Network Media Group (NMG)

Network Media Group (NMG)

Download on the App Store

Network Media Group (NMG) episodes

  • သတင်းထုတ်လွှင့်ချက် - (EP - 321)

    သတင်းထုတ်လွှင့်ချက် - (EP - 321)

    ဩဂုတ်လ ၁၈ ရက်၊ ၂၀၂၄ ခုနှစ်။

    ဒီနေ့တော့ သတင်းပေးပို့ချက်တွေကို နားဆင်ရဖို့ ရှိနေပါတယ်။

    သတင်းပေးပို့ချက်ထဲမှာတော့ ချင်းပြည်နယ်၊ မတူပီမှာ လုံခြုံမှု မရှိသေးဘူးလို့ ယူဆရတာကြောင့် စစ်ရှောင် ပြည်သူတွေက မပြန်ရဲကြသေးတဲ့အကြောင်း သတင်းပေးပို့ချက်၊ 

    ပညာရေးဌာနဟာ အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM)မှာ အဓိကအကျဆုံး အင်အားစု အဖြစ် ပါဝင်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ပြောလိုက်တဲ့အကြောင်းနဲ့ တခြားစိတ်ဝင်စားစရာ သတင်းပေးပို့ချက်တွေကို နားဆင်ရဖို့ရှိနေပါတယ်။

    သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။

    12 min
  • သတင်းထုတ်လွှင့်ချက် - (EP - 320)

    သတင်းထုတ်လွှင့်ချက် - (EP - 320)

    ဩဂုတ်လ ၁၆ ရက်၊ ၂၀၂၄ ခုနှစ်။

    ဒီနေ့တော့ သတင်းပေးပို့ချက်တွေကို နားဆင်ရဖို့ ရှိနေပါတယ်။

    သတင်းပေးပို့ချက်ထဲမှာတော့ ဆားလင်းကြီးမြို့နယ်ထဲက ရွာတစ်ရွာမှာ စစ်တပ်က ပစ်လိုက်တဲ့ လက်နက်ကြီး ကျည် ထိမှန်ပြီး အမျိုးသမီးတစ်ယောက် ကိုယ်ဝန် ပျက်ကျသွားပါတယ်။

    ချင်းလဲန်းကောင်စီ ပူးပေါင်းတပ်တွေက သိမ်းပိုက်နိုင်ခဲ့ ဟားခါးမြို့နယ်ထဲက စစ်ကောင်စီရဲ့ တပ်စခန်းဟာ စစ်ရေးအရ ဘယ်လောက်ထိ အရေးပါသလဲ ဆိုတဲ့ သတင်းပေးပို့ချက်တွေနဲ့ အတူ တခြား စိတ်ဝင်စားစရာ သတင်းပေးပို့ချက်တွေကို နားဆင်ရဖို့ ရှိနေပါတယ်။

    သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။

    10 min
  • သတင်းထုတ်လွှင့်ချက် - (EP - 319)

    သတင်းထုတ်လွှင့်ချက် - (EP - 319)

    ဩဂုတ်လ ၁၄ ရက်၊ ၂၀၂၄ ခုနှစ်။

    ဒီနေ့တော့ သတင်းပေးပို့ချက်တွေကို နားဆင်ရဖို့ ရှိနေပါတယ်။

    သတင်းပေးပို့ချက်ထဲမှာတော့ ဇူလိုင်လအတွင်း နိုင်ငံတဝှမ်းမှာ အမျိုးသမီး ၆၃ ယောက်ဟာ စစ်ကောင်စီရဲ့ အကြမ်းဖက်လုပ်ရပ်တွေကြောင့် သေဆုံးခဲ့တယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) က ပြောပါတယ်။

    နိုင်ငံရဲ့ တောင်ပိုင်းက ဇူလိုင်လ တစ်လတာအတွင်း စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် ဒေသခံ ခုနှစ်သောင်းခွဲ နေရပ်ကနေ စွန့်ခွာ စစ်ဘေးရှောင်ခဲ့ရတဲ့ အကြောင်းနဲ့

    ရှမ်းပြည်ရဲ့ မြို့တော် တောင်ကြီးမှာ စက်သုံးဆီတွေ ပြတ်သွားအကြောင်း သတင်းပေးပို့ချက်တွေကို နားဆင်ရဖို့ရှိပါတယ်။

    သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။

    10 min
  • သတင်းထုတ်လွှင့်ချက် - (EP - 318)

    သတင်းထုတ်လွှင့်ချက် - (EP - 318)

    ဩဂုတ်လ ၁၂ ရက်၊ ၂၀၂၄ ခုနှစ်။

    ဒီနေ့တော့ သတင်းပေးပို့ချက်တွေကို နားဆင်ရဖို့ ရှိနေပါတယ်။

    သတင်းပေးပို့ချက်ထဲမှာတော့ ချင်းပြည်နယ်၊ ပလက်ဝမြို့ဘက်က ပြည်သူတွေ အခြေခ စားသောက် ကုန်နဲ့ ဆေးဝါးတွေ ပြတ်တောက်နေပါတယ်။

    ရှမ်းတောင်ပိုင်း၊ ကျေးသီးမြို့နယ်ထဲကို ရောက်သွားတဲ့ လားရှိုးက စစ်ရှောင်ပြည်သူတွေနဲ့ မိဘမဲ့ဂေဟာက ကလေးတွေအတွက် အကူအညီတွေ လိုအပ်နေတဲ့အကြောင်းနဲ့ တခြား စိတ်ဝင်စားစရာ သတင်းပေးပို့ချက်တွေ ကို နားဆင်ရဖို့ ရှိနေပါတယ်။

    သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။

    12 min
  • သတင်းထုတ်လွှင့်ချက် - (EP - 317)

    သတင်းထုတ်လွှင့်ချက် - (EP - 317)

    ဩဂုတ်လ ၁၀ ရက်၊ ၂၀၂၄ ခုနှစ်။

    ဒီနေ့တော့ သတင်းပေးပို့ချက်တွေကို နားဆင်ရဖို့ ရှိနေပါတယ်။

    သတင်းပေးပို့ချက်ထဲမှာတော့ ချင်းပြည်နယ်၊ ထန်တလန်မြို့မှာ စစ်ကောင်စီတပ်က ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေကို ဖိလစ်ပိုင်နိုင်ငံမှာ တရားစွဲဆိုနိုင်ဖို့ လျှောက်ထားခဲ့ရာ ပယ်ချခံလိုက်ရတဲ့ အကြောင်း၊ 

    ကရင်နီပြည် အခြေစိုက် ဝရဇိန် ဒရုန်းတပ်ဖွဲ့နာမည်နဲ့ တစ်ထေရာတည်း တူညီတဲ့ နောက်ထပ် ဒရုန်းတပ်ဖွဲ့က လူမှုကွန်ယက်စာမျက်နှာ (Facebook)မှာ ပေါ်နေတယ်လို့ အဖွဲ့တာဝန်ရှိသူတွေက ပြောလိုက်တဲ့ အကြောင်းနဲ့ တခြား စိတ်ဝင်စားစရာ သတင်းပေးပို့ချက်တွေကို နားဆင်ရဖို့ ရှိနေပါတယ်။

    သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။

    11 min
  • သတင်းထုတ်လွှင့်ချက် - (EP - 316)

    သတင်းထုတ်လွှင့်ချက် - (EP - 316)

    ဩဂုတ်လ ၈ ရက်၊ ၂၀၂၄ ခုနှစ်။

    ဒီနေ့တော့ သတင်းပေးပို့ချက်တွေကို နားဆင်ရဖို့ ရှိနေပါတယ်။

    သတင်းပေးပို့ချက်ထဲမှာတော့ အင်းလေး ဒေသထဲက ဦးတေဇပိုင် ဟိုတယ်မှာ ကျင်းပပြုလုပ်တဲ့ ရှိုးပွဲကို အင်းလေးအမျိုးသမီး သမဂ္ဂအဖွဲ့က ကန့်ကွက်ရှုတ်ချလိုက်တဲ့သတင်း

    မြိတ်ခရိုင် ပုလောမြို့နယ်ထဲက စစ်ဘေးရှောင် ပြည်သူ ၃၀၀ ကျော် ဝမ်းပျက်ဝမ်းလျှော ရောဂါကို ခံစားနေရပြီး ဆေးဝါး အကူအညီတွေ လိုအပ်နေတယ်တဲ့ သတင်းနဲ့ တခြား စိတ်ဝင်စားစရာ သတင်းပေးပို့ချက်တွေကို နားဆင်ရဖို့ ရှိနေပါတယ်။

    သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။

    11 min
  • သတင်းထုတ်လွှင့်ချက် - (EP - 315)

    သတင်းထုတ်လွှင့်ချက် - (EP - 315)

    ဩဂုတ်လ ၆ ရက်၊ ၂၀၂၄ ခုနှစ်။

    ဒီနေ့တော့ သတင်းပေးပို့ချက်တွေကို နားဆင်ရဖို့ ရှိနေပါတယ်။

    သတင်းပေးပို့ချက်ထဲမှာတော့ ချင်းပြည်နယ်၊ ဖလမ်းမြို့က ပြည်သူတွေ တိုက်ပွဲတွေ ဖြစ်လာမှာကို စိုးရိမ်ပြီး မြို့ကနေ စွန့်ခွာထွက်ပြေးနေကြရပါတယ်။

    ချင်းပြည်၊ မတူပီတိုက်ပွဲထဲ စစ်သုံ့ပန်း အယောက် ၈၀ နီးပါးကို ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ CDF မတူပီက ဖမ်းဆီးရမိထားတဲ့အကြောင်းနဲ့ တခြား စိတ်ဝင်စားစရာ သတင်းပေးပို့ချက်တွေကို နားဆင်ရဖို့ ရှိနေပါတယ်။

    သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။

    10 min
  • သတင်းထုတ်လွှင့်ချက် - (EP - 314)

    သတင်းထုတ်လွှင့်ချက် - (EP - 314)

    ဩဂုတ်လ ၃ ရက်၊ ၂၀၂၄ ခုနှစ်။

    ဒီနေ့တော့ သတင်းပေးပို့ချက်တွေကို နားဆင်ရဖို့ ရှိနေပါတယ်။

    သတင်းပေးပို့ချက်ထဲမှာတော့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်အနေနဲ့ ကုန်ပစ္စည်းတွေ ဝယ်ယူရာမှာ အလကား မပေးဘဲ ပစ္စည်းတန်ဖိုး အတွက် ပိုက်ဆံယူကြဖို့ ဈေးသည်တွေကို (MDY PDF) က  ထုတ်ပြန် တောင်းဆိုထားပါ တယ်။

    စစ်ကိုင်းတိုင်း၊ ကန့်ဘလူဘက်မှာ စစ်ကောင်စီတပ်က လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ကျူးလွန်တဲ့ အကြောင်းနဲ့ ကရင်နီ၊ လွိုင်ကော်မြို့မှာ အရပ်သား ပြည်သူတွေရဲ့ အိမ်တွေကို စစ်ကောင်စီတပ်က နေ့တိုင်း မီးရှို့ ဖျက်ဆီးနေတဲ့ အကြောင်းတွေကို နားဆင်ရဖို့ ရှိပါတယ်။

    သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။

    10 min
  • သတင်းထုတ်လွှင့်ချက် - (EP - 313)

    သတင်းထုတ်လွှင့်ချက် - (EP - 313)

    ဇူလိုင်လ ၃၁ ရက်၊ ၂၀၂၄ ခုနှစ်။

    ကျေးသီးမြို့နယ်ထဲက စစ်ဘေးရှောင်ကူညီသူ အမျိုးသမီးတစ်ဦးနှင့် ဆက်သွယ်မေးမြန်းချက် 

    ဒီကနေ့မှာတော့ ဆက်သွယ်မေးမြန်းချက် တပုဒ်ကို တင်ဆက်ပေးထားပါတယ်။  ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းထဲ ဖြစ်ပွားနေတဲ့ ရှမ်းမြောက်၊ လားရှိုးမြို့နယ်ထဲက တိုက်ပွဲတွေကြောင့် အရပ် သားပြည်သူတွေ ဘေးလွှတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရပါတယ်။ ဒီလို တိမ်းရှောင်ရတဲ့သူတွေထဲ ကလေး တွေ၊ သက်ကြီးရွယ်အိုတွေ၊ အမျိုးသမီးတွေကတော့ တခြားသာမာန်လူတွေထက် ပိုဒုက္ခအခက်အခဲတွေ ဖြစ်နေ ပါတယ်။

    အဲ့ဒီထဲ ကျေးသီးမြို့နယ်ဘက်ကို ထွက်ပြေးသွားတဲ့ မိဘမဲ့ဂေဟာက ကလေး အယောက် ၂၀၀ ကျော်လည်း ပါဝင်ပါတယ်။ ကျေးသီးမြို့နယ်ဘက်ကိုတော့ မိဘမဲ့ဂေဟာက ကလေးတွေအပြင် လားရှိုးဒေသခံတွေလည်း ပါတယ်။ အယောက် ၄၀၀ ကျော် ၅၀၀ နီးပါးရှိနေပြီး သူတို့တွေအတွက် အရေးပေါ် အကူအညီတွေ လိုအပ်နေ ကြပါတယ်။ 

    ဒီအကြောင်း မိဘမဲ့ဂေဟာက ကလေးတွေနဲ့ စစ်ရှောင်တွေကို ကူညီပေးနေတဲ့ ကျေးသီးမြို့နယ်ထဲက အမျိုးသမီး တစ်ယောက်ကို သတင်းနှင့်မီဒီယာ ကွန်ရက် သတင်းဌာနက မအားမီက ဆက်သွယ်မြန်းထားတဲ့ ဆက်သွယ် မေး မြန်းချက်ကို တင်ဆက်ပေးသွားပါ့မယ်ရှင်။

    သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။

    14 min
  • သတင်းထုတ်လွှင့်ချက် - (EP - 312)

    သတင်းထုတ်လွှင့်ချက် - (EP - 312)

    ဇူလိုင်လ ၃၀ ရက်၊ ၂၀၂၄ ခုနှစ်။

    ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် SHRF ပြောရေးဆိုခွင့်ရှိသူ ယိင်းလျန်းဟန်နှင့် ဆက်သွယ်မေးမြန်းချက်

    ဒီကနေ့မှာတော့ ဆက်သွယ်မေးမြန်းချက် တပုဒ်ကို တင်ဆက်ပေးထားပါတယ်။ ရှမ်းမြောက်ဒေသက ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းအတွင်း ဒေသခံ ပြည်သူတချို့ မိမိတို့ရဲ့ နေရပ်မြို့တွေက နေ တိမ်းရှောင်သွားကြပြီး တချို့တွေက မြို့တွင်းမှာ ပိတ်မိနေဆဲ ဖြစ်တယ်လို့ ရှမ်းလူ့အခွင့်အရေး မဏ္ဍိုင်က ပြောပါတယ်။

    အထူးသဖြင့် ကျောက်မဲမြို့နယ်အတွင်းက ဒေသခံ အများစုက တိုက်ပွဲကြားမှာ ပိတ်မိနေဆဲ ဖြစ်ပါတယ်။ လက်ရှိမှာ ပြည်သူအချင်းချင်းရဲ့ ကူညီမှုတွေနဲ့ပဲ ရပ်တည်နေကြရပြီး အခက်အခဲတွေ ရှိနေတဲ့အတွက် နိုင်ငံတ ကာ အနေနဲ့ အကူအညီပေးဖို့ တောင်းဆို SHRF က တောင်းဆိုထားပါတယ်။

    ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်း စတင်ချိန်ကနေ ဒီနေ့အချိန်ထိ ရှမ်းပြည်နယ် မြောက်ပိုင်းရှိ နောင်ချို၊ ကျောက်မဲ၊ သီပေါမြို့တို့မှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းမှ တိုက်ခိုက်မှု၊ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် အရပ်သား ထိခိုက်သေဆုံးမှုတွေအပြင် အဆောက်အအုံပေါင်းများစွာ ထိမှန်ပျက်စီးကုန်ပါတယ်။

    စစ်ရေး ပစ်မှတ်၊ အရပ်သား ပစ်မှတ် မခွဲခြားဘဲ အရပ်သား ပြည်သူတွေကို ဦးတည်တိုက်ခိုက်နေတဲ့ စစ်ကောင်စီ တပ်ကို အရေးယူ အပြစ်ပေးနိုင်တဲ့အထိ အကူအညီပေးကြဖို့ကိုလည်း ရှမ်းလူ့အခွင့်အရေး မဏ္ဍိုင် SHRF က နိုင်ငံတကာကို တောင်းဆိုထားပါတယ်။

    SHRF ပြောရေးဆိုခွင့်ရှိသူ ယိင်းလျန်းဟန်ကို သတင်းနှင့်မီဒီယာကွန်ရက် သတင်းဌာနက မေက ဆက်သွယ် မေးမြန်းထားပါတယ်။

    သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။

    8 min

About Network Media Group (NMG)

From the publisher's feed

Network Media Group: Independent News Agency Producing Multimedia Products can be seen on http://www.nmg-news.com, founded 2001 April 1.