
Sign up to save your podcasts
Or


သေနတ်ပြောင်းဝအောက်က အတုအယောင်ရွေးကောက်ပွဲနှင့် ဖိနှိပ်ခံပြည်သူတို့၏ ခုခံသံ
သတင်းထုတ်လွှင့်ချက် - (EP-538)
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၇ ရက်။
မနက်ဖြန် ဒီဇင်ဘာ ၂၈ ရက်နေ့ဟာ စစ်ကော်မရှင်က အတင်းအကျပ် ကျင်းပဖို့ ပြင်ဆင်နေတဲ့ အတုအယောင် ရွေးကောက်ပွဲ စတင်မယ့်နေ့ ဖြစ်ပါတယ်။ ဒီရွေးကောက်ပွဲဟာ ပြည်သူ့ဆန္ဒကို ကိုယ်စားမပြုတဲ့အပြင် ကျောင်း သား လူငယ်တွေကို ပညာရေးနဲ့ ခြိမ်းခြောက်တာ၊ ပြည်သူတွေကို အကျပ်ကိုင်တာတွေနဲ့ စစ်အုပ်စုအတွက် 'လူသတ်လိုင်စင်' တရားဝင်ရအောင် ကြိုးပမ်းနေတဲ့ ပွဲတစ်ခုသာ ဖြစ်တယ်လို့ ဝေဖန်မှုတွေ ပြင်းထန် နေပါ တယ်။ ကရင်နီနဲ့ ရှမ်းပြည် အပါအဝင် နိုင်ငံတစ်ဝှမ်းက ရွေးကောက်ပွဲ ဆန့်ကျင်ရေး လှုပ်ရှားမှုတွေနဲ့ လူ့အခွင့် အရေး ချိုးဖောက်ခံရမှု အခြေအနေတွေကို စုစည်းတင်ဆက်ပေးပါမယ်။
#myanmarelection #Election #စစ်ကော်မရှင် #ရွေးကောက်ပွဲ
"ဆေးရုံကို ဗုံးကြဲပြီး ဂုဏ်ပြုခံသည့် စစ်တပ်နှင့် ရွေးကောက်ပွဲကာလ မြင့်တက်လာသော စစ်ရာဇဝတ်မှုများ"
သတင်းထုတ်လွှင့်ချက် - (EP-537)
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၀ ရက်။
တစ်ကမ္ဘာလုံးက လူ့အခွင့်အရေးနေ့ကို ဂုဏ်ပြုနေချိန်မှာ မြန်မာနိုင်ငံမှာတော့ ရခိုင်ပြည် မြောက်ဦးဆေးရုံကြီး ဗုံးကြဲခံလိုက်ရတဲ့ ဖြစ်ရပ်ကြောင့် လူနာတွေနဲ့ ကလေးငယ်တွေ အစုလိုက်အပြုံလိုက် သေဆုံးခဲ့ရပါတယ်။
စစ်ကော်မရှင်ဟာ သူတို့ရဲ့ အတုအယောင် ရွေးကောက်ပွဲအတွက် နယ်မြေထိန်းချုပ်ဖို့ ကြိုးစားရင်း အရပ်သား တွေကို ပစ်မှတ်ထားတဲ့ စစ်ရာဇဝတ်မှုတွေကို ပြောင်ပြောင်တင်းတင်း ကျူးလွန်နေတာပါ။ ကမ္ဘာက တိတ်ဆိတ် နေချိန်မှာ မြန်မာပြည်သူတွေ ဘယ်လိုမျိုး အသက်နဲ့ရင်းပြီး ခံစားနေရသလဲဆိုတာကို အသေးစိတ် တင်ဆက်ပေး ပါ့မယ်။
#Airstrike #Myanmararmy #Election #myanmarElection #RakhineState #မြောက်ဦးလေကြောင်းတိုက်ခိုက်မှု #စစ်ကော်မရှင်
"သေဒဏ်ဖြင့် ခြိမ်းခြောက်လာသည့် ရွေးကောက်ပွဲဥပဒေနှင့် ပိတ်ဆို့ခံမီဒီယာလွတ်လပ်ခွင့်"
သတင်းထုတ်လွှင့်ချက် - (EP-536)
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၃ ရက်။
ကဲ ပရိသတ်ကြီးရေ.. စစ်ကော်မရှင်ရဲ့ အတုအယောင် ရွေးကောက်ပွဲ နီးကပ်လာတာနဲ့အမျှ မြန်မာနိုင်ငံက သတင်းသမားတွေဟာ အသက်အန္တရာယ်အထိ စိုးရိမ်ရတဲ့ ခြိမ်းခြောက်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ အထူး သဖြင့် ပြီးခဲ့တဲ့ ဇူလိုင်လက ပြဋ္ဌာန်းခဲ့တဲ့ ‘ရွေးကောက်ပွဲကာကွယ်ရေးဥပဒေ’ ဟာ သတင်းမီဒီယာတွေကို ပါးစပ် ပိတ်ဖို့ ကြိုးစားနေတဲ့ ဖိနှိပ်ရေးယန္တရားတစ်ခု ဖြစ်နေတယ်လို့ ဝေဖန်မှုတွေ ထွက်ပေါ်နေပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး အသေးစိတ်ကို ဆက်လက်တင်ဆက်ပေးပါမယ်။
"ဝမ်းရောဂါအန္တရာယ်နှင့် ပလက်ဝ-မီဇိုရမ် နယ်စပ်က စစ်ဘေးရှောင်များ၏ ကျန်းမာရေးစိန်ခေါ်မှု"
သတင်းထုတ်လွှင့်ချက် - (EP-535)
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက်။
မြန်မာ-အိန္ဒိယ နယ်စပ်တစ်လျှောက်က စစ်ဘေးရှောင်စခန်းတွေမှာ ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်းက ပြင်းထန်တဲ့ ဝမ်းပျက်ဝမ်းလျှောရောဂါ ကူးစက်မှုတွေကြောင့် ကလေးငယ်တွေအပါအဝင် လူသေဆုံးမှုတွေအထိ ရှိခဲ့ပါ တယ်။
လက်ရှိမှာတော့ တာဝန်ရှိသူတွေနဲ့ ဒေသခံအဖွဲ့အစည်းတွေရဲ့ ကြိုးပမ်းမှုကြောင့် ရောဂါကို ထိန်းချုပ် နိုင်ပြီဖြစ်သလို၊ ပိတ်ထားရတဲ့ ကုန်သွယ်ရေးလမ်းကြောင်းတွေကိုလည်း ပြန်ဖွင့်ပေးနေပြီ ဖြစ်ပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်တဲ့ အသေးစိတ်ကိုတော့ ဒီနေ့ရဲ့ Podcast အစီအစဉ်ထဲမှာ နားဆင်ရဖို့ ရှိနေပါတယ်။
"နာဂနှလုံးသားကို ခွဲပစ်မည့် နယ်စပ်ခြံစည်းရိုး"
သတင်းထုတ်လွှင့်ချက် - ( EP- 534 )
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၆ ရက်။
အိန္ဒိယ-မြန်မာ နယ်စပ်တစ်လျှောက်က နာဂမျိုးနွယ်စုတွေရဲ့ နှစ်ပေါင်းရာချီ ဘိုးဘွားစဉ်ဆက် လူမှုဘဝနဲ့ မိသားစု ဆက်ဆံရေးကို အပြီးတိုင် ဖြတ်တောက်ပစ်မယ့် ခြိမ်းခြောက်မှုကြီးတစ်ခု ပေါ်ပေါက်နေပါတယ်။ အိန္ဒိယအစိုးရ က နယ်စပ်ခြံစည်းရိုးကာရံဖို့ ကြိုးပမ်းနေမှုကို ချော့သိပ်တဲ့အနေနဲ့ "မီတာ ၈၀၀ ခြားတိုင်း ဂိတ်ပေါက်ဖွင့်ပေးမယ်" ဆိုပြီး ကမ်းလှမ်းခဲ့ပေမဲ့၊ နာဂဒေသခံတွေကတော့ ဒါဟာ လွတ်လပ်ခွင့်ကို ပိတ်ပင်ဖို့ ကြိုးစားတဲ့ "ချော့သိပ်မှု" သာဖြစ်တယ်ဆိုပြီး ပယ်ချလိုက်ပါတယ်။ မြေပြင်က နောက်ဆုံးရ တင်းမာမှုတွေနဲ့ ဒေသခံတွေရဲ့ ငြင်းဆိုသံတွေ ကို စုစည်းတင်ဆက်ပေးပါမယ်။"
မိုင်းအန္တရာယ် ဆိုင်းဘုတ်တွေက ဘာတွေလဲ၊ တွေ့ရင် ဘာလုပ်မလဲ?
သတင်းထုတ်လွှင့်ချက်-(EP-533)
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၄ ရက်။
အရင်ပတ်တွေမှာတော့ မြေမြှုပ်မိုင်းနဲ့ စစ်လက်ကျန်ပစ္စည်းတွေနဲ့ ပတ်သက်လို့ ဘယ်လိုလမ်းကြောင်းတွေကို ရွေးသင့်တယ်။ မသင်္ကာစရာ တစ်ခုခုတွေ့တယ်ဆိုရင် ဘာတွေ လုပ်ရမလဲ၊ မလုပ်ရဘူး။ စတာတွေကို ပြောပြခဲ့ပါတယ်။ ဒီတစ်ပတ်မှာတော့ မိုင်းအန္တရာယ်သတိပေး ဆိုင်းဘုတ်တွေအကြောင်းကို ဒီနေ့ရဲ့ ပေါ့စ်တ် အစီအစဉ်ထဲမှာ ပြောပြသွားမှာပါ။
ကရင်နီစစ်ရှောင်များ စိတ်ဒဏ်ရာ၊ ငတ်မွတ်မှုနှင့် အအေးဒဏ်ကြောင့် သေဆုံးမှုများဖြင့် ရင်ဆိုင်
သတင်းထုတ်လွှင့်ချက် - (EP - 532)
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်။ နိုဝင်ဘာလ ၂၂ ရက်။
ကရင်နီပြည်မှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း နေရပ်စွန့်ခွာခဲ့ရတဲ့ စစ်ဘေးရှောင် ပြည်သူတွေဟာ စားနပ်ရိက္ခာ နဲ့ အခြေခံလိုအပ်ချက်တွေအပြင်၊ စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာတွေနဲ့ပါ ရင်ဆိုင်နေရပါတယ်။
စစ်ရှောင်ကာလ ကြာလာတာနဲ့အမျှ မိခင်တွေအတွက် သားသမီးတွေရဲ့ ငတ်မွတ်မှု စိုးရိမ်စိတ် ဟာ ဘယ်လောက် အထိ ကြီးမားလာနေပါသလဲ။
ဒါ့အပြင် လွိုင်ကော်၊ ဒီးမော့ဆို အနောက်ခြမ်းနဲ့ မိုးဗြဲဒေသတွေက စစ်ရှောင်တွေဟာ ဝင်ငွေမရှိ၊ အလှူရှင် အားနည်းမှုနဲ့ ကုန်ဈေးနှုန်းမြင့်တက်တဲ့ ဖိစီးမှုတွေကြောင့် အိမ်တွင်းပဋိပက္ခနဲ့ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေး ပြဿနာတွေပါ ကြုံနေကြရပါတယ်။
ဆောင်းတွင်းရောက်လာတော့လည်း အအေးဒဏ်ကြောင့် သက်ကြီးပိုင်း သေဆုံးမှုတွေပါ ရှိလာတဲ့ အခြေအနေ တွေကို စစ်ရှောင်မိသားစုဝင်တွေနဲ့ အကူအညီပေးရေးအဖွဲ့ တာဝန်ခံတွေရဲ့ ပြောပြချက်တွေကို ဒီနေ့ရဲ့ Podcast အစီအစဉ်ကို နားဆင်ကြရမှာ ဖြစ်ပါတယ်။
ကချင် စစ်မျက်နှာ ၄ ခုအထိ ကျယ်ပြန့်၊ ဗန်းမော်နှင့် ဖားကန့်တွင် အရပ်သားများ ထိခိုက်သေဆုံး
သတင်းထုတ်လွှင့်ချက် - (EP - 531)
သတင်းနှင့်မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်။ နိုဝင်ဘာလ ၁၅ ရက်။
အခုတစ်ပတ်အတွင်း ကချင်ပြည် စစ်မျက်နှာတွေမှာ စစ်ရေးတင်းမာမှု အခြေအနေတွေဟာ ဘယ်အထိ ပြန့်နှံ့နေပါသလဲ။
အထူးသဖြင့် KIA နဲ့ စစ်ကော်မရှင်တပ်တွေ နေရာလု တိုက်ပွဲတွေ နေ့တိုင်းနီးပါး ဆက်တိုက်ဖြစ်ပွားနေတဲ့ ဗန်းမော်မြို့နယ် ... ဒါ့အပြင် လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သား သေဆုံး/ဒဏ်ရာရတာတွေ ရှိခဲ့တဲ့ ဖားကန့်မြို့နယ်ရဲ့ အခြေအနေတွေကိုလည်း KIO/KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး နော်ဘူ ရဲ့ ပြောဆို ချက်တွေနဲ့အတူ စုစည်းတင်ဆက်ထားတဲ့ Podcast အစီအစဉ်ကို နားဆင်ကြရမှာ ဖြစ်ပါတယ်။
စစ်ကော်မရှင်ရဲ့ 'ငတ်ပြတ်စေရေးဗျူဟာ' နဲ့ ခံနိုင်ရည်ရှိသော ကရင်နီမိခင်များ၏ တုံ့ပြန်မှု
သတင်းထုတ်လွှင့်ချက် - (EP - 530)
သတင်းနှင့်မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်။ နိုဝင်ဘာလ ၈ ရက်။
စစ်အာဏာသိမ်းပြီး ငါးနှစ်နီးပါးကာလဟာ ကရင်နီ (ကယား) ပြည်က မိခင်တွေအတွက် သားသမီးတွေကို ဝမ်းဝအောင် ကျွေးမွေးဖို့တောင် ခက်ခဲတဲ့၊ စိတ်ဓာတ်ရူးမတတ် ဖိစီးမှုဒဏ် ကို ခံစားနေရတဲ့ ကာလတစ်ခု ဖြစ်ပါတယ်။
နိုင်ငံတကာ အထောက်အပံ့တွေ ပြတ်တောက်ကုန်တဲ့အပြင် စစ်ကော်မရှင်ရဲ့ ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်မှုတွေ ကြောင့် ဒီမိခင်တွေဟာ ငတ်မွတ်ခြင်း နဲ့ လုံခြုံရေးအန္တရာယ် ကြားထဲမှာ ရုန်းကန်နေရပါတယ်။
ဒါပေမဲ့ ဒီလို အခက်အခဲပေါင်းစုံကို ရင်ဆိုင်နေရပေမယ့်၊ သူတို့မှာ မယိမ်းယိုင်တဲ့ ဆုံးဖြတ်ချက်တစ်ခု ရှိနေပါ တယ်။ ဒါကတော့ "အရေးတော်ပုံ မအောင်မချင်း နေရပ်လုံးဝမပြန်ဘူး" ဆိုတာပဲ ဖြစ်ပါတယ်။
ဒီနေ့ရဲ့ Podcast အစီအစဉ်ထဲမှာ ဒီခက်ခဲကြမ်းတမ်းတဲ့ ဘဝကို ရင်ဆိုင်နေရတဲ့ ကရင်နီ စစ်ရှောင်မိခင်တွေရဲ့ စကားသံတွေ၊ မျက်ရည်တွေနဲ့ ဖုံးကွယ်ထားတဲ့ ခံနိုင်ရည်ရှိမှုကို အနီးကပ် တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
"စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲ ကစားပွဲနောက်ကွယ်က ကုလသမဂ္ဂ သံအမတ်နေရာ စစ်ပွဲ"
သတင်းထုတ်လွှင့်ချက် - (EP - 529)
သတင်းနှင့် မီဒီယာ ကွန်ရက်
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်။
ဒီတစ်ပတ်မှာ ကျမတို့ အထူးအာရုံစိုက်တင်ဆက်မယ့် အကြောင်းအရာကတော့ မြန်မာ့အရေးအတွက် ကမ္ဘာ့ အရေးဖြစ်တဲ့ ကုလသမဂ္ဂ (UN) မှာ ရေပူနေတဲ့ သံအမတ်ကိုယ်စားလှယ် နေရာ ကိစ္စပါပဲ။
စစ်ကော်မရှင်က လာမယ့် ဒီဇင်ဘာမှာ ရွေးကောက်ပွဲကျင်းပပြီး နိုင်ငံတကာ အသိအမှတ်ပြုမှုကို ပြန်ယူဖို့ ဘယ်လိုကြိုးစားနေသလဲ၊ ဒီလိုကြိုးပမ်းမှုက သံအမတ်ကြီး ဦးကျော်မိုးထွန်းရဲ့ ရပ်တည်ချက်နဲ့ ပြည်သူ့ အချုပ်အခြာအာဏာကို ဘယ်လို စိန်ခေါ်နေသလဲ၊
ဒီနေ့ Podcast အစီအစဉ်မှာ နိုင်ငံရေး လေ့လာသုံးသပ်သူတွေ၊ ဥပဒေပညာရှင်တွေရဲ့ အသံတွေနဲ့အတူ စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲနောက်ကွယ်က အန္တရာယ်ကြီးတဲ့ သံတမန်ရေး ကစားပွဲကို သုံးသပ်တင်ဆက် သွားမှာ ဖြစ်ပါတယ်။
From the publisher's feed
Network Media Group: Independent News Agency Producing Multimedia Products can be seen on http://www.nmg-news.com, founded 2001 April 1.