Sign up to save your podcasts
Or

အပတ်စဉ် သတင်းထုတ်လွှင့်ချက် ( EP - 23 )
မေလ ၁ ရက်၊ ၂၀၂၂ ခုနှစ်။
ဒီတပတ်မှာ တင်ဆက်ပေးမယ့် သတင်းတွေကတော့ -
- ရခိုင်ရိုးမတောအတွင်း AA က စစ်သင်တန်းပေးနေတယ်ဆိုတဲ့ သတင်းကြောင့် စစ်ကောင်စီက စစ်ကြောင်းထိုး နေပါတယ်။
- တင်္နသာရီမြို့နယ်ထဲက တိုက်ပွဲမှာ စစ်ကောင်စီဘက်က တပ်ရင်းမှူးအပါအဝင် ၄ ယောက် ကျဆုံးသွားပါတယ်။
- SNLD ပါတီရဲ့ ဥက္ကဋ္ဌဟောင်းဖြစ်သူ ခွန်ထွန်းဦး မနေ့က သေဆုံးသွားတဲ့သတင်း
- ဒေသခံတွေကန့်ကွက်နေတဲ့ကြားက ကချင်တိုင်းရင်းသားတွေ တန်ဖိုးထားတဲ့ အင်ခိုင်ဘွမ်တောင်မှာ ဗုဒ္ဓရုပ်ပွား တော် ထပ်ပြီးလာတည်နေတဲ့သတင်း၊
- သတင်းပေးပို့ချက်ထဲမှာတော့ CRPH ရဲ့ အုပ်ချုပ်ရေးဖွဲ့စည်းမှုကို KNPP က လက်မခံတဲ့ သတင်းပေးပို့ချက် တွေနဲ့အတူ တိုင်းရင်းသား ဒေသတွေထဲက တခြား စိတ်ဝင်စားစရာ သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တနင်္ဂနွေနေ့တိုင်းမှာတော့ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်း တင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်း လုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။
အပတ်စဉ် တိုင်းရင်းသားရေးရာ သတင်းသုံးသပ်ချက် ( EP - 20 )
ဧပြီလ ၃၀ ရက်၊ ၂၀၂၂ ခုနှစ်။
ဒီတပါတ်မှာတော့ လက်ရှိ ရှမ်းပြည်တောင်ပိုင်းက စစ်ရေး တင်းမာမှုတွေ နဲ့ ပတ်သက်လို့ တင်ပြသွားမှာပါ။ ဒီတင်းမာမှုတွေမှာ ဘယ်အင်အားစုတွေ ပါဝင်တာလဲ။ ဒီတင်းမာမှုတွေ ဖြစ်လာတဲ့ သမိုင်းကြောင်းက ဘာလဲ။ တကယ်လို့ ဒီတင်းမာမှုတွေကနေ ပေါက်ကွဲခဲ့ရင် ဘာတွေ ဖြစ်လာနိုင်သလဲ ဆိုတာတွေကို သုံးသပ်တင်ပြသွားမှာ ဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုဒ် လုပ်ထားပြီး အဆင်ပြေတဲ့ အချိန်မှာမှ နားထောင်ရင်လည်း ရပါတယ်။
သတင်းနှင့် မီဒီယာ ကွန်ရက်က အပတ်စဉ် သောကြာနေ့ ညနေတိုင်းမှာ တိုင်းရင်းသားရေးရာ သတင်းသုံးသပ်ချက်တွေကို Podcast ကနေ အသံလွှင့်သွားမှာ ဖြစ်ပါတယ်။ တိုင်းရင်းသားအရေး၊ ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေးနဲ့ တိုင်းရင်းသား ဒေသတွေက အဖြစ်အပျက် အကြောင်းအရာတွေ အပေါ်မှာ သုံးသပ်ချက်တွေကို တင်ပြသွားမှာ ဖြစ်ပါတယ်။
အပတ်စဉ် တိုင်းရင်းသားရေးရာ သတင်းသုံးသပ်ချက် ( EP - 19 )
ဧပြီလ ၃၀ ရက်၊ ၂၀၂၂ ခုနှစ်။
ဒီတပါတ်မှာတော့ ...
အမျိုးသား ညီညွတ်ရေး အတိုင်ပင်ခံကောင်စီ NUCC က ရေးဆွဲထားတဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပဋိညာဉ် ကြေ ညာစာတမ်း အစိတ်အပိုင်းပါ အချက်တွေကို အခြေမခံပဲ ဖွဲ့စည်းမယ့် ဘယ်အုပ်ချုပ်ရေး အဖွဲ့ကိုမှ လက်ခံမှာ မဟုတ်ဘူးလို့ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ KNPP က ပြောဆိုလိုက်တာနဲ့ပတ်သက်ပြီး နားဆင်ရဖို့ရှိပါတယ်။ Podcast ထုတ် လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုဒ် လုပ်ထားပြီး အဆင် ပြေတဲ့ အချိန်မှာမှ နားထောင်ရင် လည်း ရပါတယ်။
သတင်းနှင့် မီဒီယာ ကွန်ရက်က အပတ်စဉ် သောကြာနေ့ ညနေတိုင်းမှာ တိုင်းရင်းသားရေးရာ သတင်းသုံးသပ်ချက်တွေကို Podcast ကနေ အသံလွှင့်သွားမှာ ဖြစ်ပါတယ်။ တိုင်းရင်းသားအရေး၊ ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေးနဲ့ တိုင်းရင်းသား ဒေသတွေက အဖြစ်အပျက် အကြောင်းအရာတွေ အပေါ်မှာ သုံးသပ်ချက်တွေကို တင်ပြသွားမှာ ဖြစ်ပါတယ်။
အပတ်စဉ် တိုင်းရင်းသားရေးရာ သတင်းသုံးသပ်ချက် ( EP - 18 )
ဧပြီလ ၃၀ ရက်၊ ၂၀၂၂ ခုနှစ်။
ဒီတပါတ်မှာတော့ ...
ရက္ခိုင့်တပ်တော် ULA/AA က တရားစီရင်ရေးနဲ့ အုပ်ချုပ်ရေးပိုင်းတွေ လုပ်နေချိန် ရခိုင်လူထုက အပြည်အဝထောက်ခံမှုတွေမှု ရှိနေပါတယ်။ ဒီလိုလုပ်ဆောင်နေတဲ့တဖက်မှာတော့ စစ်တပ်နဲ့ AA အကြား ထိပ် တိုက်တွေ့ပြီး တိုက်ပွဲတွေပြန်ဖြစ်လာမှာကိုလည်း လူထုက စိုးရိမ်တာတွေရှိပါတယ်။ စိုးရိမ်နေတဲ့ကြားကနေပဲ ရခိုင် ပြည်နယ်ထဲက မြေပုံမှာ သင်္ကြန်ကာလအတွင်း တိုက်ပွဲဖြစ်ပွားခဲ့သလို စစ်ကောင်စီတပ်ရဲ့ စစ်ရေး လှုပ်ရှားမှု တွေလည်း ရှိလာနေပါတယ်။ ဒီအကြောင်းတွေကို စုစည် တင်ဆက်ပေးထားပါတယ်။ Podcast ထုတ်လွှင့်ချက် တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုဒ် လုပ်ထားပြီး အဆင်ပြေတဲ့ အချိန်မှာမှ နားထောင်ရင်လည်း ရပါတယ်။
သတင်းနှင့် မီဒီယာ ကွန်ရက်က အပတ်စဉ် သောကြာနေ့ ညနေတိုင်းမှာ တိုင်းရင်းသားရေးရာ သတင်းသုံးသပ်ချက်တွေကို Podcast ကနေ အသံလွှင့်သွားမှာ ဖြစ်ပါတယ်။ တိုင်းရင်းသားအရေး၊ ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေးနဲ့ တိုင်းရင်းသား ဒေသတွေက အဖြစ်အပျက် အကြောင်းအရာတွေ အပေါ်မှာ သုံးသပ်ချက်တွေကို တင်ပြသွားမှာ ဖြစ်ပါတယ်။
ACCURACY CHECK ( EP - 22 )
ဧပြီလ ၂၇ ရက်၊ ၂၀၂၂ ခုနှစ်။
ဒီနေ့ပြောပြမယ့် သတင်းအမှားတွေကတော့ ..........
၁။ ဆွမ်းခံကြွတဲ့ ကိုရင်လေးတွေကို PDF က မိုင်းခွဲတိုက်တယ်ဆိုပြီး သတင်းမှားဖြန့်ဝေ
၂။ နွားထိုးကြီးမှာ PDF တွေ ဆက်ကြေးကောက်တယ်ဆိုတဲ့ သတင်းမှားဖြန့်ထားတဲ့ အကြောင်းတွေကို တင်ဆက် ပေးထားပါတယ်။
Accuracy check အစီအစဉ်ကို Podcast ကနေ အသံလွှင့်ပေးနေပါတယ်။ သတင်းအမှားတွေကို ဘယ်လိုလူတွေက ဖြန့်ဝေနေကြတာလဲ၊ သတင်းအမှားဖြန့်ဝေသူတွေက ဘယ်လိုသတင်းအမှားမျိုးတွေကို ဖြန့်ဝေနေတာလဲဆိုတာကို သတင်းနှင့် မီဒီယာကွန်ရက် (NMG) က အပတ်စဉ် ဗုဒ္ဓဟူးနေ့ ညနေတိုင်းမှာ ထုတ်လွှင့်တဲ့ Podcast ထုတ်လွှင့်ချက်ကနေ တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုဒ် လုပ်ထားပြီး အဆင်ပြေတဲ့ အချိန်မှာမှ နားထောင်ရင်လည်း ရပါတယ်။
ACCURACY CHECK ( EP - 21 )
ဧပြီလ ၂၀ ရက်၊ ၂၀၂၂ ခုနှစ်။
ဒီနေ့ပြောပြမယ့် သတင်းအမှားတွေကတော့ ..........
၁။ KNU တပ်မဟာ ၆ က တပ်ဖွဲ့ဝင်တွေ တပ်ကို စွန့်ခွာဆိုတဲ့ သတင်းမှား ဖြန့်ဝေ အကြောင်းနဲ့ သတင်းအမှန် တွေကို သတင်းအမှားတွေပါဆိုပြီး စစ်ကောင်စီနဲ့ သူတို့ကို ထောက်ခံတဲ့သူတွေက ဘယ်လိုမျိုး ဖြန့်ဝေနေလဲ ဆို တာတွေကို တင်ဆက် ပေးထားပါတယ်။
Accuracy check အစီအစဉ်ကို Podcast ကနေ အသံလွှင့်ပေးနေပါတယ်။ သတင်းအမှားတွေကို ဘယ်လိုလူတွေက ဖြန့်ဝေနေကြတာလဲ၊ သတင်းအမှားဖြန့်ဝေသူတွေက ဘယ်လိုသတင်းအမှားမျိုးတွေကို ဖြန့်ဝေနေတာလဲဆိုတာကို သတင်းနှင့် မီဒီယာကွန်ရက် (NMG) က အပတ်စဉ် ဗုဒ္ဓဟူးနေ့ ညနေတိုင်းမှာ ထုတ်လွှင့်တဲ့ Podcast ထုတ်လွှင့်ချက်ကနေ တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုဒ် လုပ်ထားပြီး အဆင်ပြေတဲ့ အချိန်မှာမှ နားထောင်ရင်လည်း ရပါတယ်။
အပတ်စဉ် သတင်းထုတ်လွှင့်ချက် ( EP - 22 )
ဧပြီလ ၂၄ ရက်၊ ၂၀၂၂ ခုနှစ်
ဒီတပတ်မှာ တင်ဆက်ပေးမယ့် သတင်းတွေကတော့ -
- ထားဝယ်ရှိ Mytel အရောင်းပြခန်း တိုက်ခိုက်ခံရတဲ့သတင်း
- ကန်ပက်လက် မတူပီ တိုက်ပွဲများအတွင်း နှစ်ဘက် ထိခိုက်သေဆုံးမှုတွေရှိနေပါတယ်။
- ကျောက်မီးသွေးတွင်း လုံခြုံရေး စစ်တပ်က ဒေသခံတွေကို အဓမ္မလုပ်အားခိုင်းစေခဲ့ပါတယ်။
- ကျောက်စိမ်းမြေမှာ အင်တာနက်ရပြီး နှစ်ပတ်လောက်အကြာမှာ ပြန်ပြတ်သွားတဲ့ သတင်းပေးပို့ချက်တွေနဲ့ အတူ တိုင်းရင်းသား ဒေသတွေထဲက တခြား စိတ်ဝင်စားစရာ သတင်းတွေကို တင်ဆက်ပေးသွားမှာပါရှင်။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တနင်္ဂနွေနေ့တိုင်းမှာတော့ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်း တင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်း လုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။
အပတ်စဉ် သတင်းထုတ်လွှင့်ချက် ( EP - 21 )
ဧပြီလ ၁၇ ရက်၊ ၂၀၂၂ ခုနှစ်
ဒီတပတ်မှာ တင်ဆက်ပေးမယ့် သတင်းတွေကတော့ -
- စစ်အာဏာသိမ်းပြီး တစ်နှစ်ကျော်ကာလအတွင်း လူနေအိမ်ပေါင်း ၉၀၀၀ ကျော် မီးရှို့ခံလိုက်ရပါတယ်။
- ကရင်နဲ့မွန်ကို ဆက်ထားတဲ့ တံတားက ဂိတ်စခန်းတစ်ခု တိုက်ခိုက်ခံလိုက်ရပြီး တပ်ဖွဲ့ဝင် ၅ ယောက် သေဆုံးသွားပါတယ်။
- ဖားကန့်မှာ စျေးဝယ်ထွက်တဲ့ စစ်ကောင်စီကား မိုင်းခွဲတိုက်ခိုက်ခံလိုက်ရတဲ့သတင်း
- သတင်းလွှာတွေထဲမှာတော့ ရခိုင်ပြည်နယ်၊ မြေပုံမြို့မှာ ဖြစ်ပွားခဲ့တဲ့ စစ်ကောင်စီတပ်နဲ့ ULA/AA တို့အကြားက တိုက်ပွဲအကြောင်း၊ KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်စောမူတူးစေးဖိုးအပါအဝင် တိုင်းရင်းသားခေါင်းဆောင်တချို့ကို စစ် ကောင်စီခေါင်းဆောင်က ဂုဏ်ထူးဆောင်ဆုတွေပေးလိုက်တဲ့အပေါ် KNU ပြောရေးဆိုခွင့်ရှိသူနဲ့ ဆက်သွယ် မေး မြန်းချက်တွေနဲ့အတူ တိုင်းရင်းသား ဒေသတွေထဲက တခြား စိတ်ဝင်စားစရာ သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တနင်္ဂနွေနေ့တိုင်းမှာတော့ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်း တင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်း လုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။
ACCURACY CHECK ( EP - 20 )
ဧပြီလ ၁၃ ရက်၊ ၂၀၂၂ ခုနှစ်။
ဒီနေ့ပြောပြမယ့် သတင်းအမှားတွေကတော့ ...
လူရွှင်တော် ဟား ၅ ကောင် အဖွဲ့ စစ်တပ်နဲ့ ပေါင်းတယ်ဆိုတဲ့ သတင်းမှားဖြန့်ဝေထားပါတယ်။
မတ္တရာမှာ PDF တွေက နေအိမ်တွေကို မီးရှို့တယ်လို့ သတင်းမှားဖြန့်ဝေထားတဲ့ အကြောင်းတွေကို တင်ဆက် ပေးထားပါတယ်။
Accuracy check အစီအစဉ်ကို Podcast ကနေ အသံလွှင့်ပေးနေပါတယ်။ သတင်းအမှားတွေကို ဘယ်လိုလူတွေက ဖြန့်ဝေနေကြတာလဲ၊ သတင်းအမှားဖြန့်ဝေသူတွေက ဘယ်လိုသတင်းအမှားမျိုးတွေကို ဖြန့်ဝေနေတာလဲဆိုတာကို သတင်းနှင့် မီဒီယာကွန်ရက် (NMG) က အပတ်စဉ် ဗုဒ္ဓဟူးနေ့ ညနေတိုင်းမှာ ထုတ်လွှင့်တဲ့ Podcast ထုတ်လွှင့်ချက်ကနေ တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုဒ် လုပ်ထားပြီး အဆင်ပြေတဲ့ အချိန်မှာမှ နားထောင်ရင်လည်း ရပါတယ်။
အပတ်စဉ် သတင်းထုတ်လွှင့်ချက် ( EP - 20 )
ဧပြီလ ၁၀ ရက်၊ ၂၀၂၂ ခုနှစ်
ဒီတပတ်မှာ တင်ဆက်ပေးမယ့် သတင်းတွေကတော့ -
- လေးကေ့ကော်က ဒီနေ့ဖြစ်ပွားနေတဲ့တိုက်ပွဲထဲမှာ စစ်ကောင်စီဘက်က အယောက် ၄၀ လောက် သေဆုံးခဲ့ပြီးနောက် လေကြောင်းကနေ ပစ်ကူမှုတွေ လုပ်နေတယ်လို့ သိရပါတယ်။
- မကွေးနဲ့ချင်းအစပ်မှာတော့ စစ်ကြောင်းတစ်ကြောင်းက အရပ်သားပြည်သူ သုံးယောက်ကို လမ်းပြအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။
- သထုံ စုပေါင်းရုံးထဲက ဗုံးပေါက်ကွဲမှုမှာ ရဲနှစ်ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တဲ့သတင်း
- တရုတ်နယ်စပ်ဂိတ်တွေ မဖွင့်သေးတဲ့အတွက် ကြံစိုက်တောင်သူတွေ အရင်းပါရှုံးရတော့မယ့် အခြေအနေနဲ့ ကြုံနေရတဲ့ သတင်းပေးပို့ချက်တွေနဲ့အတူ တိုင်းရင်းသား ဒေသတွေထဲက တခြား စိတ်ဝင်စားစရာ သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တနင်္ဂနွေနေ့တိုင်းမှာတော့ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်း တင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်း လုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။
From the publisher's feed
Network Media Group: Independent News Agency Producing Multimedia Products can be seen on http://www.nmg-news.com, founded 2001 April 1.