Network Media Group (NMG)

Network Media Group (NMG)

Download on the App Store

Network Media Group (NMG) episodes

  • သတင်းထုတ်လွှင့်ချက် - (EP - 456)

    သတင်းထုတ်လွှင့်ချက် - (EP - 456)

    ထိုင်း - ကမ္ဘောဒီးယား နယ်စပ်ပြဿနာ ပြေလည်ဖို့ နိုင်ငံတကာက ဘာတွေပြောထားသလဲ။(သတင်းဆောင်းပါး)

    ထိုင်းနဲ့ ကမ္ဘောဒီးယား နယ်စပ်မှာ နှစ်ဘက်စစ်တပ် အကြား တိုက်ပွဲတွေ ဖြစ်ပွါးနေပါတယ်။ 
    ဘာတွေ ဖြစ်နေတာလဲ၊ သမိုင်းကြောင်းက ဘယ်လို ရှိပါသလဲ၊ ပြဿနာ ပြေလည်ဖို့ နိုင်ငံတကာက ဘာတွေ ပြောဆိုထားပါသလဲ ဆိုတာတွေနဲ့ပတ်သက်ပြီး စုစည်း တင်ဆက်ထားတာကို နားဆင်ရဖို့ ရှိနေပါတယ်။

    သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။

    12 min
  • သတင်းထုတ်လွှင့်ချက် - (EP - 450)

    သတင်းထုတ်လွှင့်ချက် - (EP - 450)

    ဒီတပါတ် သတင်းနဲ့ မီဒီယာ ကွန်ရက်ရဲ့ Podcast အစီအစဉ်မှာတော့ ထိုင်းမြန်မာ နယ်စပ် ဒုက္ခသည်တွေ ရိက္ခာဖြတ်တောက်ခံရမယ့် အခြေအနေနဲ့ ရင်ဆိုင်နေရတဲ့ အကြောင်းနဲ့ အဲဒီ အခက်အခဲကို ကျော်လွှားဖို့ ဘယ်လို အဖြေရှာနေကြသလဲ ဆိုတာတွေကို တင်ဆက်သွားမှာ ဖြစ်ပါတယ်။ 

    သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။

    14 min
  • သတင်းထုတ်လွှင့်ချက် - (EP - 494)

    သတင်းထုတ်လွှင့်ချက် - (EP - 494)

    ရှုံးပွဲတွေ ဆက်ခဲ့တဲ့ စစ်ကောင်စီက တန်ပြန်ထိုးစစ်တွေ ဘာလို့ လုပ်လာနိုင်တာလဲ။ ( သတင်းဆောင်းပါး)

    ဇူလိုင်လ ၁၂ ရက်၊ ၂၀၂၅ ခုနှစ်။

    မကြာသေးခင်ကပဲ ရှမ်း- ကရင်နီ အစပ်မှာရှိတဲ့ ကရင်နီ တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်ထားတဲ့ မိုးဗြဲမြို့ကို စစ်ကောင်စီက ပြန်လည် သိမ်းယူနိုင်ခဲ့ပါတယ်။ 

    တချိန်တည်းမှာပဲ ရှမ်းမြောက်က နောင်ချို၊ ကချင်ပြည်က ဖားကန့် စတဲ့ မြို့တွေကို အင်အား အလုံးအရင်းနဲ့ ထိုးစစ်ဆင်လာတာကို တွေ့ရပါတယ်။ 

    ရှုံးပွဲတွေ ဆက်ခဲ့တဲ့ စစ်ကောင်စီက ဘာလို့ အခုလို တန်ပြန်ထိုးစစ်တွေ ဆင်လာနိုင်တာလဲ။ မြန်မာနိုင်ငံမှာ စစ်ရေး ချိန်ခွင်လျှာ ပြန်ပြောင်းတော့မှာလား ဆိုတဲ့အကြောင်းကို ဒီနေ့ရဲ့ သတင်းဆောင်းပါး အစီအစဉ်ထဲမှာ သုံးသပ်တင်ဆက်ထားပါတယ်။

    သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။

    10 min
  • အတိတ်အရိပ်များ နှင့် ဖက်ဒရယ်ဆုံမှတ် ...?

    အတိတ်အရိပ်များ နှင့် ဖက်ဒရယ်ဆုံမှတ် ...? 

    သတင်းနှင့် မီဒီယာကွန်ရက်။

    ပြည်ထောင်တွေ စုပြီး ပြည်ထောင်စုကြီး တည်ထောင်ကြမယ်လို့ ဆုံးဖြတ်ခဲ့တဲ့ ပင်လုံစာချုပ်ချုပ်ဆိုပြီး မကြာခင်မှာပဲ မြန်မာနိုင်ငံဟာ ပြည်တွင်းစစ်ကြီး စတင်ခဲ့ပါတယ်။

    မြန်မာလူမျိုးတွေ ကြီးစိုးတဲ့ အစိုးရ အဆက်ဆက်မှာ ပြည်ထောင်စု စစ်စစ်ကို မတည်ဆောက်နိုင်ခဲ့ဘူးလို့ မြန်မာမဟုတ်တဲ့ တိုင်းရင်းသား အားလုံး လိုလိုက ပြောဆိုကြပါတယ်။

    အခု နွေဦးတော်လှန်ရေးကြီးပေါ်ပေါက်ပြီးနောက်ဆက်တွဲ ၁၀၂၇ စစ်ဆင်ရေးတွေ နောက်ပိုင်းမှာ တော်လှန်နေကြတဲ့ မြန်မာတွေ ဦးဆောင်တဲ့ တော်လှန်ရေး အင်အားစုတွေနဲ့ တိုင်းရင်းသား အင်အားစုတွေ အကြား စုစည်းညီညွတ်မှုရအောင် ဘယ်လိုရှာဖွေကြမလဲ၊ ဘာ ပြဿနာတွေ ရှိနေလဲ ဆိုတာ သတင်းနဲ့ မီဒီယာ ကွန်ရက်က တိုင်းရင်းသား ခေါင်းဆောင်တွေ အမျိုးသား ညီညွတ်ရေး အစိုးရ ခေါင်းဆောင်တွေကို မေးမြန်းတင်ဆက်ထားပါတယ်။
    ----------------------------------------------------------------------------
    Song: Scott Buckley - Legionnaire
    License: Creative Commons (CC BY 3.0) https://creativecommons.org/licenses/...
    Music powered by BreakingCopyright: https://breakingcopyright.com

    28 min
  • သတင်းထုတ်လွှင့်ချက် - (EP - 467)

    သတင်းထုတ်လွှင့်ချက် - (EP - 467)

    ဇွန်လ ၆ ရက်၊ ၂၀၂၅ ခုနှစ်။

    ဒီကနေ့ သတင်းတွေထဲမှာတော့ မင်းပြားမြို့နယ်ထဲ့ အသက် (၉) နှစ်အရွယ် မိန်းကလေးငယ် မုဒိမ်းကျင့်ခံရပြီး အသတ်ခံ လိုက်ရတာနဲ့ပတ်သက်ပြီး အကြီးမားဆုံး ပြစ်ဒဏ်ချ အရေးယူပေးဖို့အတွက် အာရက္ခပြည်သူ့ တော်လှန်ရေး အစိုးရကို ရခိုင်အရပ်ဖက် အဖွဲ့အစည်းတွေက တောင်းဆိုလိုက်ပါတယ်။

    မကွေးတိုင်း၊ ဆောမြို့နယ်ထဲမှာ ရခိုင်ကိုသွားမယ့် ကုန်ကားတွေ ရပ်ထားတဲ့ အိမ် လေယာဥ်နဲ့ ဗုံးကြဲခံရလို့ အမျိုးသား ၃ ယောက် သေဆုံးသွားပါတယ်။

    လွိုင်ကော်ကို စစ်ကူလာတဲ့ စစ်ကောင်စီ စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာမှာ အယောက် ၂၀ ထက်မနည်း သေဆုံးခဲ့တယ်လို့ KNDF က ပြောပါတယ်။

    အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ ILO က မြန်မာနိုင်ငံကို အပြင်းထန်ဆုံး ပုဒ်မ ဖြစ်တဲ့ ပုဒ်မ ၃၃ နဲ့ အရေးယူ ဖို့ ဆုံးဖြတ်လိုက်ပါတယ်။

    ဘန်ကောက်နားက အဆင့်မြင့် အိမ်ရာတစ်ခုမှာ ဘတ် ၁၂ သန်း ကောက်ရတဲ့ သူကတော့ ပိုက်ဆံတွေကို ရဲလက် ကို အပ်လိုက်တဲ့ အကြောင်းတွေကို နားဆင်ရဖို့ ရှိနေပါတယ်။

    သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။

    11 min
  • သတင်းထုတ်လွှင့်ချက် - (EP - 466)

    သတင်းထုတ်လွှင့်ချက် - (EP - 466)

    ဇွန်လ ၅ ရက်၊ ၂၀၂၅ ခုနှစ်။

    ဒီကနေ့ သတင်းတွေထဲမှာတော့ အာရက္ခတပ်တော် AA က မကွေးနဲ့ ရခိုင်အစပ်မှာရှိတဲ့ စစ်ကောင်စီ စခန်းကို သိမ်းယူလိုက်ပါတယ်။

    စစ်ကောင်စီနဲ့ တွေ့ဆုံမှုတွေကို ဆက်လုပ်မှာ ဖြစ်ပေမယ့် ပြည်သူလူထုကို လေကြောင်းအပြင် လက်နက်ကြီးနဲ့ တိုက်ခိုက်မှုတွေ မလုပ်ဖို့ တောင်းဆိုသွားမယ်လို့ TNLA က ပြောပါတယ်။

    “သွေးသစ္စာ” တော်လှန်ရေး သီချင်းဆိုတဲ့ ကျောင်းအုပ်ကြီး အပါအဝင် ၃ ယောက်ကို စစ်ကောင်စီက ဖမ်း သွားပါတယ်။

    အမေရိကန်နိုင်ငံက မြန်မာ အပါအဝင် နိုင်ငံပေါင်း ၁၂ နိုင်ငံက လူတွေကို နိုင်ငံဝင်ခွင့် ပိတ်လိုက်ပါတယ်။

    တရုတ်ကတော့ အကြိမ်ကြိမ် ဝင်ရောက်ခွင့်နဲ့ အတူ ငါးနှစ်အထိ သုံးစွဲခွင့်ပေးထားတဲ့ အာဆီယံ ဗီဇာကို ထုတ်ပေးသွားမယ်လို့ ကြေညာလိုက်တဲ့ အကြောင်းတွေကို နားဆင်ရဖို့ ရှိနေပါတယ်။

    သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။

    11 min
  • သတင်းထုတ်လွှင့်ချက် - (EP - 465)

    သတင်းထုတ်လွှင့်ချက် - (EP - 465)

    ဇွန်လ ၄ ရက်၊ ၂၀၂၅ ခုနှစ်။

    ဒီကနေ့ သတင်းတွေထဲမှာတော့ ကရင်ပြည်မှာ စခန်းကြီး တစ်ခုကို KNU နဲ့ ပူးပေါင်း တပ်ဖွဲ့တွေက ထပ်ပြီး သိမ်းပိုက်လိုက်ပါတယ်။

    စစ်ကောင်စီက ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်ထဲ လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုတွေ ဆက်တိုက်လုပ်နေသလို မြေပြင်မှာလည်း တိုက်ပွဲတွေ ဖြစ်နေပါတယ်။

    အဆိုတော် ချမ်းချမ်းနဲ့ ဆက်စပ်ပြီး ထောက်ပို့လုပ်တယ်လို့ စွပ်စွဲခံရတဲ့သူ ၂ ယောက် ဖမ်းဆီးခံလိုက်ရပါတယ်။

    ခရိုင်းမီးယားဒေသထဲက တံတားကြီးကို ယူကရိန်း စစ်ထောက်လှမ်းရေး အဖွဲ့က ရေအောက် ဖောက်ခွဲရေး ပစ္စည်းတွေ သုံးပြီး ဖောက်ခွဲလိုက်ပါတယ်။

    အတိုက်အခံ ဒီမိုကရက်တစ်ပါတီ ခေါင်းဆောင် လီကျဲမြောင် (Lee Jae-Myung) က ရွေးကောက်ပွဲ အောင်နိုင် ခဲ့ပြီး သမ္မတအသစ် ဖြစ်လာခဲ့တဲ့ အကြောင်းတွေကို နားဆင်ရဖို့ ရှိနေပါတယ်။

    သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။

    10 min
  • သတင်းထုတ်လွှင့်ချက် - (EP - 464)

    သတင်းထုတ်လွှင့်ချက် - (EP - 464)

    ဇွန်လ ၃ ရက်၊ ၂၀၂၅ ခုနှစ်။

    ဒီကနေ့ သတင်းတွေထဲမှာတော့ ကချင်ပြည် ဖားကန့်ကျောက်စိမ်းဒေသထဲက စစ်ကောင်စီတပ်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အကြောင်း ...

    အပစ်ရပ်ကာလ တစ်လထပ်တိုးတယ်လို့ ညီနောင်မဟာမိတ် သုံးဖွဲ့က ကြေညာလိုက်ပါတယ်။

    စစ်ရှောင်နေရတာကို ရေထပ်ကြီးလို့ နှစ်ထပ်ကွမ်း ဒုက္ခ ရောက်နေရတဲ့ အိန္ဒိယ-မြန်မာနယ်စပ်က စစ်ရှောင်တွေ အရေးပေါ် အကူအညီတွေ လိုအပ်နေကြပါတယ်။

    ရုရှား - ယူကရိန်း ဒုတိယ အကြိမ်ဆွေးနွေးပွဲဟာ ကြီးမားတဲ့ ရလဒ်မရပဲ ပြီးဆုံးခဲ့တဲ့ အကြောင်းတွေကို နားဆင်ရဖို့ ရှိနေပါတယ်။

    သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။

    11 min
  • သတင်းထုတ်လွှင့်ချက် - (EP - 463)

    သတင်းထုတ်လွှင့်ချက် - (EP - 463)

    ဇွန်လ ၂ ရက်၊ ၂၀၂၅ ခုနှစ်။

    ဒီကနေ့ သတင်းတွေထဲမှာတော့ ဆီဆိုင်မြို့နယ်ထဲက တိုက်ပွဲမှာ ဖမ်းဆီးခံလိုက်ရတဲ့ ပအိုဝ်းအမျိုးသား လွတ် မြောက်ရေး တပ်မတော်- PNLA က တပ်ဖွဲ့ဝင် ၅ ယောက်ကို စစ်ကောင်စီတပ်နဲ့ ပအိုဝ်းပြည်သူ့စစ်အဖွဲ့ - PNO က ပစ်သတ်လိုက်ပါတယ်။

    လားရှိုးမြို့နယ်ထဲမှာ ရှမ်းပြည်တပ်မတော် SSPP နဲ့ ကိုးကန့်တပ်မတော် MNDAA တို့အကြား တိုက်ပွဲဖြစ်ပြီး သေဆုံးမှုတွေ ရှိခဲ့ပါတယ်။

    စစ်ကောင်စီက ဇွန်လကုန်အထိ အပစ်ရပ်ကြောင်း ကြေညာလိုက်ပါတယ်။

    ရုရှားနိုင်ငံ အတွင်းပိုင်း ရှေ့တန်းနဲ့ မိုင်ထောင်ချီဝေးတဲ့ လေတပ်အခြေစိုက် စခန်းတွေနားမှာ ဘာတွေဖြစ်နေသလဲ

    ထိုင်းနိုင်ငံမှာ ဆိုင်ကယ် ဦးထုပ်မဆောင်းဘဲ ဆိုင်ကယ်စီးတဲ့ လူတွေကို ဖမ်းဆီးဒဏ်ရိုက်မယ့် အကြောင်းတွေကို နားဆင်ရဖို့ ရှိနေပါတယ်။

    သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။

    11 min
  • သတင်းထုတ်လွှင့်ချက် - (EP - 462)

    သတင်းထုတ်လွှင့်ချက် - (EP - 462)

    မေလ ၃၀ ရက်၊ ၂၀၂၅ ခုနှစ်။

    ဒီကနေ့ သတင်းတွေထဲမှာတော့ ကရင်ပြည်၊ မြဝတီခရိုင်ထဲက စစ်ကောင်စီရဲ့ ဘုရင့်နောင် တပ်စခန်းနဲ့ မော်ခီး တပ်စခန်းတို့ကို KNLA ပူးပေါင်းအဖွဲ့တွေက ထပ်မံ သိမ်းယူလိုက်ပါတယ်။

    ကချင်ပြည်၊ ဖားကန့်မြို့နယ်ထဲက လုံးခင်းရွာမှာတော့ စစ်ကောင်စီတပ်ဖွဲ့တွေက အရပ်သား ၅ ယောက်ကို ပစ်သတ်သွားခဲ့ပါတယ်။

    ပုသိမ်အကျဉ်းထောင်မှာ သေဒဏ်ချမှတ်ခံထားရတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို သေဒဏ်စီရင်မယ်လို့ သတင်းတွေ ထွက်နေပါတယ်။

    အရှေ့အလယ်ပိုင်း ဂါဇာဒေသက ငြိမ်းချမ်းရေး အစီအစဉ်အကြောင်းနဲ့

    နယ်စပ်ထိတွေ့မှုဖြစ်ခဲ့တဲ့ ကမ္ဘောဒီးယားနဲ့ ထိုင်းနိုင်ငံက စစ်တပ်တွေ အချက်လေးချက် အပေါ်မှာ သဘောတူညီ မှု ရခဲ့တဲ့ အကြောင်းတွေကို နားဆင်ရဖို့ ရှိနေပါတယ်။

    သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။

    10 min

About Network Media Group (NMG)

From the publisher's feed

Network Media Group: Independent News Agency Producing Multimedia Products can be seen on http://www.nmg-news.com, founded 2001 April 1.