Network Media Group (NMG)

Network Media Group (NMG)

Download on the App Store

Network Media Group (NMG) episodes

  • သတင်းထုတ်လွှင့်ချက် - (EP - 421)

    သတင်းထုတ်လွှင့်ချက် - (EP - 421)

    မတ်လ ၂၅ ရက်၊ ၂၀၂၅ ခုနှစ်။

    စစ်ကောင်စီတပ်ရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် စစ်ဘေးဒုက္ခသည် ၂၄၀၀ နီးပါးတိုးလာတယ်လို့ UNHCR က ထုတ်ပြန်ပါတယ်။

    ဗန်းမော်မှာ တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားနေတဲ့အပြင် ဝိုင်းမော်နဲ့ မြစ်ကြီးနားကိုပါ စစ်တပ်က စစ်ကြောင်း ထိုးနေပါတယ်။

    မအူပင်မှာ လူငယ် ၁၁ ယောက်ကို စစ်တပ်က စစ်မှုထမ်းဖို့အတွက် အဓမ္မ ဖမ်းဆီးသွားပါတယ်။

    ဂန့်ဂေါမြို့နယ်ထဲက နှမ်းခါးရွာ လေကြောင်း တိုက်ခိုက်မှုအတွက် တရားမျှတမှု ရအောင်လုပ်မယ်လို့ NUG ပြောပါတယ်။ 

    သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။

    10 min
  • သတင်းထုတ်လွှင့်ချက် - (EP - 420)

    သတင်းထုတ်လွှင့်ချက် - (EP - 420)

    မတ်လ ၂၃ ရက်၊ ၂၀၂၅ ခုနှစ်။

    ဒီနေ့တော့ အထူးကဏ္ဍအနေနဲ့ သတင်းဆောင်းပါး တစ်ပုဒ်ကို နားဆင်ရဖို့ရှိနေပါတယ်။ ကရင်နီပြည်မှာတော့ ထုတ်ပေးမယ့် ပြည်နယ်ခြား ကတ်ဆိုတာ ဘာလဲ၊ ဘာအတွက်ထုတ်ပေးတာလဲ၊ ကတ်ပြား လုပ်ရမယ့် ပုံစံ လုပ်ငန်းစဉ် အဆင့်ဆင့်၊ အခက်အခဲ စိန်ခေါ်မှုနဲ့ ဒီလုပ်ငန်းအပေါ် လူထုရဲ့ အမြင် သဘောထား တွေက ဘယ်လိုရှိပါသလဲ။ ထုတ်ပေးမယ့် ပြည်နယ်ခြား ဖြတ်သန်းခွင့်ကတ်ပြားကရော တကယ် အလုပ်ဖြစ် မလား စတာတွေကို နားဆင်ရဖို့ရှိပါတယ်။ ဒီသတင်းဆောင်းပါးကိုတော့ စမိုင်းလ်က စုစည်းတင်ဆက်ထား ပါတယ်။

    သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။

    16 min
  • သတင်းထုတ်လွှင့်ချက် - (EP - 419)

    သတင်းထုတ်လွှင့်ချက် - (EP - 419)

    မတ်လ ၂၁ ရက်၊ ၂၀၂၅ ခုနှစ်။

    ဒီနေ့သတင်းတွေထဲမှာတော့  ... စစ်ရေးတင်းမာမှုကြောင့် လွိုင်ကော်-ဆီဆိုင်လမ်း အသုံးပြုမှု KNDF ပိတ်ပင်လိုက်ပါတယ်။

    မူးယစ်ဆေးဝါး ကုန်သွယ်မှု စွပ်စွဲချက် နိုင်ငံရေး ထိုးနှက်မှုဖြစ်ကြောင်း AA က တုံ့ပြန်လိုက်ပါတယ်။

    ရခိုင်ပြည်မြောက်ပိုင်းရှိ ပုဏ္ဏားကျွန်းမြို့နယ်က ရွာ ၅၀ ကျော်မှာ သောက်သုံးရေ အခက်အခဲနဲ့ ရင်ဆိုင် နေရ ပါတယ်။ 

    စစ်တပ်က အာဏာသိမ်းပြီးနောက် လွတ်မြောက်လာတဲ့ အညာဒေသက နယ်မြေတွေမှာရှိတဲ့ ပြည်သူတွေ အင်တာနက်ကို ဘယ်လိုသုံးစွဲနေကြပါသလဲဆိုတာနဲ့ တခြားစိတ်ဝင်စားစရာ သတင်းတွေကို နားဆင်ရဖို့ ရှိနေပါတယ်။

    သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။

    18 min
  • သတင်းထုတ်လွှင့်ချက် - (EP - 418)

    သတင်းထုတ်လွှင့်ချက် - (EP - 418)

    မတ်လ ၁၉ ရက်၊ ၂၀၂၅ ခုနှစ်။

    ဒီနေ့သတင်းတွေထဲမှာတော့  ... ရေစကြိုမြို့နယ်ထဲက ဘိစပ်ကုန်းရွာကို စစ်ကောင်စီတပ်က ဝင်ရောက်မီးရှို့သွားပါတယ်။

    ဗန်းမော်က ခရစ်ယာန် ဘုရားကျောင်း မီးရှို့ဖျက်ဆီးခံလိုက်ရပါတယ်။

    ကသာဘက်မှာတော့ စစ်ကောင်စီတပ် တိုက်ခိုက်ခဲ့ပြီး အယောက် ၃၀ ဝန်းကျင်ကို ဖမ်းဆီးရမိထားတယ်လို့ မြို့နယ် ပကဖ တာဝန်ရှိသူက ပြောပါတယ်။

    သယံဇာတ တူးဖော်ရေးလုပ်ငန်းတွေ လုပ်ငန်းလိုင်စင် လျှောက်ဖို့ တအာင်းတပ် TNLA က အမိန့်ထုတ်လိုက် ပါတယ်။

    သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။

    10 min
  • သတင်းထုတ်လွှင့်ချက် - (EP - 417)

    သတင်းထုတ်လွှင့်ချက် - (EP - 417)

    မတ်လ ၁၇ ရက်၊ ၂၀၂၅ ခုနှစ်။

    ဒီနေ့သတင်းတွေထဲမှာတော့  ... ဘိုကလေးနဲ့ မော်ကျွန်းက အဓမ္မစုဆောင်းခံရတဲ့ လူငယ် အယောက် ၁၅၀ ကျော်ကို ရန်ကုန် စစ်သင်တန်းကို ပို့လိုက်ပါတယ်။

    နောင်ချိုကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲခဲ့လို့ ဘုန်းတော်ကြီးနှင့် ကိုရင်တွေအပါအဝင် ၁၄ ယောက် သေဆုံးခဲ့ပါတယ်။

    ပူးလူးတူ စခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်သား ၁၂ ဦး သေဆုံးကြောင်း KNU သတင်းထုတ်ပြန်ပါတယ်။

    ဖလမ်းမြို့သိမ်းတိုက်ပွဲ ပြင်းထန်နေပြီး စစ်ကောင်စီတပ်သားတချို့ကို ဖမ်းမိထားကြောင်း CNDF ပြောပါတယ်။

    မိုးဗြဲမှာ တိုက်ပွဲတွေ ပြင်းထန်နေပြီး နှစ်ဖက် ထိခိုက်သေဆုံးမှုရှိနေတယ်လို့ KNDF က ထုတ်ပြန်ပါတယ်။

    သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။

    11 min
  • သတင်းထုတ်လွှင့်ချက် - (EP - 416)

    သတင်းထုတ်လွှင့်ချက် - (EP - 416)

    မတ်လ ၁၅ ရက်၊ ၂၀၂၅ ခုနှစ်။

    ဒီနေ့သတင်းတွေထဲမှာတော့  ... မြန်မာနိုင်ငံထဲက လူတစ်သန်းကျော်အတွက် WFP က ရိက္ခာထောက်ပံ့မှုတွေကို ရပ်ဆိုင်းလိုက်ပါတယ်။

    မြန်မာ့လူဦးရေ သုံးပုံတစ်ပုံက အရေးပေါ် အကူအညီလိုအပ်နေကြောင်း ကုလသမဂ္ဂက ပြောပါတယ်။

    ညောင်ကျိုး စခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်သား အယောက် လေးဆယ်နီးပါး ဖမ်းဆီးခံခဲ့ရပါတယ်။

    စဥ့်ကူးမှာ စစ်ကောင်စီရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် အရပ်သား ၂၇ ယောက် သေဆုံးခဲ့ရ တဲ့ အကြောင်းနဲ့ တခြားစိတ်ဝင်စားစရာ သတင်းတွေကို တင်ဆက်ပေးဖို့ ရှိနေပါတယ်။ 

    သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။

    12 min
  • သတင်းထုတ်လွှင့်ချက် - (EP - 415)

    သတင်းထုတ်လွှင့်ချက် - (EP - 415)

    မတ်လ ၁၃ ရက်၊ ၂၀၂၅ ခုနှစ်။

    ဒီနေ့သတင်းတွေထဲမှာတော့  ... ကရင်ပြည် လှိုင်းဘွဲ့မြို့နယ်ထဲက ပူလူတူ စစ်ကောင်စီစခန်းကို KNU က အပြီးသတ်သိမ်းယူလိုက်ပါတယ်။

    ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်ထဲကို စစ်တပ် ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် အရပ်သားထိမှန် သေဆုံးမှုတွေ ရှိနေပါတယ်။

    ကချင်ပြည်၊ ဗန်းမော်မြို့သိမ်း တိုက်ပွဲထဲ KIA က စစ်တပ်ရဲ့ ကာကင်းစခန်းတွေအပြင် ဒရုန်း ၇ စင်းကိုလည်း ပစ်ချနိုင်ခဲ့ပါတယ်။ 

    သတင်းလွှာတွေထဲမှာတော့ ရွေးကောက်ပွဲ မဲမသမာမူကို အကြောင်းပြပြီး စစ်တပ်က လုပ်မယ့် ရွေးကောက် ပွဲကို အညာလူထုက အယုံအကြည်ရှိမှာ ABSDF ဥက္ကဋ္ဌ ရဲဘော်သံခဲက ပြောဆိုလိုက်တဲ့ အကြောင်းနဲ့ တခြားစိတ်ဝင်စားစရာ သတင်းတွေကို တင်ဆက်ပေးဖို့ ရှိနေပါတယ်။ 

    သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။

    17 min
  • သတင်းထုတ်လွှင့်ချက် - (EP - 414)

    သတင်းထုတ်လွှင့်ချက် - (EP - 414)

    မတ်လ ၁၁ ရက်၊ ၂၀၂၅ ခုနှစ်။

    ဒီနေ့သတင်းတွေထဲမှာတော့  ... ငွေလိမ်လုပ်ငန်းတွေက အိန္ဒိယနိုင်ငံသား ၂၈၃ ယောက်ကို ဒေလီအစိုးရ ပြန်ခေါ်သွားပြီ ဖြစ်ပါတယ်။

    ငွေလိမ်လုပ်ငန်းတွေက ယူဂန်ဒါနိုင်ငံသား ခြောက်ယောက် နေရပ်ကို ပြန်ရောက်သွားပါပြီ။

    ငွေလိမ်လုပ်ငန်းတွေ နှိမ်နင်းရေး ဆက်လုပ်နေကြောင်း BGF ပြောဆိုလိုက်ပါတယ်။

    ရှမ်းမြောက်ဒေသမှာ အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေ ဆက်လက်ကြီးထွားနေတယ် ဆိုတဲ့ သတင်းနဲ့အတူ တခြားစိတ်ဝင်စားစရာ သတင်းတွေကို တင်ဆက်ပေးဖို့ ရှိနေပါတယ်။

    သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။

    12 min
  • သတင်းထုတ်လွှင့်ချက် - (EP - 413)

    သတင်းထုတ်လွှင့်ချက် - (EP - 413)

    မတ်လ ၉ ရက်၊ ၂၀၂၅ ခုနှစ်။

    ဒီနေ့သတင်းတွေထဲမှာတော့  ... မြန်မာစစ်တပ်ကို အရေးယူပေးဖို့ ကန် နိုင်ငံခြားရေးဝန်ကြီးကို မြန်မာ့အရေးလှုပ်ရှားတဲ့ ၅၁ ဖွဲ့ တောင်းဆိုလိုက်ပါတယ်။

    စစ်ကောင်စီရဲ့ သတ်ဖြတ်မှုကြောင့် ရေစကြိုဒေသခံ ၁၁ ယောက် သေဆုံးခဲ့ပါတယ်။

    သံတောင်ကြီးက စစ်ကောင်စီ သပြေညွန့်တပ်စခန်းကို KNU က သိမ်းပိုက်လိုက်ပါတယ်။

    အာဏာသိမ်း လေးနှစ်ကျော် ကာလအတွင်း အမျိုးသမီး ခြောက်ထောင်နီးပါးကို စစ်ကောင်စီ ဖမ်းဆီးခဲ့တယ် ဆိုတဲ့ အကြောင်းနဲ့ တခြား စိတ်ဝင်စားစရာ သတင်းတွေကို တင်ဆက်ပေးဖို့ ရှိနေပါတယ်။

    သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။

    12 min
  • သတင်းထုတ်လွှင့်ချက် - (EP - 412)

    သတင်းထုတ်လွှင့်ချက် - (EP - 412)

    မတ်လ ၇ ရက်၊ ၂၀၂၅ ခုနှစ်။

    ဒီနေ့သတင်းတွေထဲမှာတော့  ... ရှမ်းမြောက်၊ ကွတ်ခိုင်မြို့နယ်ထဲက အရပ်သားတွေ ပစ်ခတ်သတ်ဖြတ်ခံရမှုနဲ့ ပတ်သက်ပြီး MNDAA ရုံး ရှေ့မှာ ဒေသခံတွေ ဆန္ဒပြခဲ့ကြပါတယ်။

    ရခိုင်နဲ့ ဧရာဝတီမှာ စစ်ကောင်စီရဲ့ တပ်စခန်းတချို့ကို AA က ဒီတပတ်အတွင်း ဆက်တိုက် သိမ်းပိုက်ရရှိခဲ့ ပါတယ်။ 

    သတင်းပေးပို့ချက်တွေထဲမှာတော့ စစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုကြောင့် ဖေဖော်ဝါရီလထဲမှာ နိုင်ငံတစ်ဝှမ်း အမျိုးသမီး ၆၆ ယောက် သေဆုံးခဲ့တဲ့အကြောင်းနဲ့ အကြောင်းနဲ့ တခြားစိတ်ဝင်စားစရာ သတင်းတွေကို တင်ဆက်ပေးဖို့ရှိနေပါတယ်။ 

    သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။

    14 min

About Network Media Group (NMG)

From the publisher's feed

Network Media Group: Independent News Agency Producing Multimedia Products can be seen on http://www.nmg-news.com, founded 2001 April 1.