Network Media Group (NMG)

Network Media Group (NMG)

Download on the App Store

Network Media Group (NMG) episodes

  • သတင်းထုတ်လွှင့်ချက် - (EP - 401)

    သတင်းထုတ်လွှင့်ချက် - (EP - 401)

    ဖေဖော်ဝါရီလ ၁၃ ရက်၊ ၂၀၂၅ ခုနှစ်။

    ဒီနေ့သတင်းတွေထဲမှာတော့ အာဂျင်တီးနား တရားရုံးက စစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနဲ့ နောက်ထပ် စစ်ခေါင်းဆောင် ၂၃ ယောက်တို့ကို နိုင်ငံတကာ ဖမ်းဝရမ်း ထုတ်ပြန်ခဲ့ပါတယ်။ 

    လူကုန်ကူးခံရသူ အယောက် နှစ်ရာကျော်ကို ထိုင်းအာဏာပိုင်တွေဆီ DKBA က လွှဲပြောင်းပေး အပ်လိုက်ပါ တယ်။

    ရခိုင်ပြည်၊ စစ်တွေမြို့နယ်ထဲက စစ်ကောင်စီရဲ့ တပ်စခန်းတွေကို အာရက္ခတပ်တော် (AA) က ထိုးစစ်ဆင် တိုက် ခိုက်မှုတွေ စတင်လာပါတယ်။

    သတင်းပေးပို့ချက်တွေထဲမှာတော့ ကရင်နီပြည်သား မဟုတ်တဲ့သူတွေကို ပြည်နယ်ခြား ဖြတ်သန်းခွင့်ကတ်ပြား ထုတ်ပေးပြီး ကရင်နီပြည်တွင်း ဝင်ထွက်ခွင့်ကို ကြီးကြပ်သွားဖို့ (IEC) က လုပ်သွားဖို့ ရှိနေတဲ့အကြောင်းနဲ့ တခြားစိတ်ဝင်စားစရာ သတင်းတွေကို နားဆင်ရဖို့ ရှိနေပါတယ်။ 

    သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။

    14 min
  • သတင်းထုတ်လွှင့်ချက် - (EP - 400)

    သတင်းထုတ်လွှင့်ချက် - (EP - 400)

    ဖေဖော်ဝါရီလ ၁၁ ရက်၊ ၂၀၂၅ ခုနှစ်။

    ဒီနေ့သတင်းတွေထဲမှာတော့ TNLA က ထိန်းချုပ်ထားတဲ့ မိုးကုတ်မှာတော့ စစ်ကောင်စီက လေ ကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ၅ ယောက် သေဆုံးခဲ့ပါတယ်။ 

    ထိုင်းဘက်က စက်သုံးဆီဖြတ်တောက်လိုက်တဲ့နောက် ထိုင်း - မြန်မာနယ်စပ်မြို့ဖြစ်တဲ့ တာချီလိတ်မှာ စက်သုံး ဆီ မှောင်ခို ရောင်းဝယ်မှု ပေါ်ပေါက်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

    နိုင်ငံတဝှမ်းက အကျဉ်းထောင်တွေမှာ ထောင်အာဏာပိုင်တွေက အကျဉ်းသားတွေဆီကနေ ခေါင်းစဉ်အမျိုးမျိုး တပ်ပြီး ငွေကြေး လိမ်လည်တောင်းခံနေတယ်လို့ အကျဉ်းသားအရေး လုပ်နေသူတွေက ပြောပါတယ်။

    သတင်းပေးပို့ချက်တွေထဲမှာတော့ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ်ထဲမှာ စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်မှုကြောင့် ဇနီးမောင်နှံ ၂ ယောက် သေဆုံးသွားတဲ့အကြောင်းနဲ့ တခြားစိတ်ဝင်စားစရာ သတင်းတွေကို နားဆင်ရဖို့ ရှိနေပါတယ်။

    သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။

    13 min
  • သတင်းထုတ်လွှင့်ချက် - (EP - 399)

    သတင်းထုတ်လွှင့်ချက် - (EP - 399)

    ဖေဖော်ဝါရီလ ၉ ရက်၊ ၂၀၂၅ ခုနှစ်။

    ဒီနေ့သတင်းတွေထဲမှာတော့ နှစ်နှစ်အတွင်း လူကုန်ကူးခံရသူ နှစ်ထောင်ကျော်ကို သက်ဆိုင်ရာ နိုင်ငံ တွေကို ဆက်သွယ်ပြီး နေရပ်ပြန်ပို့ခဲ့တယ်လို့ BGF က ပြောဆိုလိုက်ပါတယ်။

    ထားဝယ်မှာတော့ မင်္ဂလာပွဲလာတဲ့ အမျိုးသမီးသုံးယောက်ကို စစ်ကောင်စီက ဖမ်းဆီးသွားခဲ့ပါတယ်။

    ရှမ်းပြည်၊ ကွတ်ခိုင်မြို့နယ်ထဲက ရွာတစ်ရွာမှာ မိုင်းနင်းမိတာကြောင့် လေးငယ်နှစ်ယောက် သေဆုံးပြီး နှစ်ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

    သတင်းပေးပို့ချက်တွေထဲမှာတော့ ရှမ်း-ကရင်နီ နယ်စပ်နဲ့ ရှမ်းတောင်မှာ လေကြောင်းနဲ့ လက်နက်ကြီး တိုက် ခိုက်မှုတွေကြောင့် အနည်းဆုံး အရပ်သား ၁၆ ယောက် သေဆုံးခဲ့တဲ့အကြောင်းနဲ့ တခြားစိတ်ဝင်စားစရာ သတင်းတွေကို နားဆင်ရဖို့ ရှိနေပါတယ်။ 

    သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။

    11 min
  • သတင်းထုတ်လွှင့်ချက် - (EP - 398)

    သတင်းထုတ်လွှင့်ချက် - (EP - 398)

    ဖေဖော်ဝါရီလ ၇ ရက်၊ ၂၀၂၅ ခုနှစ်။

    ဒီနေ့သတင်းတွေထဲမှာတော့ ကချင်ပြည်၊ မြစ်ကြီးနားမြို့၊ ဧရာဝတီမြစ်ဆုံ အထက်ဘက်မှာ ကချင်တပ်ဖွဲ့ KIA နဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။

    အင်းလေးမှာ စစ်တပ်က လက်နက်ကြီး ပစ်ခတ်မှုကြောင့် သက်ကြီးရွယ်အို အပါအဝင် ၂ ယောက် သေဆုံးခဲ့ပါတယ်။

    မြိတ်မှာတော့ စစ်မှုထမ်း စုဆောင်းခံရသူ တစ်ယောက် ထွက်ပြေးလွတ်မြောက်လာပါတယ်။

    သတင်းပေးပို့ချက်တွေထဲမှာတော့ ဧရာဝတီတိုင်းအတွင်း စစ်ရေး တင်းမာမှုတွေ ရှိလာပြီး ပုသိမ်ထောင်တွင်း ဖိနှိပ်မှုတွေ ပိုလုပ်လာတယ်ဆိုတဲ့ အကြောင်းနဲ့ တခြားစိတ်ဝင်စားစရာ သတင်းတွေကို နားဆင်ရဖို့ ရှိနေပါတယ်။

    သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။

    13 min
  • သတင်းထုတ်လွှင့်ချက် - (EP - 397)

    သတင်းထုတ်လွှင့်ချက် - (EP - 397)

    ဖေဖော်ဝါရီလ ၅ ရက်၊ ၂၀၂၅ ခုနှစ်။

    ဒီနေ့သတင်းတွေထဲမှာတော့ ကျားဖြန့် အွန်လိုင်းငွေလိမ်လုပ်ငန်း တိုက်ဖျက်ရေးခေါင်းစဉ်နဲ့ မြန်မာဘက်ခြမ်းက နယ်စပ်မြို့ ၃မြို့ ကို ထိုင်း အစိုးရက မီးဖြတ်လိုက်ပါတယ်။

    မွန်ပြည် ဘီးလင်းမြို့နယ် အခြေစိုက် စစ်ကောင်စီရဲ့ မဲပလီဗျူဟာ စခန်းသိမ်းတိုက်ပွဲထဲ ဗိုလ်မှူး တစ်ယောက် အပါအဝင် တပ်ဖွဲ့ဝင် အယောက် ၂၉ ယောက် သေဆုံးခဲ့တယ်လို့ KNU က ထုတ်ပြန်ပါတယ်။

    ဗန်းမော်မြို့သိမ်းတိုက်ပွဲထဲ စစ်ကောင်စီရဲ့ အမှတ် ၃၆၆ အမြောက်တပ်ကို KIA က သိမ်းယူနိုင်ခဲ့တယ်လို့ KIO ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

    သတင်းပေးပို့ချက်တွေထဲမှာတော့ ဓနုပြည်သူ့လွတ်မြောက်ရေး တပ်ဦး (DPLF) က စစ်သုံံ့ပန်းတွေ ဖမ်းမိတဲ့ အထိ ညီအစ်ကို အချင်းချင်း ဖမ်းဆီးရမိခဲ့တဲ့ အကြောင်းနဲ့ တခြားစိတ်ဝင်စားစရာ သတင်းတွေကို နားဆင်ရဖို့ ရှိနေပါတယ်။

    သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။

    9 min
  • သတင်းထုတ်လွှင့်ချက် - (EP - 396)

    သတင်းထုတ်လွှင့်ချက် - (EP - 396)

    ဖေဖော်ဝါရီလ ၃ ရက်၊ ၂၀၂၅ ခုနှစ်။

    ဒီနေ့သတင်းတွေထဲမှာတော့ စစ်အာဏာသိမ်း လေးနှစ်အတွင်း နေအိမ်ပေါင်း ရှစ်ရာကျော် ချိပ်ပိတ် သိမ်းဆည်းခံခဲ့ရတယ်လို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ NLD က ထုတ်ပြန်ပါတယ်။

    ကရင်နီပြည်မှာ အာဏာသိမ်း လေးနှစ်အတွင်း အရပ်သား ခုနစ်ရာကျော် သေဆုံးခဲ့ကြောင်း PKPF ပြောဆို လိုက်ပါတယ်။

    ERO နဲ့ PDF တွေ ပူးပေါင်းတိုက်ခိုက်တာကို ခံနေရတယ်လို့ စစ်ခေါင်းဆောင်က ပြောဆိုလိုက်ပါတယ်။

    သတင်းပေးပို့ချက်တွေထဲမှာတော့ ပဋိပက္ခအတွင်း လိင်နဲ့ ကျား၊ မအပေါ် အခြေခံတဲ့ အကြမ်းဖက်မှုတွေ အတွက် တရားမျှတမှု ရအောင် လုပ်သွားမယ်လို့ NUG အပါအဝင် တော်လှန်ရေး အဖွဲ့အစည်း တချို့က ပြောဆိုလိုက်တဲ့ အကြောင်းနဲ့ လိုက်ပါတယ်။ တခြားစိတ်ဝင်စားစရာ သတင်းတွေကို နားဆင်ရဖို့ ရှိနေပါတယ်။ 

    သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။

    12 min
  • သတင်းထုတ်လွှင့်ချက် - (EP - 395)

    သတင်းထုတ်လွှင့်ချက် - (EP - 395)

    ဖေဖော်ဝါရီလ ၁ ရက်၊ ၂၀၂၅ ခုနှစ်။

    ဒီနေ့သတင်းတွေထဲမှာတော့ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားသူ လေးယောက် စစ်ကောင်စီက ထောင်သုံးနှစ်စီ ချမှတ်လိုက်ပါတယ်။

    ဒီးမော့ဆိုမြို့နယ်မှာ ညပိုင်း ဖြတ်သန်းသွားလာခွင့်ပိတ်ထားပါတယ်။ ရှမ်းပြည်ရဲ့ မြို့တော် တောင်ကြီးမှာ သောက်သုံးရေ အခက်ကြုံနေရပါတယ်။  တနင်္သာရီတိုင်း ရွှေဂူတံတား ဂိတ်စခန်း တိုက်ခိုက်ခံရပြီး စစ်ကောင်စီ တပ်သား ၅ ယောက် သေဆုံးခဲ့ပါတယ်။ 

    သတင်းပေးပို့ချက်တွေထဲမှာတော့ ကလေးအကျဉ်းထောင်မှာ နိုင်ကျဉ်းတစ်ယောက်ရဲ့ ဇနီးကို ထောင်အာဏာ ပိုင်တွေက ထိကပါးရိကပါး ပြောဆိုခဲ့တဲ့ အကြောင်းနဲ့ တခြားစိတ်ဝင်စားစရာ သတင်းတွေကို နားဆင်ရဖို့ ရှိနေပါတယ်။ 

    သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။

    12 min
  • သတင်းထုတ်လွှင့်ချက် - (EP - 394)

    သတင်းထုတ်လွှင့်ချက် - (EP - 394)

    ဇန်နဝါရီလ ၂၅ ရက်၊ ၂၀၂၅ ခုနှစ်။

    ဒီနေ့သတင်းတွေထဲမှာတော့ ကချင်ပြည်က ဗန်းမော်မြို့သိမ်း တိုက်ပွဲဟာ ဆက်လက်ပြင်းထန်နေပြီး ဇန္နဝါရီလ ၂၄ ရက်နေ့မှာ  သံချပ်ကာ ကားတွေ သိမ်းယူနိုင်ခဲ့ပါတယ်။

    ကိုးကန့်တပ်မတော် (MNDAA) နဲ့ စစ်ကောင်စီတို့ အပစ်ရပ်လက်မှတ်ထိုးပြီးနောက် ရှမ်းမြောက် လားရှိုးက စစ်ရှောင်တွေ နေရပ်ကို ပြန်လာနေကြပြီလို့ ဒေသခံတွေက ပြောပါတယ်။

    သတင်းပေးပို့ချက်တွေထဲမှာတော့ မြန်မာနိုင်ငံတစ်ဝှမ်း စစ်ကောင်စီရဲ့ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် တစ်နှစ်အတွင်း အမျိုးသမီး ၂၅၇ ယောက် ထိခိုက်သေဆုံးခဲ့တယ်လို့ မြန်မာ့ အမျိုးသမီးသမဂ္ဂ (BWU) က ပြောဆိုလိုက်တဲ့အကြောင်းနဲ့ တခြားစိတ်ဝင်စားစရာ သတင်းတွေကို နားဆင်ရဖို့ ရှိနေပါတယ်။ 

    သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။

    15 min
  • သတင်းထုတ်လွှင့်ချက် - (EP - 393)

    သတင်းထုတ်လွှင့်ချက် - (EP - 393)

    ဇန်နဝါရီလ ၂၃ ရက်၊ ၂၀၂၅ ခုနှစ်။

    ဒီနေ့တော့ အထူးကဏ္ဍအနေနဲ့ ဆက်သွယ်မေးမြန်းချက် တစ်ပုဒ်ကို နားဆင်ရဖို့ရှိနေပါတယ်။ တစ်လေးလုံး စစ်ဆင်ရေးနောက်ပိုင်း လွိုင်ကော်မြို့အတွင်းက ကရင်နီ တော်လှန်ရေးတပ်တွေ ပြန်လည် ဆုတ်ခွာ သွားပြီးနောက် စစ်ကောင်စီက ပြန်လည်ထိန်းချုပ်လိုက်တာ ၇ လလောက် ရှိပြီ ဖြစ်ပါတယ်။

    လွိုင်ကော်မြို့ထဲကို ပြန်လည်နေထိုင်ကြဖို့ စစ်ကောင်စီဘက်က ပြန်လည်ဖိတ်ခေါ်ပြီးနောက်ပိုင်း ဒေသခံ ထက် ဝက်နီးပါး မြို့ထဲမှာ ပြန်နေ နေကြပြီလို့ ဒေသခံတွေက ပြောပါတယ်။

    လက်ရှိ လွိုင်ကော်မြို့အတွင်း ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေ ဆောင်ရွက်နေပြီ ဖြစ်ပေမယ့်လည်း  ပုံမှန် အခြေအနေကို ပြန်လည်ရောက်ရှိဖို့ ရုန်းကန်နေရဆဲဖြစ်တယ်လို့ လွိုင်ကော်ဒေသခံတွေက ဆိုပါတယ်။

    စစ်တပ် ထိန်းချုပ်မှုအောက်မှာရှိနေတဲ့ လွိုင်ကော်မြို့ရဲ့ လက်ရှိအခြေအနေနဲ့ မြို့ထဲမှာ ပြန်နေထိုင်ကြသူတွေရဲ့ ကြုံတွေ့နေကြရတဲ့ စိန်ခေါ်မှု အခက်အခဲတွေနဲ့ ပတ်သက်ပြီး လွိုင်ကော်မြို့ခံ အမျိုးသားတစ်ယောက်ကို ကိုပီတာက ဆက်သွယ် မေးမြန်းထားပါတယ်။

    သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။

    9 min
  • သတင်းထုတ်လွှင့်ချက် - (EP - 392)

    သတင်းထုတ်လွှင့်ချက် - (EP - 392)

    ဇန်နဝါရီလ ၂၁ ရက်၊ ၂၀၂၅ ခုနှစ်။

    ဒီနေ့တော့ အထူးကဏ္ဍအနေနဲ့ ဆက်သွယ်မေးမြန်းချက် တစ်ပုဒ်ကို နားဆင်ရဖို့ရှိနေပါတယ်။ စစ်ကောင်စီရဲ့ ကရင်နီပြည်ထဲကို လေကြောင်းကနေ တိုးမြင့်တိုက်ခိုက်လာမှုတွေကြောင့် အရပ်သားတွေ သေ ဆုံး ဒဏ်ရာရရှိမှုတွေ ပိုများလာတယ်လို့ လူ့အခွင့်အရေး လေ့လာစောင့်ကြည့်သူတွေက ဆိုပါတယ်။

    စစ်ကောင်စီရဲ့‌ လေကြောင်းနဲ့ လက်နက်ကြီး တိုက်ခိုက်မှုတွေ အပါအဝင် အရပ်သား ပြည်သူတွေကို ပစ်မှတ်ထား တိုက်ခိုက်မှုတွေကြောင့် အာဏာသိမ်းပြီး နောက်ပိုင်းကနေ ၂၀၂၄ နှစ်ကုန် အထိ အပြစ်မဲ့ပြည်သူ သေဆုံးမှု (၅၉၂) ယောက် အထိ ရှိခဲ့ပါတယ်။

    ဒီစာရင်းက ကရင်နီပြည်တွင်း စစ်ကောင်စီရဲ့ လူ့အခွင့်ရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး တစ်လတစ်ကြိမ် မှတ်တမ်းတင် ဖော်ပြနေတဲ့ ကရင်နီလူမှုအသင်းအဖွဲ့များ ကွန်ယက် KCSN ရဲ့ ဇန္နဝါရီလ ၆ ရက်နေ့ ထုတ်ပြန် ချက်မှာ ဖော်ပြထားပါတယ်။

    လေကြောင်း တိုက်ခိုက်မှုတွေအကြား ကရင်နီပြည်သူတွေ ကြုံတွေ့ခံစားနေကြရတဲ့ အခက်အခဲ စိန်ခေါ်မှု အခြေနေတွေနဲ့ ပတ်သက်ပြီး ကရင်နီ လူမှုအသင်းအဖွဲ့များ ကွန်ယက် KCSN ညှိနှိုင်းရေးမှူး ခူးကိုရယ်ကို ကိုပီတာက ဆက်သွယ်မေးမြန်းထားပါတယ်။

    သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။

    12 min

About Network Media Group (NMG)

From the publisher's feed

Network Media Group: Independent News Agency Producing Multimedia Products can be seen on http://www.nmg-news.com, founded 2001 April 1.