Sign up to save your podcasts
Or

သတင်းထုတ်လွှင့်ချက် - (EP - 431)
ဧပြီလ ၂၁ ရက်၊ ၂၀၂၅ ခုနှစ်။
ဒီကနေ့ သတင်းတွေထဲမှာတော့ --- KNU နယ်မြေက ဗျူဟာစခန်း အပါအဝင် စခန်းသိမ်းတိုက်ပွဲတွေ အခြေအနေ ဘယ်လို ရှိပါသလဲ၊
ရှမ်းမြောက် လားရှိုးမြို့ လွှဲအပ်မှု နောက်ဆုံး အခြေအနေ ဘယ်လို ရှိပါသလဲ ဆိုတာနဲ့
အညာဒေသ ထိုးစစ်တွေနဲ့ ပတ်သက်လို့ ABSDF ဥက္ကဌ ရဲဘော်သံခဲက ဘယ်လို ပြောထားသလဲ ဆိုတာတွေကို ကြားကြရမှာပါ။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။
သတင်းထုတ်လွှင့်ချက် - (EP - 430)
ဧပြီလ ၂၀ ရက်၊ ၂၀၂၅ ခုနှစ်။
ဒီကနေ့ သတင်းတွေထဲမှာတော့ --- စစ်ကိုင်းငလျင်ကြောင့် နေပြည်တော်နယ်မြေက အဆောက်အအုံတွေ ဘယ်လောက် ပျက်စီးသွားပါသလဲ၊
ရှမ်းပြည်တောင်ပိုင်း ငလျင်ဒဏ်ခံရတဲ့ ဒေသတွေဆီကို အကူအညီတွေ ဘာကြောင့် နှောင့်နှေးနေရတာလဲ ဆိုတာနဲ့
နှစ်ဆန်းတစ်ရက်နေ့က စစ်ကောင်စီက ထုတ်ပြန်ခဲ့တဲ့ လွတ်ငြိမ်းချမ်းသာ ခွင့်အမိန့်မှာ လွိုင်ကော်ထောင်က ဘယ်သူတွေ လွတ်လာပါသလဲ ဆိုတာတွေကို ကြားကြရမှာပါ။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။
သတင်းထုတ်လွှင့်ချက် - (EP - 429)
ဧပြီလ ၁၉ ရက်၊ ၂၀၂၅ ခုနှစ်။
ဒီကနေ့ သတင်းတွေထဲမှာတော့ --- မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF က ကလေးနဲ့ ဂန့်ဂေါ မြို့နယ်တွေထဲမှာ စစ်ကောင်စီ စခန်း ၅ ခု သိမ်းပိုက်ခဲ့ရာမှာ ဘယ်စခန်းတွေ ပါဝင်ပါသလဲ၊
မန္တလေးတိုင်း စဉ့်ကူးနဲ့ သပိတ်ကျင်း မြို့နယ်တွေမှာ ဗုံးကြဲတိုက်ခိုက်ရာမှာ ထိခိုက်မှုတွေ ဘယ်လို ရှိပါသလဲ ဆိုတာနဲ့
မကွေးအကျဉ်းထောင်နားက တိုက်ပွဲ ဖြစ်စဉ် အသေးစိတ်အကြောင်း သတင်းပေးပို့ချက်တွေကို ကြားကြရမှာပါ။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။
သတင်းထုတ်လွှင့်ချက် - (EP - 428)
ဧပြီလ ၁၈ ရက်၊ ၂၀၂၅ ခုနှစ်။
ဒီကနေ့ သတင်းတွေထဲမှာတော့ --- အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ၊ မလေးရှားဝန်ကြီးချုပ် Anwar Ibrahim နဲ့ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ပြည်ထောင်စု ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့ ဧပြီလ ၁၈ ရက်နေ့ မနက်ပိုင်းမှာ အွန်လိုင်းကနေ တွေ့ဆုံ စကားပြောခဲ့ကြပါတယ်။
တနင်္သာရီတိုင်း ဘုတ်ပြင်းမြို့နယ်အတွင်း ပျူစောထီးစခန်းကို လက်နက်ကိုင် အဖွဲ့တစ်ဖွဲ့က ဝင်ရောက်တိုက်ခိုက် ရာမှာ ထိခိုက်မှုက ဘယ်လို ရှိပါသလဲဆိုတာနဲ့ ငလျင် နောက်ဆက်တွဲ ကျန်းမာရေး ပြဿာနတွေဘာတွေ ကြုံနေကြရသလဲ ဆိုတာတွေကို ကြားကြရမှာပါ။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။
သတင်းထုတ်လွှင့်ချက် - (EP - 427)
ဧပြီလ ၁၇ ရက်၊ ၂၀၂၅ ခုနှစ်။
ဒီကနေ့ သတင်းတွေထဲမှာတော့ --- စစ်ခေါင်းဆောင်ကို အာဆီယံခေါင်းဆောင်တွေက ဘန်ကောက်မြို့မှာ တွေ့ဆုံ မယ့် အစီအစဉ်အပေါ် မြန်မာနိုင်ငံက တော်လှန်ရေး အဖွဲ့အစည်းတွေက ဘယ်လို သဘောထားပါသလဲ။
မြန်မာနိုင်ငံတောင်ပိုင်း ကရင် အမျိုးသား အစည်းအရုံး KNU တပ်မဟာ ၄ နယ်မြေ ထားဝယ်ဒေသဘက်မှာ စစ်ကောင်စီတပ်တွေကို တရုတ်နိုင်ငံသား ပညာရှင်တွေက ဘယ်လို အကူအညီတွေ ပေးနေကြပါသလဲ ဆိုတာနဲ့
တရုတ် ဖိအားပေးမှုကြောင့် လားရှိုးမြို့က ပြန်လည် ဆုတ်ခွာတော့မယ် MNDAA ကိုးကန့် တပ်ဖွဲ့အပေါ် မြို့သိမ်း တိုက်ပွဲမှာ ပါဝင်ခဲ့တဲ့ ကရင်နီ အမျိုးသားများ ကာကွယ်ရေး တပ်ဖွဲ့ KNDF ခေါင်းဆောင်က ဘယ်လို သဘော ထားပါသလဲ ဆိုတာတွေကို ကြားကြရမှာပါ။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။
သတင်းထုတ်လွှင့်ချက် - (EP - 426)
ဧပြီလ ၅ ရက်၊ ၂၀၂၅ ခုနှစ်။
ဒီနေ့တော့ အထူးကဏ္ဍအနေနဲ့ ဆက်သွယ်မေးမြန်းချက် တစ်ပုဒ်ကို နားဆင်ရဖို့ရှိနေပါတယ်။ အညာ ဒေသ အပြင် ကချင်၊ ချင်း၊ တအာင်း၊ စစ်ကိုင်း၊ မကွေးဒေသတွေကို ရောက်ခဲ့တဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး ABSDF ဥက္ကဋ္ဌ ရဲဘော်သံခဲနဲ့ ဆက်သွယ် မေးမြန်းချက် အပိုင်း ၂ ကို နားဆင်ရဖို့ရှိနေပါတယ်။
အပိုင်း ၂ ထဲမှာတော့ ---- ဒီနွေဦးတော်လှန်ရေး ကာလအတွင်း လွတ်မြောက်နယ်မြေတွေ ဘယ်လောက် ကျယ်လာပြီလဲ၊ မြေပြင် အခြေအနေတွေက ဘယ်လိုလဲ၊ ကချင်၊ ချင်း၊ တအာင်း၊ စစ်ကိုင်း၊ မကွေးဒေသတွေမှာ စစ်ကောင်စီက ကျင်းပဖို့ လုပ်နေတဲ့ ရွေးကောက်ပွဲက ဖြစ်လာနိုင်ရဲ့လား၊ ရဲဘော်သံခဲအနေနဲ့ အနာဂတ် မြန်မာနိုင်ငံရဲ့ အလားအလာကိုကော ဘယ်လိုမြင်သလဲ စတာတွေအပြင် တခြားစိတ်ဝင်စားစရာတွေကို မေးမြန်းထားပါတယ်။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။
သတင်းထုတ်လွှင့်ချက် - (EP - 425)
ဧပြီလ ၃ ရက်၊ ၂၀၂၅ ခုနှစ်။
ဒီနေ့တော့ အထူးကဏ္ဍအနေနဲ့ ဆက်သွယ်မေးမြန်းချက် တစ်ပုဒ်ကို နားဆင်ရဖို့ရှိနေပါတယ်။ အညာ ဒေသ တော်လှန်ရေး အခြေအနေ၊ အခက်အခဲတွေ၊ ရှေ့အလားအလာတွေနဲ့ ပတ်သက်တဲ့ အညာ ခရီးစဉ်က ပြန် လာတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး ABSDF ဥက္ကဋ္ဌ ရဲဘော်သံခဲနဲ့ ဆက်သွယ် မေးမြန်းချက် အပိုင်း ၁ ကို နားဆင်ရဖို့ရှိနေပါတယ်။
အညာဒေသရဲ့ အာဏာရှင်တော်လှန်မှုပုံစံက ဘယ်လိုပုံစံလဲ၊ အညာသူ အညာသား တွေ ဘာ့ကြောင့် တော်လှန်ရေးမှာ ပါဝင်လာရတာလဲ။ တော်လှန်ရေးမှာ ဘယ်လိုပုံစံနဲ့ ပါဝင်နေကြလဲ။ ABSDF အနေနဲ့ကရော အညာဒေသ တော်လှန်ရေးမှာ ဘယ်အခန်းကဏ္ဍကနေ ပါဝင်လုပ်ဆောင်နေလဲ ဆိုတာနဲ့ တခြား အကြောင်းအရာတွေကို ဆက်သွယ် မေးမြန်းထားကို စမိုင်းလ်က တင်ဆက်ပေးထားပါတယ်။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။
သတင်းထုတ်လွှင့်ချက် - (EP - 424)
ဧပြီလ ၁ ရက်၊ ၂၀၂၅ ခုနှစ်။
ဒီနေ့တော့ အထူးကဏ္ဍအနေနဲ့ ဆက်သွယ်မေးမြန်းချက် တစ်ပုဒ်ကို နားဆင်ရဖို့ရှိနေပါတယ်။
ကရင်နီပြည်ရှိ ပျက်စီးဆုံးရှုံးနိုင်ခြေ လျော့ချရေးအဖွဲ့ (RRI) နည်းပြတာဝန်ခံ ခွန်းလုံးနဲ့ ဆက်သွယ်မေးမြန်းချက် ကို နားဆင်ရဖို့ရှိနေပါတယ်။
နိုင်ငံတစ်ဝှမ်း ဗုံးကြဲတိုက်ခိုက်နေတဲ့ စစ်ကောင်စီက ကရင်နီရှိ အရပ်သားပစ်မှတ်တွေကို လေကြောင်း ကနေ တိုက်ခိုက်မှုတွေ ပိုပြီးလုပ်လာတာကြောင့် စစ်ကောင်စီကို လေယာဉ်ဆီ ပိတ်ပင်ဖို့၊ လေယာဉ် မပျံသန်းရ ဇုန် သတ်မှတ်ပေးကြဖို့ကို နိုင်ငံတကာကို တောင်းဆိုခဲ့ပေမယ့်လည်း လက်ရှိအချိန်ထိ ထူးခြားမှုမရှိသေးပါဘူး။
ကရင်နီဒေသရှိ ပြည်သူတွေ လေကြောင်းအန္တရာယ်ကနေ ရှောင်လွဲလို့ မဖြစ်နိုင်ပေမယ့်လည်း ထိခိုက်မှု လျော့ချ နိုင်ရေး ဖြစ်နိုင်တဲ့ နည်းလမ်းမျိုးစုံနဲ့ ဆောင်ရွက်နေကြပါတယ်။
ဒါ့ကြောင့် ကရင်နီမှာ ပျက်စီးဆုံးရှုံးနိုင်ခြေ လျော့ချရေးအဖွဲ့ (RRI) ဖွဲ့စည်းပြီး လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်မှုလျော့ချရေး လုပ်ဆောင်နေကြတာ ရှိပါတယ်။ ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး RRI အဖွဲ့ရဲ့ နည်းပြ တာဝန်ခံ ဖြစ်တဲ့ ခွန်းလုံးကို သတင်းနှင့်မီဒီယာ ကွန်ရက် သတင်းဌာနက ကိုပီတာက ဆက်သွယ် မေးမြန်းထား ပါတယ်။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။
သတင်းထုတ်လွှင့်ချက် - (EP - 423)
မတ်လ ၂၉ ရက်၊ ၂၀၂၅ ခုနှစ်။
အင်အားပြင်း ငလျင်ကြောင့် အပျက်အစီးများတဲ့ ဒေသခြောက်ခုကို အရေးပေါ် အခြေအနေကြေညာ လိုက်ပါတယ်။
ကိုးကန့်တပ် (MNDAA) နဲ့ စစ်ကောင်စီတို့ရဲ့ တွေ့ဆုံဆွေးနွေးပွဲ သဘောတူညီချက် မရဘဲ ပြီးဆုံးခဲ့ပါတယ်။
ဒေသခံပြည်သူတွေရဲ့ လိုလားချက်အရ ခလယ်ဒေး စစ်ကောင်စီစခန်းကို KNU က သိမ်းပိုက်လိုက်ပါတယ်။
ထိုင်းမှာ ဖမ်းဆီးမိတဲ့ မူးယစ်ဆေးဝါးတွေဟာ ကရင်လက်နက်ကိုင် အဖွဲ့တွေနဲ့ ဆက်စပ် ပတ်သက် နေတယ် ဆိုတဲ့ စွပ်စွဲချက်ကို ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် KNLA ဘက်က ငြင်းဆိုလိုက်တဲ့ အကြောင်း နဲ့ တခြား စိတ်ဝင်စားစရာ သတင်းတွေကို နားဆင်ရဖို့ ရှိနေပါတယ်။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။
သတင်းထုတ်လွှင့်ချက် - (EP - 422)
မတ်လ ၂၇ ရက်၊ ၂၀၂၅ ခုနှစ်။
ဒီနေ့တော့ အထူးကဏ္ဍအနေနဲ့ ဆက်သွယ်မေးမြန်းချက် တစ်ပုဒ်ကို နားဆင်ရဖို့ရှိနေပါတယ်။
အမေရိကန်အစိုးရရဲ့ ထောက်ပံ့ကူညီမှုတွေ ရပ်တန့်တဲ့အတွက်ကြောင့် လွပ်လပ်တဲ့မြန်မာ သတင်မီဒီယာတွေ ဆက်လက် ရပ်တည်နိုင်ဖို့ သတင်းလုပ်ငန်း လုပ်ဆောင်ရာမှာ ငွေရေးကြေးရေး အခက်အခဲ၊ ထုတ်လုပ် စရိတ်၊ သတင်းထောက်တွေရဲ့ လစာနှင့် လုံခြုံရေး အခက်ခဲ စတဲ့အခက်ခဲမျိုးစုံနဲ့ ကြုံတွေ့နေကြရတယ်လို့ဆိုပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က USAID အဖွဲ့ကို အမေရိကန်ရဲ့ အကျိုးစီးပွားနဲ့ ကိုက်ညီမှုမရှိဘူး ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖေဖော်ဝါရီလကစပြီး အကူအညီတွေကို ရက်ပေါင်း ၉၀ ဆိုင်းငံ့ထားလိုက်တာ ဖြစ်ပါတယ်။
အဲ့ဒီဖြတ်တောက်မှုကြောင့် သတင်းထောက်တွေ ကိုယ်တိုင်ရပ်တည်ဖို့ ခက်ခဲတဲ့ အခြေအနေတွေဖြစ်စေပြီး များစွာထိခိုက်မှုတွေ ရှိကုန်တယ်လို့ ဆိုပါတယ်။
လက်ရှိမှာ ဒီစိန်ခေါ်မှုတွေကို ဘယ်လို ရင်ဆိုင်ဖြတ်ကျော်နေကြလဲ။ အမေရိကန်အစိုးရရဲ့ ထောက်ပံ့ကူညီမှုတွေ မရရှိတော့ပေမယ့် ရှေ့ဆက်လည်ပတ်နိုင်ဖို့ ဘာတွေလုပ်ဆောင်သွားဖို့ရှိလဲ။
စိန်ခေါ်မှုတွေကြား လွပ်လပ်တဲ့ မြန်မာသတင်းမီဒီယာတွေရဲ့ သတင်းထုတ်လုပ်မှု အခြေအနေတွေနဲ့ပတ်သက်ပြီး လွှတ်လပ်သော မြန်မာ သတင်းမီဒီယာကောင်စီ (IPCM) အတွင်းရေးမှူး ဦးတိုးဇော်လတ်ကို စမိုင်းလ်က ဆက်သွယ်မေးမြန်း ထားပါတယ်။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။
From the publisher's feed
Network Media Group: Independent News Agency Producing Multimedia Products can be seen on http://www.nmg-news.com, founded 2001 April 1.