Sign up to save your podcasts
Or

အပတ်စဉ် တိုင်းရင်းသားရေးရာ သတင်းသုံးသပ်ချက် ( EP - 17 )
ဧပြီလ ၈ ရက်၊ ၂၀၂၂ ခုနှစ်။
ဒီတပါတ်မှာတော့ မကြာသေးခင်က ရှမ်းပြည်နယ် တောင်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ ဝ ပြည် သွေးစည်းညီညွတ်ရေး ပါတီ UWSP/UWSA နှင့် ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA တို့ အကြား တိုက်ပွဲအပေါ်မှာ မူတည်ပြီး သုံးသပ်ချက်တွေကို မေးမြန်းထားတဲ့ အစီအစဉ်လေးကို တင်ဆက်သွားမှာပါ။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုဒ် လုပ်ထားပြီး အဆင်ပြေတဲ့ အချိန်မှာမှ နားထောင်ရင်လည်း ရပါတယ်။
သတင်းနှင့် မီဒီယာ ကွန်ရက်က အပတ်စဉ် သောကြာနေ့ ညနေတိုင်းမှာ တိုင်းရင်းသားရေးရာ သတင်းသုံးသပ်ချက်တွေကို Podcast ကနေ အသံလွှင့်သွားမှာ ဖြစ်ပါတယ်။ တိုင်းရင်းသားအရေး၊ ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေးနဲ့ တိုင်းရင်းသား ဒေသတွေက အဖြစ်အပျက် အကြောင်းအရာတွေ အပေါ်မှာ သုံးသပ်ချက်တွေကို တင်ပြသွားမှာ ဖြစ်ပါတယ်။
ACCURACY CHECK ( EP - 19 )
ဧပြီလ ၆ ရက်၊ ၂၀၂၂ ခုနှစ်။
ဒီနေ့ပြောပြမယ့် သတင်းအမှားတွေကတော့ ..........
၁။ KNU ဥက္ကဌကို ထိုင်းက NCA အတိုင်းသွားရန် ဖိအားပေးနေ ဆိုသည့် သတင်းမှား ဖြန့်ဝေ
၂။ ရက္ခိုင့်တပ်တော် စစ်ဦးစီးချုပ်က ကာကွယ်ရေး တပ်ဖွဲ့တွေကို ပြစ်တင်ရှုတ်ချကြောင်း သတင်းမှား ဖြန့်ဝေ ထားတဲ့အကြောင်းနဲ့
၃။ တမူး PDF တွေ ဆက်ကြေးကောက်တယ်လို့ သတင်းမှား ဖြန့်ဝေသတင်းမှားဖြန့်ဝေနေတဲ့ အကြောင်းတွေကို တင်ဆက်ပေးထားပါတယ်။
Accuracy check အစီအစဉ်ကို Podcast ကနေ အသံလွှင့်ပေးနေပါတယ်။ သတင်းအမှားတွေကို ဘယ်လိုလူတွေက ဖြန့်ဝေနေကြတာလဲ၊ သတင်းအမှားဖြန့်ဝေသူတွေက ဘယ်လိုသတင်းအမှားမျိုးတွေကို ဖြန့်ဝေနေတာလဲဆိုတာကို သတင်းနှင့် မီဒီယာကွန်ရက် (NMG) က အပတ်စဉ် ဗုဒ္ဓဟူးနေ့ ညနေတိုင်းမှာ ထုတ်လွှင့်တဲ့ Podcast ထုတ်လွှင့်ချက်ကနေ တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုဒ် လုပ်ထားပြီး အဆင်ပြေတဲ့ အချိန်မှာမှ နားထောင်ရင်လည်း ရပါတယ်။
အပတ်စဉ် သတင်းထုတ်လွှင့်ချက် ( EP - 19 )
ဧပြီလ ၃ ရက်၊ ၂၀၂၂ ခုနှစ်
ဒီတပတ်မှာ တင်ဆက်ပေးမယ့် သတင်းတွေကတော့ -
- မတ်လအတွင်း ဖာပွန်ခရိုင်ထဲမှာ စစ်ကောင်စီနဲ့ KNLA တို့အကြား တိုက်ပွဲပေါင်း ၃၅၉ ကြိမ်ဖြစ်ပွားခဲ့ပါတယ်။
- RCSS အနေနဲ့ ပြည်နယ်အဆင့် ပြည်ထောင်စုအဆင့် အပစ်ရပ် သဘောတူစာချုပ်ကို စွဲကိုင်ပြီး စစ်ကောင်စီနဲ့ ဆွေးနွေးမှုတွေကို ဆက်လက် လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။
- ၂၀၂၁ ခုနှစ်ရဲ့ နွေဦးတော်လှန်ရေးဟာ ခေတ်အဆက်ဆက်မှာ တော်လှန်ခဲ့ကြတဲ့ စစ်အာဏာရှင်တော်လှန်ရေး တွေ ထက်စာရင် အားလုံးပူးပေါင်းပါဝင်မှုရှိတဲ့အပြင် ဖက်ဒရယ်ရေးနဲ့ပတ်သက်ပြီးတော့လည်း တောင်းဆိုမှုတွေ ရှိလာတယ်လို့ တိုင်းရင်းသားခေါင်းဆောင်တစ်ဦး ဖြစ်တဲ့ ခွန်းမာကိုဘန်းက ပြောဆိုလိုက်တဲ့အကြောင်းနဲ့အတူ တိုင်းရင်းသား ဒေသတွေထဲက တခြား စိတ်ဝင်စားစရာ သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တနင်္ဂနွေနေ့တိုင်းမှာတော့ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်း တင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်း လုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။
ACCURACY CHECK ( EP - 18 )
ဧပြီလ ၁ ရက်၊ ၂၀၂၂ ခုနှစ်။
ဒီနေ့ပြောပြမယ့် သတင်းအမှားတွေကတော့ ..........
- ကလေးတောင်ပိုင်းမှာ PDF တွေက ရွာတွေကို ဒုက္ခပေးနေတယ် ဆိုတဲ့ သတင်းမှားဖြန့်ဝေထားပါတယ်။
- အာရှလမ်းပေါ်မှာ ခရီးသည်တစ်ဦးကို KNU က ပစ်သတ်လိုက်တယ်ဆိုပြီး မခိုင်မာတဲ့ သတင်းဖြန့်ဝေတဲ့အကြောင်းနဲ့ ချမ်းမြေ့မောင်ချိုနဲ့ အိန္ဒြာကျော်ဇင် “တပ်မတော်နေ့” အခန်းအနားတက်တယ်ဆိုတဲ့ သတင်းမှားဖြန့်ဝေနေတဲ့ အကြောင်းတွေကို တင်ဆက်ပေးထားပါတယ်။
Accuracy check အစီအစဉ်ကို Podcast ကနေ အသံလွှင့်ပေးနေပါတယ်။ သတင်းအမှားတွေကို ဘယ်လိုလူတွေက ဖြန့်ဝေနေကြတာလဲ၊ သတင်းအမှားဖြန့်ဝေသူတွေက ဘယ်လိုသတင်းအမှားမျိုးတွေကို ဖြန့်ဝေနေတာလဲဆိုတာကို သတင်းနှင့် မီဒီယာကွန်ရက် (NMG) က အပတ်စဉ် ဗုဒ္ဓဟူးနေ့ ညနေတိုင်းမှာ ထုတ်လွှင့်တဲ့ Podcast ထုတ်လွှင့်ချက်ကနေ တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုဒ် လုပ်ထားပြီး အဆင်ပြေတဲ့ အချိန်မှာမှ နားထောင်ရင်လည်း ရပါတယ်။
အပတ်စဉ် သတင်းထုတ်လွှင့်ချက် ( EP - 18 )
မတ်လ ၂၇ ရက်၊ ၂၀၂၂ ခုနှစ်။
ဒီနေ့ညနေမှာ တင်ဆက်ပေးမယ့် သတင်းတွေကတော့ -
- မတ်လ ၂၇ ရက်နေ့ တပ်မတော်နေ့မှာ ကရင်ပြည်နယ်နဲ့ ကရင်နီပြည်နယ်တွေထဲ စစ်ကောင်စီတပ်နဲ့ ဒေသ အတွင်းရှိ တိုင်းရင်းသားတော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲတွေဖြစ်ပွားနေပြီး စစ်တပ်က လေယာဉ်ကနေလည်း ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။
- ရှမ်းပြည်နယ်တောင်ပိုင်းမှာတော့ စစ်ဘေးရှောင်တွေကို သွားရောက်ကူညီခဲ့တဲ့ လူငယ်တချို့ကို စစ်တပ်က ဖမ်းဆီးသွားပါတယ်။
- ကချင်ပြည်နယ် KIO ထိန်းချုပ်နယ်မြေဘက်ကို စစ်တပ်က ရိက္ခာပို့မယ့် လမ်းတလမ်း ဖောက်လုပ်ပြီးစီးသွားပြီ လို့ သိရပါတယ်။ ဒီလမ်းဟာ စစ်ရေး နိုင်ငံရေးအရ ဘယ်လောက်အထိအရေးကြီးပါသလဲ KIO တာဝန်ရှိသူနဲ့ ဆက် သွယ်မေးထားပါတယ်။ ဒီသတင်းတွေနဲ့အတူ တိုင်းရင်းသား ဒေသတွေထဲက တခြား စိတ်ဝင်စားစရာ သတင်း တွေကို တင်ဆက်ပေးသွားမှာပါ။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တနင်္ဂနွေနေ့တိုင်းမှာတော့ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်း တင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်း လုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။
အပတ်စဉ် သတင်းထုတ်လွှင့်ချက် ( EP - 17 )
ဒီတပတ်မှာ တင်ဆက်ပေးမယ့် သတင်းတွေကတော့ -
မြဝတီမြို့ BGF တပ်နယ်မှူး ဗိုလ်မှူးစောမုတ်သုန်ပိုင် တိုက်နားမှာပေါက်ကွဲမှု ဖြစ်ပွားခဲ့ပါတယ်။
KIO ဌာနချုပ် လိုင်ဇာနားတဝိုက်မှာ တိုက်ပွဲဖြစ်ပွားတာမျိုးမရှိပဲ စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ပါတယ်။
နောက်ပိုင်းမှာတော့ စစ်ကောင်စီကလုပ်မယ့် ၇၇ ကြိမ်မြောက် တပ်မတော်နေ့ အခမ်းအနားကို KNU နဲ့ KNPP က မတက်ဘူးလို့ ပြောလိုက်တဲ့ သတင်းပေးပို့ချက်နဲ့ အတူ တိုင်းရင်းသား ဒေသတွေထဲက တခြား စိတ် ဝင်စား စရာ သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တနင်္ဂနွေနေ့တိုင်းမှာတော့ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်း တင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်း လုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။
အပတ်စဉ် တိုင်းရင်းသားရေးရာ သတင်းသုံးသပ်ချက် ( EP - 16 )
မတ်လ ၂၅ ရက်၊ ၂၀၂၂ ခုနှစ်။
ဒီတပါတ်မှာတော့ လာမယ့် စစ်ကောင်စီက ကျင်းပတဲ့ တပ်မတော်နေ့ အခန်းအနားကို တိုင်းရင်းသား လက်နက် ကိုင် အဖွဲ့အစည်းတွေ တက်ရောက်ကြမှာလား။ စစ်ကောင်စီက တိုင်းရင်းသားတွေ အပေါ် ဘယ်လို ရည်ရွယ် ချက်နဲ့ ချဉ်းကပ် စည်းရုံးနေသလဲ ဆိုတာတွေကို တင်ပြသွားမှာပါ။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက် နားဆင်နိုင်သလို ဒေါင်းလုဒ် လုပ်ထားပြီး အဆင်ပြေတဲ့ အချိန်မှာမှ နားထောင်ရင်လည်း ရပါတယ်။
သတင်းနှင့် မီဒီယာ ကွန်ရက်က အပတ်စဉ် သောကြာနေ့ ညနေတိုင်းမှာ တိုင်းရင်းသားရေးရာ သတင်းသုံးသပ်ချက်တွေကို Podcast ကနေ အသံလွှင့်သွားမှာ ဖြစ်ပါတယ်။ တိုင်းရင်းသားအရေး၊ ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေးနဲ့ တိုင်းရင်းသား ဒေသတွေက အဖြစ်အပျက် အကြောင်းအရာတွေ အပေါ်မှာ သုံးသပ်ချက်တွေကို တင်ပြသွားမှာ ဖြစ်ပါတယ်။
ACCURACY CHECK ( EP - 17 )
မတ်လ ၂၃ ရက်၊ ၂၀၂၂ ခုနှစ်။
ဒီနေ့ပြောပြမယ့် သတင်းအမှားတွေကတော့ ..........
၁။ KIA က မြို့လှ PDF တပ်ဖွဲ့ကို လက်နက်ဖြုတ်ပြီး ခေါင်းဆောင်ကို ဖမ်းတယ်ဆိုပြီး သတင်းမှားဖြန့်ဝေ နေပါ တယ်။
၂။ PDF တွေက ခရီးသည်တင်ကားနဲ့ ကုန်ကားတွေ မီးရှို့တယ်ဆိုတဲ့ သတင်းမှားဖြန့်ဝေထားတဲ့ အကြောင်းတွေ ကို တင်ဆက်ပေးထားပါတယ်။
Accuracy check အစီအစဉ်ကို Podcast ကနေ အသံလွှင့်ပေးနေပါတယ်။ သတင်းအမှားတွေကို ဘယ်လိုလူတွေက ဖြန့်ဝေနေကြတာလဲ၊ သတင်းအမှားဖြန့်ဝေသူတွေက ဘယ်လိုသတင်းအမှားမျိုးတွေကို ဖြန့်ဝေနေတာလဲဆိုတာကို သတင်းနှင့် မီဒီယာကွန်ရက် (NMG) က အပတ်စဉ် ဗုဒ္ဓဟူးနေ့ ညနေတိုင်းမှာ ထုတ်လွှင့်တဲ့ Podcast ထုတ်လွှင့်ချက်ကနေ တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုဒ် လုပ်ထားပြီး အဆင်ပြေတဲ့ အချိန်မှာမှ နားထောင်ရင်လည်း ရပါတယ်။
အပတ်စဉ် သတင်း ထုတ်လွှင့်ချက် ( EP - 16)
မတ်လ ၂၀ ရက်၊ ၂၀၂၂ ခုနှစ်။
ဒီတပတ်မှာ တင်ဆက်ပေးမယ့် သတင်းတွေကတော့ -
- မွန်နဲ့ ကချင်မှာတော့ စစ်ကောင်စီလက်အောက်ခံ ဂိတ်စခန်းတချို့ ပစ်ခတ်တိုက်ခိုက်ဖျက်ဆီးခံရပြီးနောက် ရဲတပ်ဖွဲ့ဝင် သေဆုံးမှုတွေလည်း ရှိနေပါတယ်။
- KNU တပ်မဟာ ၃ ညောင်လေးပင်ခရိုင်ထဲမှာတော့ စစ်ကောင်စီက လေယာဉ်နဲ့ဗုံးကြဲခဲ့တဲ့အတွက် ဒေသခံပြည် သူ ၃၇၀၀ လောက် တောတောင်တွေထဲ စစ်ရှောင်နေကြရပါတယ်။
- မြန်မာ-တရုတ်နယ်စပ် ဂိတ်ကနေ ဆန်အပါအဝင် မြန်မာ့ပို့ကုန် ၇ မျိုးကို တရုတ်ဘက်ခြမ်းက တင်ပို့ခွင့်ယာယီ ရပ်ဆိုင်းလိုက်တဲ့ သတင်းနဲ့အတူ တိုင်းရင်းသား ဒေသတွေက တခြား စိတ်ဝင်စားစရာ သတင်းတွေကို တင်ဆက် ပေးသွားမှာပါရှင်။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တနင်္ဂနွေနေ့တိုင်းမှာတော့ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်း တင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်း လုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။
ACCURACY CHECK ( EP - 16 )
မတ်လ ၁၆ ရက်၊ ၂၀၂၂ ခုနှစ်။
ဒီနေ့ပြောပြမယ့် သတင်းအမှားတွေကတော့ ..........
၁။ PDF မိန်းကလေးတွေကို တဖက်နိုင်ငံကို ရောင်းစားတယ်လို့ သတင်းမှားဖြန့်ဝေနေပါတယ်။
၂။ ပအို့၀် PDF တွေကို လူထုက လက်မခံတဲ့သဘော ရုပ်သံဗီဒီယိုဖိုင် အမှားတစ်ခုကို ဖြန့်ဝေထားတဲ့ အကြောင်းတွေကို တင်ဆက်ပေးထားပါတယ်။
Accuracy check အစီအစဉ်ကို Podcast ကနေ အသံလွှင့်ပေးနေပါတယ်။ သတင်းအမှားတွေကို ဘယ်လိုလူတွေက ဖြန့်ဝေနေကြတာလဲ၊ သတင်းအမှားဖြန့်ဝေသူတွေက ဘယ်လိုသတင်းအမှားမျိုးတွေကို ဖြန့်ဝေနေတာလဲဆိုတာကို သတင်းနှင့် မီဒီယာကွန်ရက် (NMG) က အပတ်စဉ် ဗုဒ္ဓဟူးနေ့ ညနေတိုင်းမှာ ထုတ်လွှင့်တဲ့ Podcast ထုတ်လွှင့်ချက်ကနေ တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုဒ် လုပ်ထားပြီး အဆင်ပြေတဲ့ အချိန်မှာမှ နားထောင်ရင်လည်း ရပါတယ်။
From the publisher's feed
Network Media Group: Independent News Agency Producing Multimedia Products can be seen on http://www.nmg-news.com, founded 2001 April 1.