Sign up to save your podcasts
Or

သတင်းထုတ်လွှင့်ချက် - (EP - 441)
မေလ ၁ ရက်၊ ၂၀၂၅ ခုနှစ်။
ဒီကနေ့ သတင်းတွေထဲမှာတော့ အာဏာသိမ်းချိန်ကစလို့ ဒီနေ့အထိ စစ်ကောင်စီကြောင့် သေဆုံးသူ ၆၅၀၀ ကျော်ရှိသွားပြီလို့ AAPP က ထုတ်ပြန်ထားပါတယ်။
မေလ ၁ ရက် အလုပ်သမားနေ့မှာ ပြည်တွင်းအလုပ်သမား အဖွဲ့တချို့က တရက် လုပ်အားခ အနည်းဆုံး ကျပ် ၂၀၀၀၀ အထိ တိုးပေးဖို့ တောင်းဆိုလိုက်ကြပါတယ်။
အိန္ဒိယက ပါကစ္စတန်ကို သူ့ရဲ့ လေပိုင်နက် အသုံးပြုနေတာကို ပိတ်ပင်လိုက်တဲ့ အကြောင်းတွေကို နားဆင်ရဖို့ ရှိနေပါတယ်။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။
သတင်းထုတ်လွှင့်ချက် - (EP - 440)
ဧပြီလ ၃၀ ရက်၊ ၂၀၂၅ ခုနှစ်။
ဒီကနေ့ သတင်းတွေထဲမှာတော့ --- ရှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်ထဲမှာ ရှမ်းပြည် တိုးတက်ရေး ပါတီ (SSPP/SSA) နဲ့ ကိုးကန့်တပ်မတော် ဖြစ်တဲ့ MNDAA တို့အကြား ပစ်ခတ်တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။
ပဲခူးတိုင်းထဲမှာတော့ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် KNLA ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီ တပ်ဖွဲ့တွေ အကြား တိုက်ပွဲတွေ ဖြစ်ပွားနေပြီး အရပ်သား ၄ ယောက် သေဆုံးခဲ့ပါတယ်။
သတင်းလွှာတွေထဲမှာတော့ ကြားဝင်စေ့စပ်မှုတွေ ခပ်စိပ်စိပ်လေး လုပ်လာတဲ့ အာဆီယံနိုင်ငံတွေကို အမျိုးသား ညီညွတ်ရေး အစိုးရ NUG က စစ်ကောင်စီရဲ့ လူ့အခွင့်ရေး ချိုးဖောက်မှုတွေကို လျစ်လျူရှုမထားဖို့ သတိပေး တိုက်တွန်း လိုက်တဲ့အကြောင်း သတင်းပေးပို့ချက်ကို ကြားကြရမှာပါ။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။
သတင်းထုတ်လွှင့်ချက် - (EP - 439)
ဧပြီလ ၂၉ ရက်၊ ၂၀၂၅ ခုနှစ်။
ဒီကနေ့ သတင်းတွေထဲမှာတော့ --- ပဲခူးတိုင်းက ကရင်အမျိုးသား အစည်းအရုံး KNU ပူးးပေါင်းအဖွဲ့တွေရဲ့ တိုက်ပွဲ နဲ့ ကချင်ပြည်က တိုက်ပွဲ သတင်းတွေ အကြောင်း
‘ဝ’ ဒေသက ကျားဖြန့်လို့ခေါ်တဲ့ ငွေလိမ်လုပ်ငန်းမှာ ပတ်သက်တဲ့ တရုတ်နိုင်ငံသား ၇၀ ကျော်ကို ‘ဝ’ အဖွဲ့က တရုတ်ကို လွှဲအပ်လိုက်တဲ့ အကြောင်းနဲ့
သတင်းလွှာတွေထဲမှာတော့ အပစ်ရပ် ကြေညာပြီးနောက်ပိုင်း စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် လူဘယ်လောက် များများ သေဆုံးခဲ့ရပြီလဲ ဆိုတာနဲ့ ကရင်နီပြည် ဒီးမော့ဆိုမှာ ခရုကျတဲ့ ဒဏ်ကို တောင်သူတွေ ဘယ်လို ရင်ဆိုင်နေကြရသလဲ ဆိုတဲ့ အကြောင်း သတင်းပေးပို့ချက်တွေကို ကြားကြရမှာပါ။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။
သတင်းထုတ်လွှင့်ချက် - (EP - 438)
ဧပြီလ ၂၈ ရက်၊ ၂၀၂၅ ခုနှစ်။
ဒီကနေ့ သတင်းတွေထဲမှာတော့ --- ထားဝယ် မြို့နယ်အတွင်းက စခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီ တပ်ဖွဲ့ အရာရှိ တစ်ယောက် အပါအဝင် ၂ ယောက် သေဆုံးခဲ့ပြီး ၁၆ ယောက်ကို အရှင်ဖမ်းမိပါတယ်။
စစ်ကိုင်းတိုင်း ကလေးမြို့နယ်ထဲက ရွာတွေကို စစ်ကောင်စီက နှစ်ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အနည်းဆုံး ၅ ယောက် သေဆုံးသွားပါပြီ။
သတင်းလွှာတွေထဲမှာတော့ ကလေးမြို့တောင်ဘက်က စစ်ပွဲ မြေပြင်အခြေအနေတွေနဲ့ သက်တမ်းရှည်ကြာပြီ ဖြစ်တဲ့ ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ ALP ကို ဘာလို့ နာမည်ပြောင်းလိုက်တာလဲ ဆိုတာတွေကို ကြားကြရ မှာပါ။ ခုတော့ သတင်းတွေကို တင်ဆက်သွားမှာပါ။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။
သတင်းထုတ်လွှင့်ချက် - (EP - 437)
ဧပြီလ ၂၇ ရက်၊ ၂၀၂၅ ခုနှစ်။
ဒီကနေ့ သတင်းတွေထဲမှာတော့ --- ကချင်ပြည် ဗန်းမော်တိုက်ပွဲမှာ ကချင် လွတ်လပ်ရေး တပ်မတော် KIA ပူးပေါင်း တပ်ဖွဲ့တွေက ကာကင်းစခန်း တစ်ချို့ကို ထပ်သိမ်းပိုက်လိုက်ပါတယ်။
ကလေးမြို့တောင်ပိုင်းက ရွာတွေကို စစ်ကောင်စီတပ်က ၂ ရက်ဆက်တိုက် လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက် နေတာကြောင့် အရပ်သား ထိခိုက် သေဆုံးမှုတွေ ရှိနေပါတယ်။
သတင်းလွှာထဲမှာတော့ ကရင်နီပြည်က သတ္တုမိုင်းနေရာတွေမှာ စစ်ကောင်စီက ထပ်မံ ဗုံးကြဲ တိုက်ခိုက်မှုတွေ အတွင်း အသေးစိတ် အခြေအနေတွေက ဘယ်လို ရှိနေပါသလဲ ဆိုတာတွေကို စုစည်းထားပါတယ်။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။
သတင်းထုတ်လွှင့်ချက် - (EP - 436)
ဧပြီလ ၂၆ ရက်၊ ၂၀၂၅ ခုနှစ်။
ဒီကနေ့ သတင်းတွေထဲမှာတော့ --- ကရင်အမျိုးသား အစည်းအရုံး တပ်မဟာ ၆ နယ်မြေထဲက ခဲသတ္တု မိုင်းတွင်း တွေကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။
ကချင်ပြည် မြစ်ကြီးနားမြို့ပေါ်က သီတာရပ်ကွက်မှာရှိတဲ့ ဝန်ထမ်းအိမ်ယာထဲ လက်နက်ကြီး ကျည်ကျလို့ တစ်ယောက် သေဆုံးခဲ့ပါတယ်။
သတင်းလွှာတွေထဲမှာတော့ လားရှိုးမြို့သိမ်း တိုက်ပွဲမှာ ပါဝင်ခဲ့တဲ့ ကရင်နီ အမျိုးသား ကာကွယ်ရေး တပ်ဖွဲ့ KNDF ရဲ့ ခေါင်းဆောင်က လားရှိုးကို စစ်ကောင်စီတပ်ကို ပြန်ပေးလိုက်ရတဲ့အပေါ် ဘယ်လို ပြောခဲ့ပါသလဲ ဆိုတာတွေကို ကြားကြရမှာပါ။
သတင်းထုတ်လွှင့်ချက် - (EP - 435)
ဧပြီလ ၂၅ ရက်၊ ၂၀၂၅ ခုနှစ်။
ဒီကနေ့ သတင်းတွေထဲမှာတော့ --- ကချင်ပြည် ဗန်းမော်နဲ့ ဖားကန့်ဒေသတွေမှာ စစ်ကောင်စီတပ် နဲ့ ကချင်လွတ် လပ်ရေး တပ်မတော် KIA ပူးပေါင်းတပ်တွေ အကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ သက်ကြီးပိုင်း စစ်ရှောင် အမျိုးသမီး တစ်ယောက် သေဆုံးသွားပါတယ်။
သတင်းလွှာတွေထဲမှာတော့ ဒေသတစ်ခုလုံး စစ်အာဏာရှင် ကင်းစင်သွားတဲ့ မင်းတပ်မြို့ကို CDF အဖွဲ့က ၄ နှစ်ပြည့်ကာလ နောက်ပိုင်း ဘာတွေ ဆက်လုပ်သွားမှာလဲ ဆိုတာတွေကို ကြားကြရမှာပါ။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။
သတင်းထုတ်လွှင့်ချက် - (EP - 434)
ဧပြီလ ၂၄ ရက်၊ ၂၀၂၅ ခုနှစ်။
ဒီကနေ့ သတင်းတွေထဲမှာတော့ --- အပစ်ရပ် ရက်တိုးမယ်ဆိုတဲ့ စစ်ကောင်စီက ရွာဆေးပေးခန်းတစ်ခုကို ဗုံးကြဲလို့ လူ ၅ ယောက် သေဆုံးခဲ့ပါတယ်။
ဖမ်းဆီးခံခဲ့ရတဲ့ စစ်တွေ ဒေသခံ ၃၀ ကျော်ရဲ့ ကံကြမ္မာကို မိသားစု တွေက စိတ်ပူနေကြပါတယ်။
သတင်းလွှာတွေထဲမှာတော့ ဓနု လွတ်မြောက်ရေး တပ်ဦး DPLF ရဲ့ တပ်အင်အားက တစ်နှစ်လောက်အတွင်းမှာ ဘာကြောင့် ထောင်ချီ တိုးများလာသလဲ ဆိုတာတွေကို ကြားကြရမှာပါ။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။
သတင်းထုတ်လွှင့်ချက် - (EP - 433)
ဧပြီလ ၂၃ ရက်၊ ၂၀၂၅ ခုနှစ်။
ဒီကနေ့ သတင်းတွေထဲမှာတော့ --- စစ်ကောင်စီက အပစ်ရပ် ကြေညာချက် သက်တမ်းတိုးလိုက်ပြီး ဘယ်နေရာ တွေမှာ တိုက်ခိုက်မှုတွေ ဆက်ရှိနေပါသလဲ၊
အပစ်ရပ် သက်တမ်းတိုးတဲ့နေ့မှာပဲ ပအိုဝ်း အမျိုးသား လွတ်မြောက် ရေး အဖွဲ့ချုပ် PNLO ရဲ့ ဌာနချုပ်နယ်မြေကို လက်နက်ကြီးတွေနဲ့ တိုက်ခိုက်တဲ့ အကြောင်း သတင်းပေးပို့ချက်
အမျိုးသား ညီညွတ်ရေး အစိုးရ NUG ယာယီ သမ္မတရဲ့ နှစ်သစ်ကူး မိန့်ခွန်း ကောက်နှုတ်ချက်တွေကို ကြားကြ ရမှာပါ။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။
သတင်းထုတ်လွှင့်ချက် - (EP - 432)
ဧပြီလ ၂၂ ရက်၊ ၂၀၂၅ ခုနှစ်။
ဒီကနေ့ သတင်းတွေထဲမှာတော့ --- ငလျင်ဘေးမှာ မီးလောင်ပျက်စီးသွားတဲ့ တက္ကသိုလ်ဝင်တန်း အဖြေလွှာ ပိုင်ရှင် တွေ ဇွန်လလယ်မှာ စာမေးပွဲ ပြန်ဖြေကြရပါမယ်။
အာရှလမ်းမကြီးတလျောက်က လတ်တလော ပေါ်ထွက်လာတဲ့ စစ်ရှောင် ၅၀,၀၀၀ ကျော်ကို ကူညီဖို့ ဘတ် ၅၄ သန်း လိုအပ်နေတယ်ဆိုတာနဲ့
အပစ်ရပ် ကြေညာထားတဲ့ စစ်ကောင်စီက ရှမ်း - ကရင်နီ နယ်စပ်မှာ ထိုးစစ်တွေ ဘယ်လို ဆင်နွဲနေပါသလဲ ဆိုတာတွေကို ကြားကြရမှာပါ။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။
From the publisher's feed
Network Media Group: Independent News Agency Producing Multimedia Products can be seen on http://www.nmg-news.com, founded 2001 April 1.