
Sign up to save your podcasts
Or


တိုင်းရင်းသားရေးရာ သတင်းသုံးသပ်ချက် ( EP - 22 )
မေလ ၃၀ ရက်၊ ၂၀၂၂ ခုနှစ်။
သတင်းနှင့် မီဒီယာ ကွန်ရက်က အခါအားလျော်စွာ တိုင်းရင်းသားရေးရာ သတင်းသုံးသပ်ချက်တွေကို Podcast ကနေ အသံလွှင့် နေပါတယ်။ တိုင်းရင်းသား အရေး၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနဲ့ တိုင်းရင်းသား ဒေသတွေက အဖြစ်အပျက် အကြောင်းအရာတွေ အပေါ်မှာ သုံးသပ်ချက်တွေကို တင်ပြသွားမှာ ဖြစ်ပါတယ်။
ဒီတပါတ်မှာတော့ ကချင်ပြည်နယ်၊ မြစ်ကြီးနားက အင်ခိုင်ဘွမ်တောင်လို့ခေါ်တဲ့ ကချင်တိုင်းရင်းသားတွေရဲ့ အမျိုးသားရေးနဲ့ဆိုင်တဲ့ သမိုင်းအထင်ကရနေရာမှာ ဗုဒ္ဓရုပ်ပွားတော်တွေ လာတည်နေတာနဲ့ ပတ်သက်ပြီး ကချင် တိုင်းရင်းသားတွေက ကန့်ကွက်နေတဲ့အကြောင်း တင်ဆက်ပေးပါ့မယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက် ရိုက်နား ဆင်နိုင်သလို ဒေါင်းလုဒ် လုပ်ထားပြီး အဆင်ပြေတဲ့ အချိန်မှာမှ နားထောင်ရင်လည်း ရပါတယ်။
Accuracy Check ( EP - 25 )
မေလ ၃၀ ရက်၊ ၂၀၂၂ ခုနှစ်။
ဒီနေ့ပြောပြမယ့် သတင်းအမှားကတော့ လိုင်ဇာကို စစ်ကောင်စီက ထိန်းချုပ်လိုက်ပြီဆိုတဲ့ သတင်းမှားကို တင်ဆက်ပေးထားပါတယ်။
Accuracy check အစီအစဉ်ကို Podcast ကနေ အသံလွှင့်ပေးနေပါတယ်။ သတင်းအမှားတွေကို ဘယ်လိုလူတွေက ဖြန့်ဝေနေကြတာလဲ၊ သတင်းအမှားဖြန့်ဝေသူတွေက ဘယ်လိုသတင်းအမှားမျိုးတွေကို ဖြန့်ဝေနေတာလဲဆိုတာကို သတင်းနှင့် မီဒီယာကွန်ရက် (NMG) က ထုတ်လွှင့်တဲ့ Podcast ထုတ်လွှင့်ချက်ကနေ တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုဒ် လုပ်ထားပြီး အဆင်ပြေတဲ့ အချိန်မှာမှ နားထောင်ရင်လည်း ရပါတယ်။
သတင်းထုတ်လွှင့်ချက် (EP - 28)
ဒီနေ့မှာ တင်ဆက်ပေးမယ့် သတင်းတွေကတော့ -
- သိမ်ဇရပ်မြို့က တပ်ရင်းစခန်းနဲ့ မြို့မရဲစခန်းကို KNLA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တို့က တိုက်ခိုက်ခဲ့ပါတယ်။
- ပုလောက ဒေသခံ ၁၀ ယောက်ထက်မနည်းကို စစ်ကောင်စီက ဖမ်းဆီးသွားပါတယ်။
- ထားဝယ်မှာ PDF အဖွဲ့ဝင်တစ်ယောက်ရဲ့ မိခင် ပစ်သတ်ခံလိုက်ရပါတယ်။
- သတင်းလွှာတွေထဲမှာတော့ စစ်အာဏာသိမ်းပြီးနောက် ကရင်နဲ့ ကရင်နီမှာ အမျိုးသမီးတွေကို ပေါ်တာနဲ့ လူသားဒိုင်းအတွက် စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားတာတွေ ပိုများလာနေတဲ့အကြောင်းနဲ့ ပူတာအိုမှာ စစ်အင်အားတိုးချဲ့နေမှုတွေကြောင့် တိုက်ပွဲတွေဖြစ်ပြီး လမ်းတွေပိတ်ကုန်မှာကို ဒေသခံတွေက စိုးရိမ်နေကြတဲ့ အကြောင်းတွေကို နားဆင်ရဖို့ ရှိပါတယ်။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်း တင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။
သတင်းထုတ်လွှင့်ချက် ( EP - 27)
ဒီနေ့မှာ တင်ဆက်ပေးမယ့် သတင်းတွေကတော့ -
မွန်ပြည်နယ် ဖွဲ့စည်းပုံ ရေးဆွဲရေးနဲ့ တခြား လက်နက်ကိုင်အဖွဲ့တွေ လွတ်လပ်စွာ ဆွေးနွေးခွင့် စစ်ကောင်စီ သဘောတူလိုက်ပါတယ်။
အာဏာသိမ်းပြီးထွက်ပြေးနေရတဲ့ ကရင် စစ်ရှောင် ၁ သိန်း ၇ သောင်းကျော် ရှိပြီး အကူအညီတွေ လိုအပ်နေတယ်။
ကလောနယ်ခံ နှစ်ယောက် ကို စစ်ကောင်စီက ဖမ်းဝရမ်းထုတ်ထားပါတယ်။
သတင်းပေးပို့ချက်တွေထဲမှတော့ ပူတာအိုအနီး စစ်ကောင်စီ ယာဉ်တန်းကို KIA တိုက်ခိုက်ခဲ့တဲ့ သတင်းနဲ့ မင်းတပ်မြို့ထဲက ရွာတစ်ရွာထဲမှာ စစ်ကောင်စီ လက်နက်ကြီးကျည်ကြောင့် ကလေးငယ်တစ်ယောက် ခြေထောက်ပြတ်သွားတယ်ဆိုတဲ့ သတင်းတွေနဲ့အတူ တိုင်းရင်းသားဒေသတွေထဲက တခြားစိတ်ဝင်စားစရာ သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်း တင်ဆက်ပေး နေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။
Accuracy Check ( EP - 24 )
မေလ ၂၃ ရက်၊ ၂၀၂၂ ခုနှစ်။
ဒီနေ့ပြောပြမယ့် သတင်းအမှားတွေကတော့ ..........
KNDO ကူးပြောင်းလာတဲ့ DKBA ဗိုလ်စလုံး တိုက်ပွဲကျဆိုပြီး သတင်းမှားဖြန့်ဝေထားပါတယ်။
ကရင်နီ ရွာကို PDF မီးရှို့တယ်ဆိုပြီးသတင်းမှားဖြန့်ထားတဲ့ အကြောင်းတွေကို တင်ဆက် ပေးထားပါတယ်။
Accuracy check အစီအစဉ်ကို Podcast ကနေ အသံလွှင့်ပေးနေပါတယ်။ သတင်းအမှားတွေကို ဘယ်လိုလူတွေက ဖြန့်ဝေနေကြတာလဲ၊ သတင်းအမှားဖြန့်ဝေသူတွေက ဘယ်လိုသတင်းအမှားမျိုးတွေကို ဖြန့်ဝေနေတာလဲဆိုတာကို သတင်းနှင့် မီဒီယာကွန်ရက် (NMG) က ထုတ်လွှင့်တဲ့ Podcast ထုတ်လွှင့်ချက်ကနေ တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုဒ် လုပ်ထားပြီး အဆင်ပြေတဲ့ အချိန်မှာမှ နားထောင်ရင်လည်း ရပါတယ်။
တိုင်းရင်းသားရေးရာ သတင်းသုံးသပ်ချက် ( EP - 21 )
မေလ ၂၂ ရက်၊ ၂၀၂၂ ခုနှစ်
သတင်းနှင့် မီဒီယာ ကွန်ရက်က တနင်္ဂနွေနေ့တွေမှာ အခါအားလျော်စွာ တိုင်းရင်းသား ရေးရာ သတင်းသုံးသပ်ချက်တွေကို Podcast ကနေ အသံလွှင့် နေပါတယ်။ တိုင်းရင်းသား အရေး၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနဲ့ တိုင်းရင်းသား ဒေသတွေက အဖြစ်အပျက် အကြောင်းအရာတွေ အပေါ်မှာ သုံးသပ်ချက်တွေကို တင်ပြသွားမှာ ဖြစ်ပါတယ်။
ဒီတပါတ်မှာတော့ မကြာသေးခင်က ကျင်းပခဲ့တဲ့ အမေရိကန်- အာဆီယံ ထိပ်သီးအစည်းအဝေးနဲ့ ပတ်သက်တဲ့ ကောင်းကျိုးဆိုးကျိုးတွေကို သုံးသပ်တင်ဆက်ပေးထားပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နား ဆင်နိုင်သလို ဒေါင်းလုဒ် လုပ်ထားပြီး အဆင်ပြေတဲ့ အချိန်မှာမှ နားထောင်ရင်လည်း ရပါတယ်။
သတင်းထုတ်လွှင့်ချက် ( EP - 26 )
ဒီနေ့မှာ တင်ဆက်ပေးမယ့် သတင်းတွေကတော့ -
- မြစ်ကြီးနားမြို့ ရပ်ကွက် ၈ ခုက အုပ်ချုပ်ရေးမှူးတွေ နှုတ်ထွက်စာတင်ထားတဲ့သတင်း
- တောင်ကြီးမှ CDM ဆရာဝန်ကြီး လင်မယားကို စစ်ကောင်စီဖမ်းဆီးသွားပါတယ်။
- မွန်ပြည်မှာ မုန်တိုင်းငယ်ကြောင့် အနည်းဆုံး လူတစ်ယောက် သေဆုံးခဲ့ပါတယ်။
- သတင်းလွှာတွေထဲမှာတော့ ရှမ်းပြည်နယ် တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်အတွင်း ခိုလှုံရောက်ရှိနေတဲ့
ကရင်နီ စစ်ဘေးရှောင်တွေ စားနပ်ရိက္ခာနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ လိုအပ်နေတဲ့အကြောင်းနဲ့
အတူ တိုင်းရင်းသား ဒေသတွေထဲက တခြား စိတ်ဝင်စားစရာ သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်း တင်ဆက်ပေး နေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။
အပတ်စဉ် သတင်းထုတ်လွှင့်ချက် ( EP - 25 )
မေလ ၁၉ ရက်၊ ၂၀၂၂ ခုနှစ်။
ဒီနေ့မှာ တင်ဆက်ပေးမယ့် သတင်းတွေကတော့ -
- နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးသူ ၁၈၄၈ ယောက်ရှိပြီလို့ AAPP က ထုတ်ပြန်ထားပါတယ်။
- ရှမ်း-ကယားအစပ် ဖယ်ခုံမှာ စစ်ကောင်စီနဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအကြား တိုက်ပွဲဖြစ်ပွား နေတာ ၅ ဆက်တိုက်ရှိနေပါပြီ။
- CDM ဝန်ထမ်းတွေကို လုပ်ပြန်ဝင်ဖို့ ပြန်ခေါ်ခြင်းက စစ်ကောင်စီလက်အောက်မှာ ဝန်ထမ်းမလုံလောက်ကြောင်း ပြသနေသတင်း
- သတင်းပေးပို့ချက်ထဲမှာတော့ စစ်ကောင်စီက ဖိတ်ခေါ်ထားတဲ့ ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးပွဲကို မြောက်ပိုင်း မဟာမိတ်တပ်ပေါင်းစုအဖွဲ့ဝင် တချို့နဲ့ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အင်အားစု အများစုက ဘာ့ကြောင့် မတက်ကြတာလဲ ဆိုတဲ့အကြောင်းနဲ့အတူ တိုင်းရင်းသားဒေသတွေထဲက တခြား စိတ်ဝင်စားစရာ သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်း တင်ဆက်ပေး နေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။
အပတ်စဉ် သတင်းထုတ်လွှင့်ချက် ( EP - 24 )
မေလ ၁၇ ရက်၊ ၂၀၂၂ ခုနှစ်။
ဒီနေ့မှာ တင်ဆက်ပေးမယ့် သတင်းတွေကတော့ -
- NUG အစိုးရနဲ့ ရက္ခိုင့်တပ်တော် ULA/AA တို့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
- မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံကို စစ်ကောင်စီက ထောင်ဒဏ် ၂၁ နှစ်ထပ်ချလိုက်ပါတယ်။
- တနင်္သာရီဒေသက စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်း ဒေသခံ ပြောက်ကျားအဖွဲ့ ၃ ဖွဲ့က ပေါင်းပြီး တိုက်ခိုက်ခဲ့ပါ တယ်။
- သတင်းပေးပို့ချက်ထဲမှာတော့ ကချင်ပြည်နယ်အတွင်းရှိ ခရိုင် ၄ ခရိုင်က စစ်ကောင်စီ လက်အောက် ဌာနဆိုင်ရာ ဝန်ထမ်းတွေ အားလုံး နုတ်ထွက်ကြဖို့ KIA က တိုက်တွန်းလိုက်တဲ့အကြောင်း၊ MNDAA ကိုးကန့်တပ်က စစ်ရှောင် စခန်းက အသက်မပြည့်သေးတဲ့ လူငယ်အပါအဝင် စစ်ရှောင်တွေကို လူသစ်စုဆောင်းတဲ့အကြောင်းတွေနဲ့အတူ တိုင်းရင်းသားဒေသတွေထဲက တခြား စိတ်ဝင်စားစရာ သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တနင်္ဂနွေနေ့တိုင်းမှာတော့ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်း တင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်း လုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။
ACCURACY CHECK ( EP - 23 )
မေလ ၁၆ ရက်၊ ၂၀၂၂ ခုနှစ်။
ဒီနေ့ပြောပြမယ့် သတင်းအမှားတွေကတော့ ..........
၁။ အာဆီယံက PDF ကို အကြမ်းဖက်အဖွဲ့ အဖြစ် ဥပဒေပြု လက်မှတ်ရေးထိုးတယ်ဆိုတဲ့ သတင်းမှား ဖြန့်ဝေထားပါတယ်။
၂။ ကရင်တွေနဲ့ PDF အကြား လူမျိုးရေး သွေးထိုးလှုံ့ဆော်တဲ့ သတင်းမှားဖြန့်ထားတဲ့ အကြောင်းတွေကို တင်ဆက် ပေးထားပါတယ်။
Accuracy check အစီအစဉ်ကို Podcast ကနေ အသံလွှင့်ပေးနေပါတယ်။ သတင်းအမှားတွေကို ဘယ်လိုလူတွေက ဖြန့်ဝေနေကြတာလဲ၊ သတင်းအမှားဖြန့်ဝေသူတွေက ဘယ်လိုသတင်းအမှားမျိုးတွေကို ဖြန့်ဝေနေတာလဲဆိုတာကို သတင်းနှင့် မီဒီယာကွန်ရက် (NMG) က အပတ်စဉ် ဗုဒ္ဓဟူးနေ့ ညနေတိုင်းမှာ ထုတ်လွှင့်တဲ့ Podcast ထုတ်လွှင့်ချက်ကနေ တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုဒ် လုပ်ထားပြီး အဆင်ပြေတဲ့ အချိန်မှာမှ နားထောင်ရင်လည်း ရပါတယ်။
From the publisher's feed
Network Media Group: Independent News Agency Producing Multimedia Products can be seen on http://www.nmg-news.com, founded 2001 April 1.