Sign up to save your podcasts
Or

သတင်းထုတ်လွှင့်ချက် - (EP - 391)
ဇန်နဝါရီလ ၁၉ ရက်၊ ၂၀၂၅ ခုနှစ်။
ဒီနေ့သတင်းတွေထဲမှာတော့ ဒေသတွင်း နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုတွေကို တိုက်ဖျက်ဖို့ အရှေ့ တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ) အဖွဲ့ဝင် နိုင်ငံတွေကို တရုတ်က တိုက်တွန်း လိုက်ပါတယ်။
အာရက္ခတပ်တော် (AA) ထိန်းချုပ်ရာ ပုဏ္ဏားကျွန်း မြို့နယ်ထဲက ရွာတွေကို စစ်တွေမြို့အခြေစိုက် စစ်ကောင်စီ တပ်ရင်းတွေက လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကြောင့် နေအိမ်တချို့ မီးလောင်ပျက်စီးသွားခဲ့ပါတယ်။
တမူးမြို့နယ်၊ ခမ်းပါတ်မြို့နဲ့ ကနန်ရွာကို စစ်ကောင်စီက လေကြောင်းကနေ ၃ ကြိမ် ဗုံးကြဲ တိုက်ခိုက်ခဲ့လို့ ကလေးနဲ့ သံဃာတော်တွေတွေ အပါအဝင် ၆ ယောက် သေဆုံးခဲ့ပါတယ်။
သတင်းပေးပို့ချက်တွေထဲမှာတော့ စစ်ရေးပဋိပက္ခတွေကို လျော့ချဖို့ နိုင်ငံတကာရဲ့ တွန်းအားကို ရယူပြီး သက်ဆိုင်သူတွေ အားလုံးပါဝင်တဲ့ နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုတွေ ဖြစ်ပါ်လာအောင် လုပ်ဆောင်သွားမယ်လို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အစည်း (၇) ဖွဲ့ရဲ့ မဟာမိတ်အဖွဲ့ - 7 EAO Alliance က ပြောဆိုလိုက်တဲ့ အကြောင်းနဲ့ တခြားစိတ်ဝင်စားစရာ သတင်းတွေကို နားဆင်ရဖို့ ရှိနေပါတယ်။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။
သတင်းထုတ်လွှင့်ချက် - (EP - 390)
ဇန်နဝါရီလ ၁၇ ရက်၊ ၂၀၂၅ ခုနှစ်။
ဒီနေ့သတင်းတွေထဲမှာတော့ စစ်ကောင်စီတပ်နဲ့ ကိုးကန့်တပ်မတော် (MNDAA) က နှစ်ဖက် ကိုယ်စားလှယ်တွေ တရုတ်နိုင်ငံ၊ ကူမင်းမြို့မှာ ဒုတိယအကြိမ် တွေ့ဆုံ ဆွေးနွေးနေကြပါတယ်။
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ် အနောက်ပိုင်း မာမစ်ခရိုင်မှာ ချင်းအမျိုးသားတပ်ဦးက ခေါင်းဆောင်တစ်ယောက် အပါအဝင် ငါးယောက်ကို လက်နက်ခဲယမ်းတွေနဲ့အတူ ဖမ်းဆီးရမိတယ်လို့ အိန္ဒိယအခြေစိုက် သတင်းက ဖော်ပြပါတယ်။
ကယားပြည်နယ်နေ့မှာ ကရင်နီပြည်ထဲရှိ စစ်ဘေးရှောင်စခန်း တစ်ခုကို စစ်တပ်က လေကြောင်း ကနေ တိုက်ခိုက်ခဲ့လို့ မိသားစုဝင် ၃ ယောက် သေဆုံးသွားခဲ့ပါတယ်။
သတင်းပေးပို့ချက်တွေထဲမှာတော့ ကချင်ပြည်၊ ဗန်းမော်မြို့မှာတော့ မြို့သိမ်းတိုက်ပွဲ ဆက်လက် ပြင်းထန် နေပြီး မြို့ကိုရအောင် တိုက်သွားမယ် လို့ ကချင်လွတ်လပ်ရေးအဖွဲ့ KIO က ပြောဆိုလိုက်တဲ့အကြောင်းနဲ့ တခြားစိတ်ဝင်စားစရာ သတင်းတွေကို နားဆင်ရဖို့ ရှိနေပါတယ်။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။
သတင်းထုတ်လွှင့်ချက် - (EP - 389)
ဇန်နဝါရီလ ၁၅ ရက်၊ ၂၀၂၅ ခုနှစ်။
ဒီနေ့တော့ အထူးကဏ္ဍအနေနဲ့ ဆက်သွယ်မေးမြန်းချက် တစ်ပုဒ်ကို နားဆင်ရဖို့ရှိနေပါတယ်။ ဇိုဖေဒေသမှာ ချင်းအမျိုးသားတပ်ဦးရဲ့ ဒေသကော်မတီ တစ်ရပ်ကို ၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းမှာ ဖွဲ့စည်းခဲ့ကြပါ တယ်။
CNF ပါတီရေးရာ ဌာနဆိုတာ ဘာလဲ၊ ဘယ်လိုရည်ရွယ်ချက်တွေနဲ့ ဖွဲ့စည်းလိုက်တာလဲ၊ ဒီကော်မတီက ဘာတွေ လုပ်သွားဖို့ရှိလဲ၊ ပြည်သူ့အကျိုးပြု လုပ်ငန်းတွေ လုပ်သွားမယ်ဆိုတဲ့ ဒီကော်မတီအကြောင်း ချင်းအမျိုးသား တပ်ဦးရဲ့ ပါတီရေးရာဌာန အတွင်းရေးမှူး ပူးခွါအုပ်လျန်နဲ့ ဆက်သွယ်မေးမြန်းချက်ကို တင်ဆက်ပေးဖို့ရှိပါတယ်။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။
သတင်းထုတ်လွှင့်ချက် - (EP - 388)
ဇန်နဝါရီလ ၁၃ ရက်၊ ၂၀၂၅ ခုနှစ်။
ဒီနေ့တော့ အထူးကဏ္ဍအနေနဲ့ သတင်းဆောင်းပါးတစ်ပုဒ်ကို နားဆင်ရဖို့ရှိနေပါတယ်။ Chinland Council ဥက္ကဋ္ဌ Pu Zing Cung စစ်အာဏာရှင်ကို အမြစ်ပြတ်ခြေမှုန်းရေး၊ ပြည်သူလူထုတွေ စည်းလုံးညီညွှတ် ရေးနဲ့ စစ်အာဏာရှင်က ပြုလုပ်မယ့် ရွေးကောက်ပွဲကို ပံ့ပိုးခြင်း မလုပ်ကြဖို့ ချင်းပြည်သူတွေကို မှာကြားလိုက် ပါတယ်။
ဘာ့ကြောင့် အခုလို မှာကြားလိုက်တာလဲ၊ ချင်းပြည်ထဲက လက်ရှိ စစ်ရေးအခြေအနေတွေကရော ဘယ်လိုရှိနေ လဲ။ ၂၀၂၅ ခုနှစ်ဟာ ချင်းလူမျိုးတွေအတွက် ဘယ်လောက်ထိ အရေးကြီးတဲ့ နှစ်လဲ စတာတွေကို တင်ဆက်ပေးဖို့ ရှိနေပါတယ်။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။
သတင်းထုတ်လွှင့်ချက် - (EP - 387)
ဇန်နဝါရီလ ၁၁ ရက်၊ ၂၀၂၅ ခုနှစ်။
ဒီနေ့သတင်းတွေထဲမှာတော့ မြန်မာနိုင်ငံက ဆက်သွယ်ရေး ကုမ္ပဏီတစ်ခုဖြစ်တဲ့ Mytel ကို အမေရိကန်က ပိတ်ဆို့အရေးယူတဲ့ အပေါ် ကြိုဆိုကြောင်း Burma Campaign UK က ထုတ်ပြန်ပါတယ်။
၂၀၂၄ ခုနှစ်အတွင်း နိုင်ငံတစ်ဝန်းမှာ စစ်ကောင်စီရဲ့ တိုက်ခိုက်မှုကြောင့် အရပ်သား နှစ်ထောင်နီးပါး သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ပါတယ်။
ကချင်ပြည်၊ ဖားကန့်မြို့နယ်နဲ့ စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ်အစပ်မှာ တိုက်ပွဲတွေ ဖြစ်နေပြီး စစ်ကောင်စီတပ် ဘက်ကလည်း လေကြောင်းကနေ တိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်နေပါတယ်။
သတင်းပေးပို့ချက်တွေထဲမှာတော့ ကရင်နီပြည်ရှိ စစ်ကောင်စီတပ်စခန်း အားလုံးကို ၂၀၂၅ ခုနှစ်ထဲ အပြီးပြတ် သိမ်းပိုက်နိုင်ရေး လုပ်သွားမယ် ခွန်းဘီထူးက ပြောဆိုလိုက်တဲ့အကြောင်း နားဆင်ရဖို့ ရှိနေပါတယ်။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။
သတင်းထုတ်လွှင့်ချက် - (EP - 386)
ဇန်နဝါရီလ ၉ ရက်၊ ၂၀၂၅ ခုနှစ်။
ဒီနေ့သတင်းတွေထဲမှာတော့ ရခိုင်ပြည်၊ ရမ်းဗြဲမြို့နယ်ထဲ စစ်ကောင်စီတပ်က လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ အရပ်သား ၂၆ ယောက် သေဆုံးခဲ့တယ်လို့ AA က ထုတ်ပြန်ပါတယ်။
ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်ထဲမှာ စစ်တပ်က နှစ်ပေါင်း ၅၀ အကြာ သိမ်းပိုက်ထားခဲ့ တဲ့ ခူသေစိုးတပ်စခန်းကို ကရင်အမျိုးသား အစည်းအရုံး KNU က ပြန်လည် သိမ်းပိုက်နိုင်ခဲ့ပါတယ်။
နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့နယ်မှာ စစ်မှုထမ်းဖို့အတွက် စစ်တပ်က တစ်ယောက်ကို ကျပ်သိန်း ၃၀ ပေးပြီး ခေါ်ယူနေပေမယ့် လိုက်မယ့်သူ မရှိသေးလို့ ဒေသခံတွေက ပြောပါတယ်။
သတင်းပေးပို့ချက်တွေထဲမှာတော့ ကချင်ပြည်၊ မံစီမြို့ရှိ လက်ကျန်စခန်းတွေကို ကချင်လွတ်လပ်ရေး တပ်မတော် KIA နဲ့ ပူးပေါင်းအဖွဲ့တွေ က သိမ်းယူပြီးနောက် မြို့ကိုအပြီး သိမ်းပိုက်လိုက်တဲ့ အကြောင်းနဲ့ တခြားစိတ်ဝင်စားစရာ သတင်းတွေကို နားဆင်ရဖို့ ရှိနေပါတယ်။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။
သတင်းထုတ်လွှင့်ချက် - (EP - 385)
ဇန်နဝါရီလ ၇ ရက်၊ ၂၀၂၅ ခုနှစ်။
ဒီနေ့သတင်းတွေထဲမှာတော့ မြန်မာနိုင်ငံထဲမှာ ၂၀၂၄ ခုနှစ်အတွင်း စစ်ကောင်စီတပ်ရဲ့ တရားလက် လွတ် သတ်ဖြတ်မှုပေါင်း ၁၇၈၇ ခု ရှိခဲ့တယ်လို့ (NUG) က ပြောဆိုလိုက်ပါတယ်။
ရှမ်းမြောက်၊ နောင်ချိုမြို့နယ်ထဲက ဆီစုံရွာကို စစ်ကောင်စီတပ်က လေကြောင်းအပြင် လက်နက် ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ဘုန်းကြီးကျောင်းနဲ့ အိမ်တွေ ပျက်စီးခဲ့ပါတယ်။
နိုင်ငံတဝန်းရှိ အကျဉ်းထောင်တွေမှာ စစ်ကောင်စီရဲ့ ဥပဒေမဲ့ သတ်ဖြတ်မှုနဲ့ လုံလောက်တဲ့ ဆေးကုသမှု မရတာ ကြောင့် နိုင်ကျဉ်း စုစုပေါင်း ၃၁ ယောက် သေဆုံးခဲ့တယ်လို့ PPNM က ပြောပါတယ်။
သတင်းပေးပို့ချက်တွေထဲမှာတော့ အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီက ကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှု တွေကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး ICC မှာ တရားစွဲဆိုနိုင်ရေး NUG က ဆောင်ရွက်မယ်လို့ ပြော ဆိုလိုက်တဲ့ အကြောင်းတွေကို နားဆင်ရဖို့ ရှိနေပါတယ်။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။
သတင်းထုတ်လွှင့်ချက် - (EP - 384)
ဇန်နဝါရီလ ၅ ရက်၊ ၂၀၂၅ ခုနှစ်။
ဒီနေ့သတင်းတွေထဲမှာတော့ ကရင်နှစ်သစ်ကူးနေ့မှာ သထုံခရိုင်နဲ့ ဖာပွန်ခရိုင်ထဲက ရွာတွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရခိုင်ပြည်အတွင်းက သိန်းနဲ့ချီတဲ့ စစ်ဘေးရှောင်တွေအတွက် စိတ်ကျန်းမာရေးနဲ့ လူမှုဆက်ဆံရေးဆိုင်ရာ ပံ့ပိုးမှု အစီအစဉ်ကို အရပ်ဖက်လူမှု အဖွဲ့အစည်းတွေနဲ့ လက်တွဲပြီး တစ်နှစ်တာ လုပ်ဆောင်ခဲ့တယ်လို့ (ULA/AA) ထုတ် ပြန်ပါတယ်။
သတင်းပေးပို့ချက်တွေထဲမှာတော့ KNU ရဲ့ ဌာနချုပ်ဟောင်း မာနယ်ပလောကို ပြန်လည်ရယူရာမှာ ဘယ်လိုပေးဆပ်မှုတွေနဲ့ ပြန်လည်ရယူခဲ့ကြတာလဲ ဆိုတဲ့အကြောင်းတွေကို နားဆင်ရဖို့ ရှိနေပါတယ်။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။
သတင်းထုတ်လွှင့်ချက် - (EP - 383)
ဇန်နဝါရီလ ၃ ရက်၊ ၂၀၂၅ ခုနှစ်။
ဒီနေ့တော့ သတင်းပေးပို့ချက်တွေကို နားဆင်ရဖို့ရှိနေပါတယ်။
ကရင်နီပြည်၊ လွိုင်ကော်မြို့တွင်းရှိ မြေနိမ့်ပိုင်းရပ်ကွက်တွေ ဒီဇင်ဘာလကုန်အထိ ရေဝပ်နေသေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီရဲ့ လေကြောင်းဗုံးကြဲ တိုက်ခိုက်မှုတွေကြောင့် တရုတ်အစိုးရက ဖောက်လုပ်ဖို့ ပြင်ဆင်နေတဲ့ မူဆယ် – မန္တလေး ရထားလမ်း ဖြတ်သန်းသွားတဲ့ မြို့တွေမှာ နှစ်လအတွင်း အရပ်သား ၂၀၀ လောက် ထိခိုက် သေဆုံးမှုများ ရှိခဲ့တဲ့အကြောင်းနဲ့
စစ်ရေးပဋိပက္ခ ကြာရှည်လာပြီး စစ်ဘောင်ကျယ်ပြန့်လာတာနဲ့အမျှ လူ့အခွင့်အရေး ချိုးဖောက်ခံရတဲ့ ဖြစ်စဉ် တွေလည်း ပိုများလာတယ်လို့ လူ့အခွင့်အရေး စောင့်ကြည့်လေ့လာသူတွေက ပြောဆိုလိုက်တဲ့ အကြောင်းတွေကို နားဆင်ရဖို့ ရှိနေပါတယ်။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။
သတင်းထုတ်လွှင့်ချက် - (EP - 382)
ဇန်နဝါရီလ ၁ ရက်၊ ၂၀၂၅ ခုနှစ်။
ဒီနေ့သတင်းတွေထဲမှာတော့ ကချင်ပြည်၊ ဗန်းမော်မြို့မှာ စစ်တပ်ရဲ့ လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် ကလေးအပါအဝင် ပြည်သူ ၇ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။
ရခိုင်ပြည်မှာ အာရက္ခတပ်တော်နဲ့ စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် ဒေသတွင်း လုံခြုံရေးအခြေအနေ ဆိုးရွားနေတယ်လို့ (UNOCHA) က သတင်းထုတ်ပြန်ပါတယ်။
မွန်ပြည်ထဲက မြို့နယ် ၁၀ မြို့နယ်လုံးမှာ စစ်ကောင်စီဘက်က လုံခြုံရေး ပိုတင်းကျပ်ထားပြီး ပိတ်ဆို့ ဖမ်းဆီးမှု တွေ ဆက်တိုက် လုပ်နေပါတယ်။
သတင်းပေးပို့ချက်တွေထဲမှာတော့ တိုင်းစစ်ဌာနချုပ်တွေကို ဆုံးရှုံးလိုက်ရတဲ့အတွက် စစ်တပ်ဟာ သမိုင်း တစ်လျှောက်မှာ အကြီးမားဆုံး ရှုံးနိမ့်မှုတွေ၊ ဆုံးရှုံးမှုတွေနဲ့ ရင်ဆိုင်နေရပြီလို့ NUG ယာယီသမ္မတ က ပြောဆို လိုက်တဲ့အကြောင်း နားဆင်ရဖို့ရှိပါတယ်။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။
From the publisher's feed
Network Media Group: Independent News Agency Producing Multimedia Products can be seen on http://www.nmg-news.com, founded 2001 April 1.