Network Media Group (NMG)

Network Media Group (NMG)

Download on the App Store

Network Media Group (NMG) episodes

  • သတင်းထုတ်လွှင့်ချက် - (EP - 411)

    သတင်းထုတ်လွှင့်ချက် - (EP - 411)

    မတ်လ ၅ ရက်၊ ၂၀၂၅ ခုနှစ်။

    ဒီနေ့သတင်းတွေထဲမှာတော့  ... ဒေသတွင်းပဋိပက္ခကို KIA နဲ့ TNLA ဆွေးနွေးညှိနှိုင်းမယ်လို့ ပြောပါတယ်။

    နောင်ချို တောင်းခမ်းမှာ စစ်ကောင်စီ ထိုးစစ်ကြောင့် တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေပါတယ်။

    မိုးဗြဲတိုက်ပွဲ တစ်လအတွင်း စာသင်ကျောင်းနဲ့ နေအိမ်ခြောက်ဆယ်ခန့် ပျက်စီးခဲ့ပါတယ်။

    ယောတပ်တော်နဲ့ ယောပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပူးပေါင်းလိုက်တဲ့ အကြောင်းနဲ့ တခြားစိတ်ဝင်စားစရာ သတင်းတွေကို တင်ဆက်ပေးဖို့ရှိနေပါတယ်။ 

    သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။

    12 min
  • သတင်းထုတ်လွှင့်ချက် - (EP - 410)

    သတင်းထုတ်လွှင့်ချက် - (EP - 410)

    မတ်လ ၃ ရက်၊ ၂၀၂၅ ခုနှစ်။

    ဒီနေ့သတင်းတွေထဲမှာတော့  ... မတ်လ ၄ ရက်နေ့မှာ ရုရှားသမ္မတနဲ့ စစ်ခေါင်းဆောင် တွေ့ဆုံဖို့ ရှိနေပါတယ်။

    တိုက်ပွဲကြောင့် သာပေါင်းမြို့နယ်ထဲက ရာနဲ့ချီတဲ့ ဆင်တွေနဲ့ ဝန်ထမ်းတွေကို အရေးပေါ် ပြောင်းရွှေ့နေရ ပါတယ်။

    မိုးဗြဲမှာ လက်နက်ကြီးကျည် ထိမှန်တာကြောင့် တစ်ယောက် သေ၊ လေးယောက် ဒဏ်ရာရရှိခဲ့ပါတယ်။

    တအာင်းတပ် TNLA ထိန်းချုပ်ဒေသမှာ မြေမြှုပ်မိုင်းကြောင့် တစ်လအတွင်း ခြောက်ယောက် သေဆုံးခဲ့တဲ့ အကြောင်းနဲ့ တခြား စိတ်ဝင်စားစရာ သတင်းတွေကို နားဆင်ရဖို့ ရှိနေပါတယ်။

    သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။

    12 min
  • သတင်းထုတ်လွှင့်ချက် - (EP - 409)

    သတင်းထုတ်လွှင့်ချက် - (EP - 409)

    မတ်လ ၁ ရက်၊ ၂၀၂၅ ခုနှစ်။

    ဒီနေ့သတင်းတွေထဲမှာတော့  ... စစ်ကြောင်းတွေကြောင့် ရွှေဘိုဒေသခံ တစ်ထောင်ကျော် ထွက်ပြေးနေရပါတယ်။ 

    စစ်ကိုင်းတိုင်း တိုင်းမှူးယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၃ ယောက်ဒဏ်ရာရခဲ့ပါတယ်။

    အကျဥ်းကျခံနေရတဲ့ ဓာတ်ပုံသတင်းထောက်ကို နှိပ်စက်ညှဥ်းပန်းမှု ချက်ချင်းရပ်ဖို့ CPJ တောင်းဆိုလိုက် ပါတယ်။

    အွန်လိုင်းအသုံးပြုသူ အယောက်ငါးဆယ်လောက် လစဉ် ဖမ်းဆီးခံနေရကြောင်း Data For Myanmar ထုတ်ပြန်ပြောဆိုလိုက်တဲ့ အကြောင်းနဲ့ တခြားစိတ်ဝင်စားစရာ သတင်းတွေကို နားဆင်ရဖို့ ရှိနေပါတယ်။

    သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။

    13 min
  • သတင်းထုတ်လွှင့်ချက် - (EP - 408)

    သတင်းထုတ်လွှင့်ချက် - (EP - 408)

    ဖေဖော်ဝါရီလ ၂၈ ရက်၊ ၂၀၂၅ ခုနှစ်။

    ဒီနေ့သတင်းတွေထဲမှာတော့ တရုတ်စီမံကိန်းတွေရှိတဲ့ ရခိုင်ပြည်က ကျောက်ဖြူမြို့မှာတော့ မြို့သိမ်းတိုက်ပွဲ စနေပြီလို့ ဒေသခံတွေက ပြောပါတယ်။

    ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဌာနချူပ် လိုင်ဇာမြို့နားရှိ ဂျေယန့် စစ်ရှောင်စခန်းက ဆယ်ကျော်သက် အရွယ် မိန်းကလေးငယ် ၃ ယောက် ပြန်ပေးဆွဲခံခဲ့ရပြီး အသတ်ခံလိုက်ရပါတယ်။

    သတင်းပေးပို့ချက်တွေထဲမှာတော့ စစ်ကောင်စီက ၂၀၂၅ ခုနှစ်ထဲ လုပ်ဖို့ရည်ရွယ်ထားတဲ့ ရွေးကောက်ပွဲကို ထပ်မံရွှေ့ပြောင်းနိုင်ချေ ရှိနေတယ် လို့ မြန်မာ့ ငြိမ်းချမ်းရေး လေ့လာစောင့်ကြည့်ရေးအဖွဲ့ BNI-MPM က ပြောဆိုလိုက်တဲ့ အကြောင်း နားဆင်ရဖို့ရှိနေပါတယ်။ 

    သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။

    11 min
  • သတင်းထုတ်လွှင့်ချက် - (EP - 407)

    သတင်းထုတ်လွှင့်ချက် - (EP - 407)

    ဖေဖော်ဝါရီလ ၂၅ ရက်၊ ၂၀၂၅ ခုနှစ်။

    ဒီနေ့သတင်းတွေထဲမှာတော့ ကော့ကရိတ်တိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးယောက် သေဆုံးခဲ့ပါ တယ်။

    ဟိုပုံးဒေသဘက်မှာတော့ ပြည်သူ့စစ်အဖွဲ့က လုပ်ငန်းအခွန်ဆိုပြီး ခြိမ်းခြောက်ပြီး ငွေကောက်ခံတာတွေ လုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

    သတင်းပေးပို့ချက်တွေထဲမှာတော့ ကရင်နီ စစ်ဘေးရှောင်တွေ စားနပ်ရိက္ခာနဲ့ သောက်သုံးရေ အရေးပေါ် လိုအပ်နေတဲ့အကြောင်းနဲ့ တခြားစိတ်ဝင်စားစရာ သတင်းတွေကို နားဆင်ရဖို့ရှိနေပါတယ်။ 

    သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။

    11 min
  • သတင်းထုတ်လွှင့်ချက် - (EP - 406)

    သတင်းထုတ်လွှင့်ချက် - (EP - 406)

    ဖေဖော်ဝါရီလ ၂၃ ရက်၊ ၂၀၂၅ ခုနှစ်။

    ဒီနေ့သတင်းတွေထဲမှာတော့ ၂၀၂၅ ခုနှစ်ဟာ အညာဒေသလို့ လူသိများတဲ့ မြန်မာပြည် အတွင်းပိုင်း ဒေသတွေမှာ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားလာနိုင်တယ်လို့ ABSDF ဥက္ကဋ္ဌက ပြောဆိုလိုက်ပါတယ်။ 

    ဗထူးမြို့ရှိ လေ့ကျင့်ရေး သင်တန်းကျောင်းမှာ စစ်ကောင်စီ တပ်ဖွဲ့ ဝင် အချင်းချင်းကြား ပစ်ခတ်မှုဖြစ်ပြီး ၂ ယောက် သေဆုံးခဲ့တယ်လို့ တပ်တွင်း ဆေးရုံဝန် ထမ်းတွေက ပြောပါတယ်။

    ပြည်အကျဉ်းထောင်မှာ နိုင်ငံရေး အကျဉ်းသား အယောက် ၁၀၀ လောက် ရိုက်နှက်ခံရပြီး ၅ ယောက် ဒဏ်ရာ တွေ ပြင်းထန်ခဲ့ပါတယ်။ 

    သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။

    10 min
  • သတင်းထုတ်လွှင့်ချက် - (EP - 405)

    သတင်းထုတ်လွှင့်ချက် - (EP - 405)

    ဖေဖော်ဝါရီလ ၂၁ ရက်၊ ၂၀၂၅ ခုနှစ်။

    ဒီနေ့သတင်းတွေထဲမှာတော့ အင်းလေးမှာ အရပ်သား ၃ ထောင်ကျော် နေရပ်ကနေ စွန့်ခွါထွက်ပြေး နေရ ပါတယ်။

    လွိုင်ကော် PDF နာမည်နဲ့ ငွေကြေးလိမ်လည်မှုတွေ ပေါ်ပေါက်နေတယ်လို့ မြေပြင် သတင်းအရင်းအမြစ်တွေ က ပြောပါတယ်။

    ဘုတ်ပြင်းမှာ ဖမ်းဆီးခံထားရတဲ့ ရိုဟင်ဂျာတွေကို စစ်ကောင်စီက တရားစွဲလိုက်ပါတယ်။

    သတင်းပေးပို့ချက်တွေထဲမှာတော့ အိုးဘိုအကျဉ်းထောင်မှာ အသက် ၆၀ ကျော်အရွယ် နိုင်ငံရေး အကျဉ်းသူ တစ်ယောက် ဘာ့ကြောင့် ကျဆုံးသွားတာလဲ ဆိုတဲ့ သတင်းပေးပို့ချက်နဲ့ တခြားစိတ်ဝင်စားစရာ သတင်းတွေ ကို နားဆင်ရဖို့ရှိနေပါတယ်။

    သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။

    10 min
  • သတင်းထုတ်လွှင့်ချက် - (EP - 404)

    သတင်းထုတ်လွှင့်ချက် - (EP - 404)

    ဖေဖော်ဝါရီလ ၁၉ ရက်၊ ၂၀၂၅ ခုနှစ်။

    ဒီနေ့သတင်းတွေထဲမှာတော့ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် PSLF/TNLA နဲ့ စစ်ကောင်စီတပ်တို့ကြား တွေ့ဆုံမှုက ရလဒ်မထွက်ဘဲ အဆုံးသတ်ခဲ့တယ်လို့ TNLA က ထုတ်ပြန်ပါတယ်။

    ထိုင်း-ကရင်နီ နယ်စပ် မယ်ဟောင်ဆောင်ခရိုင်ထဲက ကရင်နီ ဒုက္ခသည်စခန်း အမှတ် (၁) နဲ့ အမှတ် (၂) က ဒုက္ခသည် အယောက် ၄၀၀ လောက် အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါတွေ ဖြစ်နေပါတယ်။

    သတင်းပေးပို့ချက်တွေထဲမှာတော့ KIA က ဗန်းမော်ရှိ စစ်ကောင်စီရဲ့ တပ်စခန်းတွေကို ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်နေပြီး ဗန်းမော်မြို့သိမ်း တိုက်ပွဲက ပြင်းပြင်းထန်ထန် ဆက်ဖြစ်နေတဲ့အကြောင်းနဲ့ တခြားစိတ်ဝင်စားစရာ သတင်းတွေကို နားဆင်ရဖို့ ရှိနေပါတယ်။ 

    သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။

    12 min
  • သတင်းထုတ်လွှင့်ချက် - (EP - 403)

    သတင်းထုတ်လွှင့်ချက် - (EP - 403)

    ဖေဖော်ဝါရီလ ၁၇ ရက်၊ ၂၀၂၅ ခုနှစ်။

    ဒီနေ့သတင်းတွေထဲမှာတော့ ခရစ်ယာန်ဆရာတော် သတ်ဖြတ်ခံရမှု သံသယတရားခံ ၁၀ ယောက်ကို ဖမ်းဆီးထားတယ်လို့ NUG ထုတ်ပြန်ပါတယ်။

    စစ်ကောင်စီတပ်ရဲ့ လေကြောင်း တိုက်ခိုက်မှုတွေကို သတိထားကြဖို့ ဂန့်ဂေါမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က သတိပေး ထုတ်ပြန်လိုက်ပါတယ်။ 

    သတင်းပေးပို့ချက်တွေထဲမှာတော့ အင်းစိန်အကျဉ်းထောင်ထဲက လွတ်ရက်စေ့ ရိုဟင်ဂျာ အယောက် ၉၀၀ ကျော်ကို စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ထောင်အာဏာပိုင်တွေက ခေါ်ထုတ်သွားတဲ့အကြောင်း နားဆင်ရဖို့ ရှိနေပါတယ်။ 

    သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။

    9 min
  • သတင်းထုတ်လွှင့်ချက် - (EP - 402)

    သတင်းထုတ်လွှင့်ချက် - (EP - 402)

    ဖေဖော်ဝါရီလ ၁၅ ရက်၊ ၂၀၂၅ ခုနှစ်။

    ဒီနေ့တော့ အထူးကဏ္ဍအနေနဲ့ ဆက်သွယ်မေးမြန်းချက် တစ်ပုဒ်ကို နားဆင်ရဖို့ရှိနေပါတယ်။ ဒီမိုကရေ စီ အကျိုးပြု ကရင်တပ်မတော် DKBA ထိန်းချုပ်နယ်မြေအတွင်း အွန်လိုင်းငွေလိမ်လုပ်ငန်း၊ လူကုန်ကူးမှုတွေနဲ့ ပတ်သက်ပြီး DKBA စစ်ဦးစီးချုပ် ဗိုလ်ချုပ်စောဆန်းအောင် နဲ့ ဆက်သွယ်မေးမြန်းချက်ကို တင်ဆက်ထားပါတယ်။

    သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။

    8 min

About Network Media Group (NMG)

From the publisher's feed

Network Media Group: Independent News Agency Producing Multimedia Products can be seen on http://www.nmg-news.com, founded 2001 April 1.