို အလူးအလဲ ခံနေရတဲ့အကြောင်းနဲ့ တခြား စိတ်ဝင်စားစရာ သတင်းတွေကို နားဆင် ရဖို့ ရှိပါတယ်။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။
NMG ရဲ့ သတင်းတွေကို
youtube - https://www.youtube.com/@NetworkMediaGroupNMG
Website - https://www.nmg-news.net/
Facebook - https://www.facebook.com/networkmediagroupnmg
Twitter - https://twitter.com/NetworkMediaGr1 တို့မှာ ဝင်ရောက် ကြည့်ရှု့လို့ရပါတယ်။
သတင်းထုတ်လွှင့်ချက် - (EP - 327)
စက်တင်ဘာလ ၂ ရက်၊ ၂၀၂၄ ခုနှစ်။
ဒီနေ့တင်ဆက်ပေးမယ့် သတင်းတွေကတော့ … ကျောက်ပန်းတောင်းမြို့နယ်ထဲ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ မြင်းခြံကုန်းရွာက မိသားစုဝင် လေးယောက် သေဆုံးခဲ့ပါတယ်။
နောင်ချိုမြို့နယ်ထဲက တောင်ခမ်းဒေသတဝိုက်ကို ပြင်ဦးလွင်မြို့အထိုင် စစ်တပ်စခန်းတွေကနေလက်နက်ကြီး တွေ နဲ့ ပစ်ကူနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
သတင်းပေးပို့ချက်တွေထဲမှာတော့ “၁၀၂၇” စစ်ဆင်ရေးထဲ သိမ်းပိုက်ထားတဲ့ မြို့နယ်တွေထဲမှာအုပ်ချုပ်ရေး ယန္တရားတွေ လည်ပတ်နိုင်ရေး ဒေသခံလူထုနဲ့ ပူပေါင်းလုပ်ဆောင်သွားမယ်လို့ TNLA ရဲ့အထွေထွေ အတွင်းရေး မှူး ဗိုလ်ချုပ် တာဘုန်းကျော်က ပြောဆိုလိုက်တဲ့ အကြောင်းနဲ့ တခြားစိတ်ဝင်စားစရာ သတင်းတွေကို နားဆင် ရဖို့ ရှိပါတယ်။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။
သတင်းထုတ်လွှင့်ချက် - (EP - 326)
ဩဂုတ်လ ၂၉ ရက်၊ ၂၀၂၄ ခုနှစ်။
ဒီနေ့တင်ဆက်ပေးမယ့် သတင်းတွေကတော့ … ရှမ်းမြောက် နောင်ချိုမြို့နယ်ထဲက တောင်ခမ်းရွာအခြေစိုက် စစ်ကောင်စီရဲ့ အမြောက်တပ် ၂၀၆ တပ်စခန်းကို တအာင်းတပ်ဖွဲ့ TNLA က သိမ်းပိုက်လိုက်ပြီ ဖြစ်ပါတယ်။
ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်ထဲက ဆားပြင်ကြီးရွာကို စစ်ကောင်စီ ရေတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ အမျိုးသမီးတစ်ယောက်ပါအဝင် ဒေသခံ သုံးယောက် သေဆုံးသွားပါတယ်။
သတင်းပေးပို့ချက်တွေထဲမှာတော့ ရှမ်းပြည်နယ် မြောက်ပိုင်း၊ သီပေါမြို့မှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး နဲ့ လေကြောင်းကနေ ပစ်ခတ်မှုတွေကြောင့် အရပ်သား ၁၉ ယောက် သေဆုံးပြီး ၁၉ ယောက် ဒဏ်ရာရရှိခဲ့တဲ့ အကြောင်းနဲ့ တခြား စိတ်ဝင်စားစရာ သတင်းတွေကို နားဆင်ရဖို့ ရှိပါတယ်။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။
သတင်းထုတ်လွှင့်ချက် - (EP - 325)
ဩဂုတ်လ ၂၇ ရက်၊ ၂၀၂၄ ခုနှစ်။
ဒီနေ့တင်ဆက်ပေးမယ့် သတင်းတွေကတော့ … ရှမ်းပြည်နယ် မြောက်ပိုင်း သီပေါမြို့ပေါ်ရှိ စာသင်ကျောင်းကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲခဲ့လို့ ဒေသခံနှစ်ဦး သေဆုံးသွားခဲ့ပါတယ်။
မောင်တောမြို့သိမ်းတိုက်ပွဲ ဆက်ပြင်းထန်နေပြီး သုံးရက်တာအတွင်း စစ်ကောင်စီဘက်က အယောက် ၁၀၀ ကျော်သေဆုံးခဲ့တယ်လို့ အာရက္ခတပ်တော် AA က သတင်းထုတ်ပြန်ပါတယ်။
သတင်းပေးပို့ချက်တွေထဲမှာတော့ မွန်ပြည်နယ်အတွင်းက မြို့နယ်တွေမှာ အမျိုးသမီးတွေကိုပါ စစ်ကောင်စီ က စစ်မှုထမ်းသင်တန်း တက်ရောက်ဖို့ စုဆောင်းမှုတွေကို အတင်းအကြပ် ဖိအားပေး လုပ်ဆောင်နေတဲ့ အကြောင်းနဲ့ တခြား စိတ်ဝင်စားစရာ သတင်းတွေကို နားဆင်ရဖို့ ရှိပါတယ်။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။
သတင်းထုတ်လွှင့်ချက် - (EP - 324)
ဩဂုတ်လ ၂၄ ရက်၊ ၂၀၂၄ ခုနှစ်။
ဒီနေ့တင်ဆက်ပေးမယ့် သတင်းတွေကတော့ … ရှမ်းပြည်နယ် မြောက်ပိုင်း သီပေါမြို့ပေါ်ကို စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ အရပ်သား ပြည်သူ တစ်ယောက် သေဆုံးခဲ့ပါတယ်။
အာရက္ခတပ်တော်နဲ့ ဆက်စပ်တယ် စွပ်စွဲခံရပြီး ဥပဒေပုဒ်မ ၁၇-၁ နဲ့ တရားစွဲခံထားရတဲ့ ရခိုင်ပြည်၊စစ်တွေမြို့၊ မင်းဂံရပ်ကွက်က ဒေသခံ ၄၀ ကျော်အမှုကို စတင်စစ်ဆေးနေပြီလို့ နီးစပ်သူတွေကပြောပါတယ်။
သတင်းပေးပို့ချက်တွေထဲမှာတော့ ကိုးကန့်တပ်မတော် MNDAA က တိုက်ခိုက်သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ဒေသတွေမှာ နိုင်ငံတကာ အဆင့်မှီ ကျန်းမာရေးစနစ်ကို CDM ကျန်းမာရေးဝန်ထမ်း အယောက် ၅၀၀ ဝန်းကျင်နဲ့ စပြီး အကောင်အထည်ဖော်နေတဲ့ အကြောင်းနဲ့ တခြားစိတ်ဝင်စားစရာ သတင်းတွေကို နားဆင်ရဖို့ ရှိပါတယ်။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။
သတင်းထုတ်လွှင့်ချက် - (EP - 323)
ဩဂုတ်လ ၂၂ ရက်၊ ၂၀၂၄ ခုနှစ်။
ဒီနေ့တင်ဆက်ပေးမယ့် သတင်းတွေကတော့ … သီပေါမြို့နယ်ထဲက စစ်ကောင်စီရဲ့ ခြေလျင်တပ်ရင်း (၁၄၇) နဲ့ လက်အောက်ခံ ပြည်သူ့စစ်စခန်းတွေကို ကိုးကန့်တပ်မတော် (MNDAA) က တိုက်ခိုက် သိမ်းပိုက်လိုက်ပြီ ဖြစ်ပါတယ်။
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့က အမျိုးသမီးရှေ့နေ တစ်ယောက်ကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားပါတယ်။
သတင်းပေးပို့ချက်တွေထဲမှာတော့ ဒိုက်ဦးအကျဉ်းထောင်ထဲက နိုင်ငံရေး အကျဉ်းသူတွေ ရိုက်နှက်ခံရတာကြောင့် လုံခြုံရေးနဲ့ အသက်အန္တရာယ် စိုးရိမ်နေရတဲ့အကြောင်းနဲ့ တခြား စိတ်ဝင်စားစရာ သတင်းတွေကို နားဆင်ရဖို့ ရှိပါတယ်။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။
သတင်းထုတ်လွှင့်ချက် - (EP - 322)
ဩဂုတ်လ ၂၀ ရက်၊ ၂၀၂၄ ခုနှစ်။
ဒီနေ့တင်ဆက်ပေးမယ့် သတင်းတွေကတော့ … ကချင်ပြည်၊ မိုးမောက်က စစ်ကောင်စီတပ်ရဲ့ နောက်ဆုံးလက်ကျန် တပ်စခန်းကို KIA နဲ့ ပူးပေါင်းအဖွဲ့တွေက သိမ်းပိုက်ပြီးနောက် မြို့တခုလုံးကို ထိန်းချုပ်ထားလိုက်ပြီ ဖြစ်ပါတယ်။
ကိုးကန့်တပ်ဖွဲ့ MNDAA က တိုက်ခိုက် သိမ်းပိုက်ထားတဲ့ ရှမ်းပြည်အထူးဒေသ ၁ မှာ နိုင်ငံတကာအဆင့်မှီ ကျန်းမာရေး စနစ်ကို CDM ကျန်းမာရေး ဝန်ထမ်းတွေနဲ့ စတင် အကောင်အထည် ဖော်နေပြီ ဖြစ်ပါတယ်။
သတင်းပေးပို့ချက်တွေထဲမှာတော့ ချင်းပြည်နယ်၊ ဟားခါးမြို့ရှိ ဟားခါးတက္ကသိုလ်ဘက်ကို မသွားလာကြဖို့ CDF ဟားခါးက ထုတ်ပြန်လိုက်တဲ့အကြောင်းနဲ့ တခြားစိတ်ဝင်စားစရာ သတင်းတွေကို နားဆင်ရဖို့ ရှိပါတယ်။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။
From the publisher's feed
Network Media Group: Independent News Agency Producing Multimedia Products can be seen on http://www.nmg-news.com, founded 2001 April 1.