Network Media Group (NMG)

Network Media Group (NMG)

Download on the App Store

Network Media Group (NMG) episodes

  • မြေမြှုပ်မိုင်းနဲ့ ပေါက်ကွဲစေတတ်သော ပစ္စည်းဆိုတာ ဘာတွေလဲ။

    မြေမြှုပ်မိုင်းနဲ့ ပေါက်ကွဲစေတတ်သော ပစ္စည်းဆိုတာ ဘာတွေလဲ။

    သတင်းထုတ်လွှင့်ချက် - (EP - 518)

    ဒီနေ့ရဲ့ Podcast အစီအစဉ်မှာတော့ ပုံမှန်လိုမျိုး သတင်းတွေ၊ ဆောင်းပါးတွေ တင်ဆက်ပေးတာမျိုး မဟုတ်ဘဲ နဲ့ အသိပညာပေး အစီအစဉ်လေးကို သွားချင်ပါတယ်။ 

    ကျမတို့ နိုင်ငံလို တိုက်ပွဲတွေ၊ စစ်ရေးပဋိပက္ခတွေ ကြားထဲမှာ နေထိုင်သွားလာရှင်သန်နေရတဲ့ လူထုအတွက် အထူးရည်ရွယ်ပါတယ်။ မြေမြှုပ်ပိုင်းနဲ့ ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းဆိုတာက ဘာတွေလဲ။ အဲ့ဒီအကြောင်းကို ဒီ Podcast အစီအစဉ်မှာ စုစည်း တင်ဆက်ထားပါတယ်။

    သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။

    9 min
  • စစ်အုပ်ချုပ်ရေး စိတ်ဓါတ်နှင့် ပုရိသကြီးစိုးမှုတို့ နက်ရှိုင်းစွာ အမြစ်တွယ်နေမှုကို ဆန့်ကျင်ကြ (သတင်းဆောင်းပါး)

    စစ်အုပ်ချုပ်ရေး စိတ်ဓါတ်နှင့် ပုရိသကြီးစိုးမှုတို့ နက်ရှိုင်းစွာ အမြစ်တွယ်နေမှုကို ဆန့်ကျင်ကြ (သတင်းဆောင်းပါး)

    သတင်းထုတ်လွှင့်ချက် - (EP - 517)

    ဒီတပတ်အစီအစဉ်မှာတော့ စစ်အာဏာရှင်စနစ်အပြင် ရာစုနှစ်ချီ အမြစ်တွယ်နေတဲ့ ပုရိသကြီးစိုးမှုနဲ့ လိင် အခြေပြု ခွဲခြားဆက်ဆံမှုတွေကိုပါ တစ်ပါတည်း ဖျက်သိမ်းဖို့ အမြစ်ပြတ်ချေမှုန်းဖို့ တောင်းဆိုနေကြပါတယ်။ ဘာလို့ ဒီလို တောင်းဆိုရတာလဲ၊ ဘာလို ခွဲခြားဆက်ဆံမှုမျိုးတွေ ဆက်ရှိနေတာလဲ၊ ခွဲခြားဆက်ဆံမှု တွေကြောင့် ဘယ်အပိုင်းတွေကို ထိခိုက်စေနိုင်ပါသလဲ.... စတာတွေကို ဒီတပတ်ရဲ့ Podcast အစီအစဉ်မှာ စုစည်းတင်ဆက်ထားပါတယ်။

    သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။

    8 min
  • စူပါပါဝါ နိုင်ငံများ၏ အနေအထားနှင့် အားပြိုင်မှုများက တိုင်းရင်းသားတော်လှန်ရေး အဖွဲ့များအပေါ် သက်ရောက်မှု အခြေအနေ

    စူပါပါဝါ နိုင်ငံများ၏ အနေအထားနှင့် အားပြိုင်မှုများက တိုင်းရင်းသားတော်လှန်ရေး အဖွဲ့များအပေါ် သက်ရောက်မှု အခြေအနေ  (သတင်းဆောင်းပါး)

    သတင်းထုတ်လွှင့်ချက် - (EP - 516)

    ဒီတပတ်အစီအစဉ်မှာတော့ ကမ္ဘာကြီးမှာ အင်အားကြီး နိုင်ငံတွေအကြား ပြိုင်ဆိုင်မှုက ဘယ်လို ရှိပါသလဲ၊ 

    မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ အဲဒီ နိုင်ငံကြီးတွေရဲ့ အင်အား ပြိုင်ဆိုင်မှုက ဘယ်လို အနေအထားရှိပါသလဲ၊ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ ဒေသတွင်း ပထဝီနိုင်ငံရေးက ဘယ်လိုရှိသလဲ၊ 

    အိမ်နီးချင်းတွေဖြစ်တဲ့ တရုတ်၊ အိန္ဒိယ၊ ထိုင်းအပါအဝင် အာဆီယံ နိုင်ငံတွေက မြန်မာ့နိုင်ငံရေး အပေါ် ဘယ်လို သက်ရောက်နေသလဲ၊ ဒီသက်ရောက်မှု တွေဟာ တိုင်းရင်းသား တော်လှန်ရေးတွေအပေါ် ဘယ်လို သက်ရောက်မှု ရှိသလဲ ဆိုတာတွေကို အပိုင်းတွေ ခွဲပြီး တင်ဆက်သွားမှာပါ။

    သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။

    14 min
  • "ထိုင်းနိုင်ငံတွင်း တရားဝင် အလုပ်လုပ်ကိုင်ခွင့် ရတော့မည့် မြန်မာဒုက္ခသည်များ"

    "ထိုင်းနိုင်ငံတွင်း တရားဝင် အလုပ်လုပ်ကိုင်ခွင့် ရတော့မည့် မြန်မာဒုက္ခသည်များ"
    (သတင်းဆောင်းပါး)

    သတင်းထုတ်လွှင့်ချက် - (EP - 515)

    ဒီတပတ်အစီအစဉ်မှာတော့ ထိုင်း - မြန်မာ နယ်စပ်တလျှောက်က ဒုက္ခသည်စခန်းတွေမှာ နှစ်ရှည် ခိုလှုံနေကြတဲ့ မြန်မာဒုက္ခသည်တွေကို ထိုင်းနိုင်ငံထဲမှာ တရားဝင်အလုပ် လုပ်ခွင့်ပြုလိုက်ပါတယ်။ 

    ထိုင်းအစိုးရက ဒီလို ခွင့်ပြု လိုက်ပြီးနောက် ဘာတွေ ဆက်လုပ်နေပြီလဲ။ အမေရိကန်နိုင်ငံက လူသားချင်းစာနာမှုဆိုင်ရာ ထောက်ပံ့မှုတွေ ရပ်ဆိုင်းတာ ခံရပြီး အခက်အခဲတွေ ကြုံနေရတဲ့ မြန်မာဒုက္ခသည်တွေ အတွက်ကရော ဘယ်လောက် ထိရောက် မှုရှိနိုင်လဲ။ ဒီအကြောင်းတွေကို ဒီနေ့ရဲ့ Podcast အစီအစဉ်ထဲမှာ နားဆင်ရဖို့ ရှိနေပါတယ်။

    သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။

    10 min
  • မဟာမိတ်ဆက်ဆံရေး ခိုင်မာပြီး လူထု ထောက်ခံမှု ရှိမှသာ သိမ်းပိုက်မြို့ရွာများ ရေရှည်ထိန်းနိုင်မည် (သတင်းဆောင်းပါး)

    မဟာမိတ်ဆက်ဆံရေး ခိုင်မာပြီး လူထု ထောက်ခံမှု ရှိမှသာ သိမ်းပိုက်မြို့ရွာများ ရေရှည်ထိန်းနိုင်မည် (သတင်းဆောင်းပါး)

    သတင်းထုတ်လွှင့်ချက် - (EP - 514)

    ဒီနောက်ပိုင်းမှာ မြို့တွေ သိမ်းလိုက်၊ မြို့တွေ ပြန်ပေးလိုက်နဲ့ ဆက်တိုက်ဖြစ်လာနေပါတယ်။ 

    တိုက်ပွဲတွေထဲ ဒီလိုမျိုး ဖြစ်တာက အထူးအဆန်း မဟုတ်ပေမယ့် တော်လှန်ရေး တပ်ဖွဲ့တွေကို ပြည်သူတွေက အောင်ပွဲတွေနဲ့ပဲ မြင်ချင်ကြတာ ဖြစ်ပါတယ်။ 

    မြို့တွေ တစ်မြို့ပြီး တစ်မြို့ကိုသိမ်း အောင်ပွဲတွေခံပြီး မြို့တွေကို ဆက်ထိန်းထား ဖို့၊ အုပ်ချုပ်ရေး ယန္တရားတွေ လည်ပတ်နိုင်ဖို့၊ စစ်ကော်မရှင်တပ်ကို လုံးဝ ပြန်မဝင်လာနိုင်အောင် ကာကွယ် ပေးဖို့ လူထုက လိုလားတာ ဖြစ်ပါတယ်။ 

    မြို့တွေ၊ ရွာတွေကို ဆက်သိမ်းပြီးရင် ဆက်ထိန်းထားနိုင်ဖို့ ဘယ်လိုအ ခက်အခဲတွေ ရှိနေသလဲ၊ ဘာတွေလုပ် ဖို့လိုတာလဲ၊ ဘယ်လို အစီအမံတွေ ရှိသင့်လဲ၊ မြေပြင်မှာက ဘာတွေ ဖြစ်နေတာလဲ ဒီအကြောင်းတွေကို နားဆင်ရဖို့ရှိနေပါတယ်။

    သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။

    11 min
  • မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေရဲ့ အန္တရာယ်

    မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေရဲ့ အန္တရာယ်

    သတင်းထုတ်လွှင့်ချက် - (EP - 513)

    မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေဟာ ဘယ်လိုနေရာမှာ ရှိနေတတ်ပြီး ဘယ်လိုအန္တရာယ်တွေ ပေးနိုင်သလဲ။ 

    မြေမြှုပ်မိုင်း ဆန့်ကျင်ရေးနဲ့ ပညာပေးရေး အဖွဲ့တွေရဲ့ အချက်အလက်တွေ အရဆိုရင် ၁၉၉၉ ခုနှစ်ကနေ ၂၀၂၃ ခုနှစ်အထိ နှစ်ပေါင်း ၂၀ ကျော်ကာလမှာ မိုင်း ထိမိသူပေါင်း ခုနှစ်ထောင် ကျော်ရှိခဲ့ပေမယ့် ၂၀၂၃ ခုနှစ် တစ်နှစ်ထဲမှာတော့ နှစ်ထောင့်ကိုးရာကျော် အထိ ရှိလာခဲ့တယ်လို့ ဆိုပါတယ်။

    ဒါကြောင့် တိုက်ပွဲနဲ့ ပဋိပက္ခဒေသတွင်းနဲ့ စစ်မက်ဖြစ်ပွားတဲ့ နေရာတွေမှာ နေထိုင်ကြတဲ့ ပြည်သူတွေအနေနဲ့ မြေမြှုပ်မိုင်းအကြောင်း သိသင့် သိထိုက်တာတွေ သိထားပြီး အန္တရာယ်တွေကို ရှောင်ရှားနိုင်ဖို့ လိုအပ်ပါတယ်။

    ဒီမြေမြှုပ်မိုင်းတွေနဲ့ ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေဟာ ဘာတွေလဲ၊ အန္တရာယ် မဖြစ်အောင် ဘယ်လို ရှောင် ရှားသင့်လဲ ဆိုတာတွေကို နောက်ပိုင်းတွေမှာလည်း အသေးစိတ် တင်ဆက်ပေးသွားဖို့ ရှိပါတယ်။

    သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။

    7 min
  • နိုင်ကျဉ်းတွေအပေါ် ဥပဒေ ပုဒ်မတွေကို လိုသလို ကစားနေတဲ့ စစ်အုပ်စုရဲ့ အကျဉ်းဦးစီဌာန

    နိုင်ကျဉ်းတွေအပေါ် ဥပဒေ ပုဒ်မတွေကို လိုသလို ကစားနေတဲ့ စစ်အုပ်စုရဲ့ အကျဉ်းဦးစီဌာန (သတင်းဆောင်းပါး)

    သတင်းထုတ်လွှင့်ချက် - (EP - 511)

    စစ်ကော်မရှင်က လွတ်ရက်စေ့တဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ထောင်ဗူးဝကနေ ပြန်လည်ဖမ်းဆီးမှုတွေ ဆက် တိုက် လုပ်နေပါတယ်။ စစ်အာဏာသိမ်းချိန်ကနေ အခု ဩဂုတ်လအထိဆိုရင် ထောင်ဗူးဝကနေ အဖမ်းခံရတဲ့ နိုင်ငံရေး အကျဉ်းသား အယောက် ၇၀ ကျော်သွားပါပြီ။ လွတ်ရက်စေ့ နိုင်ငံရေး အကျဉ်းသားတွေကို ထောင်ဗူး ဝကနေ ပုဒ်မအမျိုးမျိုးနဲ့ ပြန်ဖမ်းနေတာတွေကို ရည်ရွယ်ချက်ရှိရှိ လုပ်နေတယ်လို့ ဆိုပါတယ်။ ဘာကြောင့် အခုလိုလုပ်နေရတာလဲ၊ ဘယ်လိုပုဒ်မမျိုးတွေ ပြန်တပ်ပြီး ဖမ်းနေတာလဲ၊ ဘယ်ထောင်တွေမှာ အများဆုံးဖြစ်နေ လဲ စုစည်းတင်ဆက်ပေးထားပါတယ်။

    သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။

    12 min
  • စစ်အုပ်စု တရားဝင်ဖြစ်ရေးနဲ့ ပဋိပက္ခတွေ ဆက်ဖြစ်စေမယ့် ရွေးကောက်ပွဲ

    စစ်အုပ်စု တရားဝင်ဖြစ်ရေးနဲ့ ပဋိပက္ခတွေ ဆက်ဖြစ်စေမယ့် ရွေးကောက်ပွဲ (သတင်းဆောင်းပါး)

    သတင်းထုတ်လွှင့်ချက် - (EP - 510)

    စစ်ကော်မရှင်က ကျင်းပဖို့ ပြင်ဆင်နေတဲ့ ရွေးကောက်ပွဲက သူတို့ တရားဝင်မှု ရရေးအတွက် ကြိုးပမ်းတဲ့ လုပ် ရပ်တစ်ခုပဲ ဖြစ်တယ်လို့ သုံးသပ်ထောက်ပြမှုတွေ ရှိနေပါတယ်။ စစ်တပ်ကိုပဲ အကျိုးပြုမယ့် စစ်အာဏာရှင် စနစ်ကို သက်ဆိုးရှည်စေမယ့် အတုအယောင် ရွေးကောက်ပွဲကို တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ဒေသတွေ လုပ်ခွင့်ပြုမှာ မဟုတ်ဘူးလို့ တော်လှန်ရေး အင်အားစုတွေက ပြောဆိုထားပါတယ်။ ဒီအကြောင်း တွေကို စုစည်းတင်ဆက်ပေးထားပါတယ်။

    သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။

    10 min
  • လူမျိုးစုတွေကြားက ပဋိပက္ခတွေရဲ့ အကျိုးဆက်တွေက ဘာတွေဆက်ဖြစ်လာသလဲ?

    လူမျိုးစုတွေကြားက ပဋိပက္ခတွေရဲ့ အကျိုးဆက်တွေက ဘာတွေဆက်ဖြစ်လာသလဲ? (သတင်းဆောင်းပါး)

    သတင်းထုတ်လွှင့်ချက် - (EP - 509)

    မြန်မာနိုင်ငံနဲ့ အိမ်နီးချင်း ကပ်လျက်ရှိနေတဲ့ အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ်ထဲမှာ တိုင်းရင်းသား ပဋိပက္ခကြီး ဖြစ်ပွားခဲ့ပါတယ်။ 

    လူအများစု ဖြစ်တဲ့ ကသည်း လို့ခေါ်တဲ့ ပုဏ္ဏား လူမျိုးတွေနဲ့ ကူကီးလူမျိုးတွေကြားမှာ ၂၀၂၃ ခုနှစ် အတွင်းမှာ ဖြစ်ပွားခဲ့တာပါ။ 

    အဲဒီ ပဋိပက္ခအတွင်း အပြန်အလှန် ရွာတွေ မီးရှို့၊ လူတွေ သတ်ခဲ့တာကြောင့် လူပေါင်း ၂၀၀ ဝန်းကျင် သေဆုံးခဲ့ပြီး လူပေါင်း ၇၀,၀၀၀ လောက် ရွှေ့ပြောင်းခဲ့ရပါတယ်။ 

    အဲဒီ ပဋိပက္ခရဲ့ နောက် ခံ အကြောင်းအရင်းက ဘာတွေပါလဲ၊ အဲဒီဒေသမှာ နေထိုင်တဲ့ မြန်မာတွေရဲ့ အမြင်က ဘယ်လို ရှိပါသလဲ၊ အဲဒီ ပဋိပက္ခကြောင့် အကျိုးဆက်တွေက ဘာတွေ ရှိခဲ့ပါသလဲ ဆိုတာတွေကို တင်ဆက်ထားပါတယ်။ 

    သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။

    12 min
  • စစ်မှုထမ်း ဥပဒေကြောင့် နောက်ဆက်တွဲ လူ့အခွင့်အရေး ချိုးဖောက်ခံရမှု အခြေအနေ

    စစ်မှုထမ်း ဥပဒေကြောင့် နောက်ဆက်တွဲ လူ့အခွင့်အရေး ချိုးဖောက်ခံရမှု အခြေအနေ (သတင်းဆောင်းပါး)

    သတင်းထုတ်လွှင့်ချက် - (EP - 508)

    မွန်လူငယ်တွေ စစ်မှုထမ်းကောက်ယူခံရမှာကို စိုးရိမ်နေကြတဲ့ အကြောင်းပါ။ ဒီဩဂုတ်လထဲမှာ စစ်ကော်မရှင် ခန့် အုပ်ချုပ်ရေးမှူးတွေက အိမ်တိုင်ရာ အရောက် စစ်မှုထမ်းခေါ်ယူမယ်ဆိုပြီး ပြောနေတာကြောင့် မွန်ပြည်က လူငယ်တွေနဲ့ သက်ဆိုင်ရာ မိသားစုတွေက စိုးရိမ်နေကြတာ ဖြစ်ပါတယ်။ မွန်ပြည်တွင်း စစ်မှုထမ်း ခေါ်ယူနေမှု အခြေအနေ၊ စစ်မှုထမ်း ဥပေဒအောက်က ခြိမ်းခြောက်ငွေကြေး တောင်းခံမှုတွေနဲ့ အဓမ္မဖမ်းဆီးခံနေရတဲ့ အခြေအနေတွေအကြောင်း စုစည်းတင်ဆက်ထားပါတယ်။

    သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။

    10 min

About Network Media Group (NMG)

From the publisher's feed

Network Media Group: Independent News Agency Producing Multimedia Products can be seen on http://www.nmg-news.com, founded 2001 April 1.