Sign up to save your podcasts
Or

သတင်းထုတ်လွှင့်ချက် - (EP - 461)
မေလ ၂၉ ရက်၊ ၂၀၂၅ ခုနှစ်။
ဒီကနေ့ သတင်းတွေထဲမှာတော့ ထိုင်း - မြန်မာနယ်စပ်က စစ်ကောင်စီရဲ့ ကနဲလေးစခန်းကို KNLA နဲ့ ပူးပေါင်း အဖွဲ့တွေက ထပ်ပြီး သိမ်းပိုက်လိုက်ပါတယ်။
အာရက္ခတပ်တော် AA က ဖမ်းထားတဲ့ ချင်းလူငယ် အယောက် ၆၀ ကျော်ကို ပြန်လွှတ်ပေးဖို့ တောင်းဆိုလိုက် ပါတယ်။
စစ်ကိုင်းမြို့က ဗလီကျောင်း တစ်ကျောင်းကို စစ်ကောင်စီတပ်က ချိပ်ပိတ်လိုက်ပါတယ်။
တရုတ်ကျောင်းသားတွေကို ဗီဇာ ပြန်ရုတ်သိမ်းမယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက ပြောလိုက်ပါတယ်။
အသက် ၂ နှစ်အရွယ် ကလေးတစ်ယောက်ဟာ IQ မြင့်မားသူတွေပဲ ပါလို့ရတဲ့ Club မှာ အဖွဲ့ဝင် ဖြစ်လာတဲ့ အကြောင်းတွေကို နားဆင်ရဖို့ ရှိနေပါတယ်။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။
သတင်းထုတ်လွှင့်ချက် - (EP - 460)
မေလ ၂၈ ရက်၊ ၂၀၂၅ ခုနှစ်။
ဒီကနေ့ သတင်းတွေထဲမှာတော့ ကချင်ပြည် ဗန်းမော်မှာ တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားနေပါတယ်။
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF နဲ့ လူထုတော် လှန်ရေး မဟာမိတ် အင်အားစု (PRA-Magway) တို့ မဟာမိတ်စုဖွဲ့ရေး ဆွေးနွေးမှုတွေ လုပ်နေပါတယ်။
မွန်တော်လှန်ရေး တပ်ဖွဲ့ နှစ်ဖွဲ့ကလည်း ပူးပေါင်း ဖို့ သဘောတူလိုက်ကြပါတယ်။
ဇွန်လ ၂ ရက်နဲ့ ၃ ရက်တွေမှာ ကျင်းပမယ့် အာဆီယံ ထိပ်သီးအစည်းအဝေးမှာ မြန်မာ ပြည်တွင်းစစ် ကိစ္စ ဆွေးနွေးဖို့ရှိနေတယ် ဆိုတဲ့ အကြောင်းတွေကို နားဆင်ရဖို့ ရှိနေပါတယ်။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။
သတင်းထုတ်လွှင့်ချက် - (EP - 459)
မေလ ၂၇ ရက်၊ ၂၀၂၅ ခုနှစ်။
ဒီကနေ့ သတင်းတွေထဲမှာတော့ ကချင်ပြည် ဗန်းမော်မှာ တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားနေပါတယ်။
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF နဲ့ လူထုတော် လှန်ရေး မဟာမိတ် အင်အားစု (PRA-Magway) တို့ မဟာမိတ်စုဖွဲ့ရေး ဆွေးနွေးမှုတွေ လုပ်နေပါတယ်။
မွန်တော်လှန်ရေး တပ်ဖွဲ့ နှစ်ဖွဲ့ကလည်း ပူးပေါင်း ဖို့ သဘောတူလိုက်ကြပါတယ်။
ဇွန်လ ၂ ရက်နဲ့ ၃ ရက်တွေမှာ ကျင်းပမယ့် အာဆီယံ ထိပ်သီးအစည်းအဝေးမှာ မြန်မာ ပြည်တွင်းစစ် ကိစ္စ ဆွေးနွေးဖို့ရှိနေတယ် ဆိုတဲ့ အကြောင်းတွေကို နားဆင်ရဖို့ ရှိနေပါတယ်။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။
သတင်းထုတ်လွှင့်ချက် - (EP - 458)
မေလ ၂၆ ရက်၊ ၂၀၂၅ ခုနှစ်။
ဒီကနေ့ သတင်းတွေထဲမှာတော့ ကျောက်ကြီးမြို့နယ်ထဲ က ကျွန်းကြီးရွာမှာ လုပ်တဲ့ မင်္ဂလာဆောင်လေးကတော့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် သတို့သမီးလေး သေဆုံး သွားပါတယ်။
စစ်ခေါင်းဆောင်နဲ့ NDAA မိုင်းလားခေါင်းဆောင်တို့ တွေ့ဆုံချိန်မှာ ဘာပြောလိုက်ပါသလဲ။
ကိုးကန့်တပ်မတော် MNDAA က CDM ဆရာ/ဆရာမတွေကို အလုပ်ခေါ်နေတဲ့ သတင်းနဲ့
မော်တော် တိုက်မိတဲ့ ပင်လယ်လိပ်ကြီး ကို CT Scan ဘယ်လို ဖတ်ကြလဲဆိုတဲ့ အကြောင်းတွေကို နားဆင်ရဖို့ ရှိနေပါတယ်။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။
သတင်းထုတ်လွှင့်ချက် - (EP - 457)
မေလ ၂၃ ရက်၊ ၂၀၂၅ ခုနှစ်။
ဒီကနေ့ သတင်းတွေထဲမှာတော့ ပင်လောင်းမြို့နယ်ထဲက ဆောင်းပြောင်းရွာမှာ စစ်ကောင်စီတပ်၊ PNO ပအိုဝ်း ပြည်သူ့စစ် ပူးပေါင်းတပ်နဲ့ ကရင်နီတော်လှန်ရေး ပူးပေါင်းတပ်တို့အကြား တိုက်ပွဲတွေ ပြင်းနေပါတယ်။
ဗန်းမော်မှာ ပစ်ချခံခဲ့ရတဲ့ စစ်ကောင်စီရဲ့ ရဟတ်ယာဉ်မှာ ရုပ်အလောင်း ၁၈ လောင်းနဲ့အတူ လက်နက်တွေ တွေ့ခဲ့ပါတယ်။
ရခိုင်လူငယ်တွေ ရခိုင်ပြည် ပြင်ပထွက်ခွင့် အာရက္ခတပ်တော် AA က ပိတ်ပင်လိုက်ပါတယ်။
စစ်ကောင်စီနဲ့ အမျိုးသား ညီညွတ်ရေး အစိုးရ NUG တို့ တွေ့ဆုံဖို့ အချိန်တန်ပြီလို့ အာဆီယံ ဥက္ကဋ္ဌ တာဝန်ယူ ထားတဲ့ မလေးရှား ဝန်ကြီးချုပ် က ပြောလိုက်ပါတယ်။ ဒီ အကြောင်းတွေကို နားဆင်ရဖို့ ရှိနေပါတယ်။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။
သတင်းထုတ်လွှင့်ချက် - (EP - 456)
မေလ ၂၂ ရက်၊ ၂၀၂၅ ခုနှစ်။
ထိုင်း-မြန်မာနယ်စပ် သောင်ရင်းမြစ်အခြေစိုက် စစ်ကောင်စီရဲ့ တပ်စခန်း ၈ ခုလုံးကို KNU သိမ်းပိုက်လိုက်ပြီဖြစ်ပါတယ်။
ဖားကန့်နဲ့ ဗန်းမော်ဘက်က တိုက်ပွဲတွေ စစ်တပ်က ဝေဟင်ရော မြေပြင်ထိုးစစ်ပါ ပြင်းပြင်းထန်ထန် လုပ်နေပါတယ်။
Miss World မြန်မာကိုယ်စားပြု အလှမယ်က ငလျင် နဲ့ ပြည်တွင်းစစ်ကြောင့် ကလေးတွေ သေဆုံးနေရတယ်လို့ ပြောလိုက်ပါတယ်။
အာဆီယံက လာမယ့် တစ်ပတ်အတွင်း မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ အစည်းအဝေးနှစ်ခု ကျင်းပဖို့ ရှိနေတယ် ဆိုတဲ့ အကြောင်းတွေကို နားဆင်ရဖို့ ရှိနေပါတယ်။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။
သတင်းထုတ်လွှင့်ချက် - (EP - 455)
မေလ ၂၁ ရက်၊ ၂၀၂၅ ခုနှစ်။
ဒီကနေ့ သတင်းတွေထဲမှာတော့ စစ်တပ်က နောင်ချိုမြို့နယ်ထဲ လေကြောင်းကနေ ဗုံးကြဲမှုမှာ သတ္တုကုမ္ပဏီ လုပ်ကွက်ထဲ ကျရောက်ပေါက်ကွဲခဲ့ပါတယ်။
ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ပစ်ချခဲ့တဲ့ ရဟတ်ယာဉ်ဟာ စက်ချို့ယွင်းမှုကြောင့် ပျက်ကျခဲ့တာ ဖြစ်တယ်လို့ စစ်ကောင်စီက လိမ်လည်သတင်း ထုတ်ပြန်ပါတယ်။
တမူး ပကဖ - ရဲဘော် ၁၀ ယောက် အသတ်ခံရတဲ့ ကိစ္စ အရေးယူပေးရန် အိန္ဒိယအစိုးရကို NUG က တောင်းဆို လိုက်ပါတယ်။
အိန္ဒိယ ဈေးဆိုင်တွေက တူရကီ ကုန်ပစ္စည်းတွေကို ဘာ့ကြောင့် သပိတ်မှောက်ကြတာလဲ။ ဒီအကြောင်းတွေကို နားဆင်ရဖို့ ရှိနေပါတယ်။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။
သတင်းထုတ်လွှင့်ချက် - (EP - 454)
မေလ ၂၀ ရက်၊ ၂၀၂၅ ခုနှစ်။
ဒီကနေ့ သတင်းတွေထဲမှာတော့ ကရင်ပြည် ဖားအံခရိုင်ထဲက စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ မော်ဖိုးကေ စခန်းကို ကရင်ပူးပေါင်းတပ်တွေက သိမ်းပိုက်လိုက်တဲ့အကြောင်း
ကချင်ပြည် ဗန်းမော် စစ်မျက်နှာမှာ စစ်ကောင်စီရဲ့ လေယာဉ်နှစ်စီးကို KIA နဲ့ ပူးပေါင်းအဖွဲ့က ပစ်ချလိုက်ပါ တယ်။
ဆော်ဒီအာရေးဗီးယားနိုင်ငံမှာ အသက်ရှူလမ်းကြောင်း ရောဂါစုလို့ခေါ်တဲ့ MERS (မားစ်) ရောဂါ ကူးစက်မှု ဖြစ်ပွားနေတာကြောင့် မက္ကာမှာလုပ်မယ့် ဟာ့ဂျ်ဆုတောင်းပွဲသွားမယ့်သူတွေ ဘာတွေ ပြင်ဆင်ဖို့ လိုနေပါသလဲ ဒီအကြောင်းတွေကို နားဆင်ရဖို့ ရှိနေပါတယ်။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။
သတင်းထုတ်လွှင့်ချက် - (EP - 453)
မေလ ၁၉ ရက်၊ ၂၀၂၅ ခုနှစ်။
ဒီကနေ့ သတင်းတွေထဲမှာတော့ မြန်မာဘက်က ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေကို အိန္ဒိယ စစ်တပ်က သတ်ဖြတ်မှု ဖြစ်ပွားခဲ့တဲ့အကြောင်း
ကရင်အမျိုးသား အစည်းအရုံး KNU ရဲ့ စစ်ရေးနဲ့ နိုင်ငံရေး အကြံပေး ဗိုလ်မှူးကြီး ထူးထူးလေးရဲ့ ဈာပန အခန်းအနားကို မဲဆောက်မြို့မှာပဲ လုပ်မှာ ဖြစ်ပါတယ်။
အမေရိကန်ရဲ့ သမ္မတဟောင်း ဂျိုးဘိုင်ဒင်ဆီမှာ ဆီးကြိတ် ကင်ဆာရောဂါ တွေ့ခဲ့တဲ့ အကြောင်းတွေကို နားဆင်ရဖို့ ရှိနေပါတယ်။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။
သတင်းထုတ်လွှင့်ချက် - (EP - 452)
မေလ ၁၆ ရက်၊ ၂၀၂၅ ခုနှစ်။
ရခိုင်ပြည်၊ ကျောက်တော်မြို့ကို စစ်တပ် လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ဒေသခံ ၇ ယောက် သေဆုံးခဲ့ပြီး ၄ ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။
ချင်းပြည်၊ မင်းတပ်မြို့နယ်ထဲမှာလည်း စစ်ကောင်စီတပ်က လေကြောင်း ဗုံးကြဲမှုထဲ ကလေးငယ်တစ်ယောက် အပါအဝင် အရပ်သား ၃ ယောက် သေဆုံးခဲ့ပါတယ်။
လားရှိုးလေဆိပ်ကို မေလ ၂၂ ရက်နေ့မှာ ပြန်ဖွင့်တော့မှာ ဖြစ်ပါတယ်။
မရေမရာ ဖြစ်နေတဲ့ ယူကရိန်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အကြောင်းလည်း နားဆင်ရဖို့ရှိနေပါတယ်။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။
From the publisher's feed
Network Media Group: Independent News Agency Producing Multimedia Products can be seen on http://www.nmg-news.com, founded 2001 April 1.