Network Media Group (NMG)

Network Media Group (NMG)

Download on the App Store

Network Media Group (NMG) episodes

  • KK Park စီးနင်းမှု - KNU ကို နိုင်ငံရေးအရ တိုက်ခိုက်ရန် "ဟန်ပြ" ရှင်းလင်းခြင်းလား? ( သတင်းဆောင်းပါး )

    KK Park စီးနင်းမှု - KNU ကို နိုင်ငံရေးအရ တိုက်ခိုက်ရန် "ဟန်ပြ" ရှင်းလင်းခြင်းလား? ( သတင်းဆောင်းပါး )

    သတင်းထုတ်လွှင့်ချက် - (EP - 528)

    ထိုင်း - မြန်မာနယ်စပ်၊ ကရင်ပြည်၊ မြဝတီက နာမည်ဆိုးနဲ့ကျော်ကြားတဲ့ KK Park ငွေလိမ်ခြံဝန်းကို စစ်ကော်မရှင်တပ် ဝင်ရောက်စီးနင်းမှုဟာ နိုင်ငံရေးအရ အပြင်းအထန် အငြင်းပွားစရာ ဖြစ်လာပါတယ်။

    စစ်ကော်မရှင်ကတော့ ဒီလုပ်ရပ်ကို အသုံးချပြီး KNU ခေါင်းဆောင်တွေ ပါဝင်ပတ်သက်နေတယ်ဆိုတဲ့ စာချုပ်အထောက်အထားတွေပါ ထုတ်ဖော်ကာ စွပ်စွဲတိုက်ခိုက်ခဲ့ပါတယ်။

    ဒါပေမယ့် KNU ဘက်ကတော့ ဒါဟာ BGF က ဦးဆောင်လုပ်ကိုင်တာ ဖြစ်ကြောင်း ပြန်လည်ငြင်းဆိုပြီး၊ စစ်ကော်မရှင်ရဲ့ လုပ်ရပ်ဟာ နိုင်ငံရေးအရ တိုက်ခိုက်လိုခြင်းသာ ဖြစ်တယ်လို့ တုံ့ပြန်လိုက်ပါတယ်။

    ဒီရှုပ်ထွေးတဲ့ နိုင်ငံရေး စစ်တလင်းကိစ္စကို ဗိုလ်ချုပ်ဇော်မင်းထွန်းနဲ့ ပဒိုကလယ်စေးတို့ရဲ့ ပြောကြားချက်တွေနဲ့ အတူ ဆက်လက် တင်ဆက်ပေးသွားပါမယ်ရှင်။



    8 min
  • "မြေမြှုပ်မိုင်း အန္တရာယ်ကင်းတဲ့ လမ်းကြောင်းကို ဘယ်လိုရွေးချယ်မလဲ"

    "မြေမြှုပ်မိုင်း အန္တရာယ်ကင်းတဲ့ လမ်းကြောင်းကို ဘယ်လိုရွေးချယ်မလဲ"

    သတင်းထုတ်လွှင့်ချက် - (EP - 527)

    ဒီကနေ့တော့ မြန်မာနိုင်ငံသားတွေ နေ့စဉ်နဲ့အမျှ ရင်ဆိုင်နေရတဲ့ မြေမြှုပ်မိုင်းအန္တရာယ် ကင်းရှင်းဖို့အတွက် ဘယ်လိုလမ်းကြောင်းတွေ ရွေးချယ်သွားလာသင့်တယ်ဆိုတာကို အသေးစိတ် တင်ဆက်ပေးသွားပါမယ်။

    ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း ကျောက်မဲမြို့မှာ သုဘရာဇာ ဦးပလောင်နဲ့ ၁၄ နှစ်အရွယ် နွားကျောင်းသားလေး မောင်အိုက်လော့တို့ဟာ ဘယ်လက်နက်ကိုင်အဖွဲ့နဲ့မှ မပတ်သက်ဘဲ မြေမြှုပ်မိုင်းကြောင့် အသက်ဆုံးရှုံးခဲ့ရတဲ့ ဝမ်းနည်းစရာ ဖြစ်ရပ်နှစ်ခုဟာ မိုင်းအန္တရာယ် ဘယ်လောက် ကြီးမားနေတယ်ဆိုတာကို ပြသနေပါတယ်။

    UNICEF ရဲ့ ထုတ်ပြန်ချက်အရ ၂၀၂၄ ခုနှစ် ပထမ ၉ လအတွင်းမှာပဲ မြန်မာတစ်နိုင်ငံလုံးမှာ မြေမြှုပ်မိုင်းနဲ့ စစ်လက်နက်အကြွင်းအကျန်တွေကြောင့် အရပ်သား ၈၈၉ ယောက် သေဆုံးထိခိုက်ခဲ့ရပြီး၊ ဒီထဲက ၂၅ ရာခိုင်နှုန်း ဟာ ရှမ်းပြည်မှာ ဖြစ်ပွားခဲ့တာပါ။

    ဒါကြောင့် ဒီလို အသက်အန္တရာယ်ရှိတဲ့ နေရာတွေမှာ ဘယ်လိုနေရာတွေကို ရှောင်ရမယ်၊ ဘယ်လိုလမ်းကြောင်း တွေကို ရွေးချယ်သွားလာရမယ်ဆိုတဲ့ မိုင်းကင်းရှင်းရေး လမ်းညွှန်ချက် တွေကို ဆက်လက် နားဆင်ပေးကြပါရန် တိုက်တွန်းလိုပါတယ်ရှင်။

    9 min
  • ပဋိပက္ခဆက်နွယ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနှင့် စစ်ဒဏ်သင့် အမျိုးသမီးများ၏ ဘဝ( သတင်းဆောင်းပါး)

    ပဋိပက္ခဆက်နွယ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနှင့် စစ်ဒဏ်သင့် အမျိုးသမီးများ၏ ဘဝ( သတင်းဆောင်းပါး)

    သတင်းထုတ်လွှင့်ချက် - (EP - 526)

    မြန်မာနိုင်ငံ စစ်ပဋိပက္ခဒေသတွေက အမျိုးသမီးတွေဟာ ဥပဒေအကာအကွယ် လုံးဝကင်းမဲ့စွာနဲ့ လိင်ပိုင်းဆိုင် ရာ အကြမ်းဖက်မှုတွေရဲ့ သားကောင်ဖြစ်နေရတဲ့ အခြေအနေဟာ စိုးရိမ်စရာကောင်းလောက်အောင် မြင့်တက် လာနေပါတယ်။

    အမျိုးသမီး အဖွဲ့အစည်းတွေရဲ့ ဖွင့်ဟချက်တွေအရ ပါဝါရှိသူတွေဟာ အားနွဲ့သူတွေကို လက်နက်အားကိုးပြီး လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်နေတာ ပိုမိုများပြားလာတယ်လို့ ဆိုပါတယ်။

    မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) ရဲ့ မှတ်တမ်းအရ ပြီးခဲ့တဲ့ စက်တင်ဘာလ တစ်လတည်းမှာပဲ စစ်ကော်မရှင်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် ကိုယ်ဝန်ဆောင် အမျိုးသမီးတွေအပါအဝင် အမျိုးသမီး ၄၇ ယောက် အထိ သေဆုံးခဲ့ပါတယ်။

    ဒီလိုဆိုးရွားတဲ့ အခြေအနေမှာ အမျိုးသမီးတွေ ဘယ်လိုရင်ဆိုင်နေရသလဲ၊ တိုင်ကြားဖို့ ဥပဒေအကာအကွယ် ဘာကြောင့် မရနိုင်သေးလဲဆိုတာကို အမျိုးသမီးအဖွဲ့အစည်း တာဝန်ရှိသူတွေရဲ့ ပြောကြားချက်တွေနဲ့အတူ အသေးစိတ်အကြောင်းအရာကို ဒီနေ့ရဲ့ Podcast အစီအစဉ်မှာ တင်ဆက်ပေးသွားပါမယ်ရှင်။

    8 min
  • ‘စစ်ကော်မရှင်တပ်အတွင်းက ဖိနှိပ်ကွင်းဆက်နှင့် ပြည်သူ့ စစ်မှုထမ်းတို့၏ ဘဝ’ ( သတင်းဆောင်းပါး )

    ‘စစ်ကော်မရှင်တပ်အတွင်းက ဖိနှိပ်ကွင်းဆက်နှင့် ပြည်သူ့ စစ်မှုထမ်းတို့၏ ဘဝ’ ( သတင်းဆောင်းပါး )

    သတင်းထုတ်လွှင့်ချက် - (EP - 525)

    ဒီနေ့ ရဲ့ Podcast အစီအစဉ်မှာ တင်ဆက်ပေးမယ့် သတင်းဆောင်းပါးကတော့ စစ်ကော်မရှင်တပ်အတွင်းက ဖိနှိပ်မှုကွင်းဆက်နဲ့ ပတ်သက်ပြီး စိတ်မချမ်းမြေ့စရာ အခြေအနေတွေကို တင်ဆက်ပေးပါမယ်။ 

    ပြည်သူ့စစ်မှု ထမ်း ဥပဒေနဲ့ အတင်းအဓမ္မ ခေါ်ယူခံထားရတဲ့ တပ်သားသစ်တွေဟာ အရာရှိတွေရဲ့ ဖိနှိပ်မှုအပြင်၊ သူတို့နဲ့ ရာထူးတူ စစ်သည်တွေရဲ့ အနိုင်ကျင့်မှုတွေကိုပါ ခံစားနေရပါတယ်။

    'ကိုယ့်အဖေအရွယ် ခေါင်းဖြူကြီးတွေကိုတောင် သားအရွယ်တွေက အနိုင်ကျင့်နေတာ' လို့ KNDF ထံ ခိုလှုံလာတဲ့ တပ်သားတစ်ဦးက ဖွင့်ဟလိုက်ပါတယ်။

    ဒီလို ခွဲခြားဆက်ဆံမှု၊ ဒဏ်ရာရရင် ဆေးကုသခွင့်မရဘဲ လူသားဒိုင်းအဖြစ် အသုံးချခံရမှု တွေကြောင့် ဇန်နဝါရီ လကနေ စက်တင်ဘာလအထိ စစ်သည် ၂,၁၂၁ ယောက်ဟာ စစ်တပ်ကနေ ရုန်းထွက်ခဲ့ရတယ်လို့ မှတ်တမ်းတွေက ဖော်ပြနေပါတယ်။

    အသေးစိတ်ကိုတော့ ဒီးမော့ဆို စစ်မြေပြင်က ထွက်ပြေးလာသူနဲ့ တာဝန်ရှိသူတို့ရဲ့ ဖွင့်ဟပြောဆိုချက်တွေနဲ့အတူ တင်ဆက်ပေးထားပါတယ်။



    6 min
  • ဒုက္ခသည်စခန်းမှ စီးပွားရေးစစ်မြေပြင်ဆီသို့ Win-Win မူဝါဒအောက်မှ ခယောင်းလမ်း (သတင်းဆောင်းပါး )

    ဒုက္ခသည်စခန်းမှ စီးပွားရေးစစ်မြေပြင်ဆီသို့  Win-Win မူဝါဒအောက်မှ ခယောင်းလမ်း (သတင်းဆောင်းပါး )

    သတင်းထုတ်လွှင့်ချက် - (EP - 524)

    ဒီနေ့ ရဲ့ Podcast အစီအစဉ်မှာ တင်ဆက်ပေးမယ့် သတင်းဆောင်းပါးကတော့ နှစ်ပေါင်း ၄၀ ကျော်ကြာ ထိုင်း-မြန်မာနယ်စပ်က ဒုက္ခသည် စခန်းတွေမှာ မျှော်လင့်ချက်မဲ့စွာ နေထိုင်ခဲ့ရတဲ့ မြန်မာဒုက္ခသည် တစ်သိန်းနီးပါးရဲ့ ဘဝ အလှည့်အပြောင်း အကြောင်း ဖြစ်ပါတယ်။

    'မျှော်လင့်ချက်တွေ ကုန်ဆုံးပြီလား' လို့ ရင်တွင်းစကားဆိုခဲ့ရတဲ့ ထိုင်း-မြန်မာ နယ်စပ်က ဒုက္ခသည် တစ်သိန်း နီးပါး အတွက် အမှောင်ထုကြားက ရောင်ခြည် တစ်ခု ထိုးထွက်လာပါပြီ။

    ဩဂုတ်လ ၂၆ ရက်နေ့မှာ ထိုင်းအစိုးရဟာ ဒုက္ခသည် ၄၂,၀၀၀ ကျော်ကို တရားဝင် အလုပ်လုပ်ခွင့်ပြုမယ့် သမိုင်းဝင် ဆုံးဖြတ်ချက်ကို ချမှတ်လိုက်ပါတယ်။

    ဒီဆုံးဖြတ်ချက်ဟာ စားနပ်ရိက္ခာ ရပ်ဆိုင်းမှုတွေနဲ့ ရင်ဆိုင်နေရတဲ့ ဒုက္ခသည်တွေအတွက် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ဖို့ ကြိုးပမ်းရတဲ့အထိ ဆိုးရွားလာတဲ့ အခြေအနေကနေ ရုန်းထွက်ဖို့ 'Win-Win' အဖြေ ဖြစ်လာ မလား။

    လက်တွေ့ အကောင်အထည်ဖော်မှုမှာ ကြုံတွေ့ရမယ့် ခယောင်းလမ်း စိန်ခေါ်မှုတွေကို ဒုက္ခသည်အရေး၊ အမျိုးသမီးအရေး လှုပ်ရှားနေသူတွေနဲ့ စစ်ရှောင်တွေကို မေးမြန်းပြီး တင်ဆက်ပေးထားပါတယ်။

    8 min
  • ၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလား ပွဲစဉ်တွေအတွက် လက်မှတ်တွေ ရောင်းပေးနေပြီ

    ၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလား ပွဲစဉ်တွေအတွက် လက်မှတ်တွေ ရောင်းပေးနေပြီ

    သတင်းထုတ်လွှင့်ချက် - (EP - 523)

    ဒီကနေ့ အစီအစဉ်တွေ ထဲမှာတော့ ... ရွှေဘိုမြို့မှာ စစ်ကော်ရှင်တပ်ရဲ့ လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် ကိုရင် ၄ ပါး ပျံလွန်တော်မူခဲ့ပြီး ဘုန်းကြီး ၇ ပါး ထိမှန်ဒဏ်ရာ ရခဲ့ပါတယ်။

    ကျောက်မဲတိုက်ပွဲထဲ အရပ်သား ပြည် သူ ၁၅ ယောက်ထက်နည်း သေဆုံးမှု ရှိခဲ့တယ်လို့ ဒေသတွင်း အရပ် ဘက် အဖွဲ့အစည်းတွေက ပြောပါတယ်။

    စက်တင်ဘာလအတွင်း ရခိုင်မှာ စစ်တပ်ရဲ့ လေကြောင်း တိုက်ခိုက်မှုထဲ အပြစ်မဲ့ပြည်သူ ၂၃ ယောက် သေဆုံးခဲ့ ပါတယ်။

    မန္တလေးမြို့လယ်မှာ ရွေးကောက်ပွဲ ဆန့်ကျင်ရေး လှုပ်ရှားမှု လုပ်ခဲ့ကြပါတယ်။

    မော်ရိုကိုနိုင်ငံမှာ Gen-Z လှုပ်ရှားမှုတွေ ဖြစ်ပွားနေပါတယ်။ 

    ဖိလစ်ပိုင်နိုင်ငံက အားပြင်းတဲ့ ငလျင်ထဲမှာ ငလျင်ဒဏ် တိမ်းရှောင်ရင်း လမ်းမှာ အမျိုးသမီး တယောက် ကလေးမွေးခဲ့ပါတယ်။

    ၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလား ပွဲစဉ်တွေအတွက် လက်မှတ်တွေကို ဗုဒ္ဓဟူးနေ့က စပြီး ရောင်းချပေးနေပြီ ဖြစ်ပါ တယ်။ ဒီသတင်းတွေကို စမိုင်းလ်က တင်ဆက်ထားပါတယ်။

    သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။

    12 min
  • ထိုင်းနိုင်ငံမှာ မြန်မာဒုက္ခသည်တွေကို အလုပ်လုပ်ခွင့် စပေးလိုက်ပါပြီ

    ထိုင်းနိုင်ငံမှာ မြန်မာဒုက္ခသည်တွေကို အလုပ်လုပ်ခွင့် စပေးလိုက်ပါပြီ

    သတင်းထုတ်လွှင့်ချက် - (EP - 522)

    ဒီကနေ့ အစီအစဉ်တွေ ထဲမှာတော့ ... နမ္မတူ လေကြောင်း တိုက်ခိုက်ခံရမှုထဲ ကျောက်မဲက စစ်ရှောင်တွေ အပါအဝင် ပြည်သူ ၄ ယောက် သေဆုံးခဲ့ပါတယ်။

    ဗန်းမော်တိုက်ပွဲမှာတော့ အရေးပါတဲ့စခန်းတချို့ကို KIA က ပြန်သိမ်းယူလိုက်ပါတယ်။

    နှစ်ပေါင်း ၄၀ ကျော် နယ်စပ်က ဒုက္ခသည်စခန်းတွေမှာနေနေရတဲ့ မြန်မာဒုက္ခသည်တွေ အောက်တိုဘာ ၁ ရက်နေ့ကစလို့ ထိုင်းနိုင်ငံထဲမှာ တရားဝင် အလုပ်လုပ်ခွင့်ရပြီ ဖြစ်ပါတယ်။ 

    ပဲပိစပ်ကို တရုတ်နိုင်ငံက ဆွေးနွေးညှိနှိုင်းရေး နည်းဗျူဟာ အဖြစ် အသုံးပြုနေတယ်လို့ သမ္မတထရန့်က ပြောလိုက်ပါတယ်။ 

    ရုရှားနိုင်ငံရဲ့ သင်္ဘောတစ်စီးကို ပြင်သစ်ရေတပ်က စီးနင်းပြီး အဆင့်မြင့်အရာရှိ နှစ်ယောက်ကို ထိန်းသိမ်း လိုက်ပါတယ်။ 

    ဆွီဒင်ခရိုနာ သန်းပေါင်း ၇၇၅ သန်းကို အကူအညီသစ်အဖြစ် ပံ့ပိုးမှုထဲ မြန်မာနိုင်ငံလည်း ပါဝင်ပါတယ်။ 

    အိန္ဒိယ ထိပ်တန်း မင်းသား ဗီဂျေး (Vijay) ရဲ့ မဲဆွယ်ဟောပြောပွဲမှာ လူ ၃၉ ယောက် သေဆုံးခဲ့ပါတယ်။  ဒီသတင်းတွေကို စမိုင်းလ်က တင်ဆက်ထားပါတယ်။

    သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။

    11 min
  • တရုတ်နိုင်ငံက ကင်းလှည့်နေတဲ့ ခွေးစက်ရုပ်အကြောင်း

    တရုတ်နိုင်ငံက ကင်းလှည့်နေတဲ့ ခွေးစက်ရုပ်အကြောင်း 

    သတင်းထုတ်လွှင့်ချက် - (EP - 521)

    ဒီနေ့ သတင်းတွေထဲမှာတော့ --- ရခိုင်ပြည်၊ မောင်တောမြို့နယ်ထဲမှာ အရိုးစုတွေပဲ ကျန်တော့တဲ့ အရပ်သား အလောင်း ၆ လောင်းကို တွေ့ခဲ့ ပါတယ်။ 

    ရှမ်းမြောက်၊ ကျောက်မဲမြို့ မှာ အရပ်သား ၂ ယောက် မြေမြှုပ်မိုင်း နင်းမိလို့ ပွဲချင်းပြီး သေဆုံးသွားပါတယ်။

    ကရင်နီပြည်၊ ဒီးမော့ဆိုက စစ်ရှောင်တွေ တခြားနေရာကို ထပ်ပြီး စစ်ရှောင်ရမှာကို စိုးရိမ်နေကြပါတယ်။

    ထိုင်းနိုင်ငံထဲက ဖတ်ချ်ဘူရီခရိုင်မှာ မြန်မာအလုပ်သမား အယောက် ၁၅၄၀ အလုပ်ဖြုတ်ခံလိုက်ရပါတယ်။

    အမေရိကန် အစိုးရ ရပ်ဆိုင်းသွားပြန်ပါတယ်။

    မာဒါဂါစကာက Gen-Z တွေရဲ့ တော်လှန် ဆန္ဒပြပွဲ အကြောင်း 

    တရုတ်နိုင်ငံက ကင်းလှည့်နေတဲ့ ခွေးစက်ရုပ်အကြောင်း ဒီသတင်းအကြောင်းအရာတွေကို စမိုင်းလ်က တင်ဆက်ပေးထားပါတယ်။

    သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။

    11 min
  • အမေရိကန်က ကြယ်တစ်ပွင့် အထက် ဗိုလ်ချုပ်တွေကို အစည်းဝေး ခေါ်လိုက်ပါတယ်။

    အမေရိကန်က ကြယ်တစ်ပွင့် အထက် ဗိုလ်ချုပ်တွေကို အစည်းဝေး ခေါ်လိုက်ပါတယ်။

    သတင်းထုတ်လွှင့်ချက် - (EP - 520)

    ဒီနေ့ သတင်းတွေထဲမှာတော့  ... ဆဒုံးလေကြောင်း တိုက်ခိုက်ခံရမှုထဲ ကလေးတွေအပါအဝင် အရပ်သားတွေ သေဆုံးခဲ့ပါတယ်။

    ပလက်ဝမြို့နယ် လေကြောင်းတိုက်ခိုက်ခံရမှုထဲ အမျိုးသမီးနှစ်ယောက် သေဆုံးပြီး အယောက် ၂၀ လောက် -ထိမှန်ဒဏ်ရာ ရခဲ့ပါတယ်။

    ကျောက်မဲမြို့က စစ်ရေးအခြေအနေ

    အမေရိကန်က ကြယ်တစ်ပွင့် အထက် ဗိုလ်ချုပ်တွေကို အစည်းဝေး ခေါ်လိုက်ပါတယ်။

    မော်လ်ဒိုဗာ ပြည်သူတွေက ဥရောပနဲ့ ပေါင်းဖို့ ရွေးချယ်ခဲ့တဲ့အကြောင်း.......

    အမေရိကန်မှာ သောင်းကျန်းနေတဲ့ ရှဉ့်ကလေးအကြောင်း .....ဒီသတင်းအကြောင်းအရာတွေကို စမိုင်းလ်က တင်ဆက်ပေးထားပါတယ်။

    သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။

    10 min
  • မြေမြှုပ်မိုင်းနဲ့ ပေါက်ကွဲစေတတ်သော စစ်ကျန်ပစ္စည်းတွေကို ဘယ်လို နေရာတွေမှာ တွေ့ရတတ်သလဲ။

    မြေမြှုပ်မိုင်းနဲ့ ပေါက်ကွဲစေတတ်သော စစ်ကျန်ပစ္စည်းတွေကို ဘယ်လို နေရာတွေမှာ တွေ့ရတတ်သလဲ။

    သတင်းထုတ်လွှင့်ချက် - (EP - 519)

    ဒီနေ့ရဲ့ Podcast အစီအစဉ်ထဲမှာလည်း အသိပညာပေး အစီအစဉ်အနေနဲ့ တိုက်ပွဲတွေ၊ စစ်ရေးပဋိပက္ခတွေ ကြားထဲမှာ နေထိုင်သွားလာရှင်သန်နေရတဲ့ လူထုအတွက် အထူးရည်ရွယ်ပြီး တင်ဆက်ထားပါတယ်။

    ဒီနေ့တော့ မြေမြုပ်မိုင်းနဲ့ ပေါက်ကွဲစေတတ်တဲ့ စစ်လက်ကျန် ပစ္စည်းတွေကို ဘယ်လိုနေရာတွေမှာ တွေ့ရ သလဲ။ ဘာာတွေ သတိထားသင့်လဲ ဆိုတဲ့အကြောင်း စုစည်း တင်ဆက်ထားပါတယ်။

    သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။

    10 min

About Network Media Group (NMG)

From the publisher's feed

Network Media Group: Independent News Agency Producing Multimedia Products can be seen on http://www.nmg-news.com, founded 2001 April 1.