Sign up to save your podcasts
Or

အပတ်စဉ် သတင်းထုတ်လွှင့်ချက် (EP - 12 )
ဒီတပတ်မှာ တင်ဆက်ပေးမယ့် သတင်းတွေကတော့ -
- မိုးမောက်မြို့နယ်ထဲမှာ ဒေသခံ ၂၀၀ နီးပါး စစ်ဘေးရှောင်နေကြရပါတယ်။
- တနင်္သာရီမှာလည်း စစ်ကောင်စီနဲ့ ဒေသခံ PDF တွေအကြားတိုက်ပွဲကြောင့် ရွာသား ၁၀၀၀ နီးပါး တော တောင်တွေထဲ ထွက်ပြေးနေကြရပါတယ်။
- သောင်းရင်းမြစ်ဘေးမှာ စစ်ဘေးရှောင်နေကြရတဲ့ လေးကေ့ကော်ဒေသက စစ်ရှောင်တွေ အချိန်အခါမဟုတ် ရွာသွန်းတဲ့မိုးကြောင့် နေထိုင်ရေးအခက်အခဲဖြစ်နေတဲ့ သတင်းနဲ့အတူ တိုင်းရင်းသား ဒေသတွေက တခြား စိတ် ဝင်စားစရာ သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တနင်္ဂနွေနေ့တိုင်းမှာတော့ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်း တင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်း လုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။
ACCURACY CHECK ( EP - 12 )
ဒီနေ့ပြောပြမယ့် သတင်းအမှားတွေကတော့ ..........
၁။ ပုသိမ်မှာ ပိုက်ဆံအတုတွေလုပ်တဲ့ PDF ၂ ယောက်ကို ဖမ်းဆီးရမိတယ်ဆိုတဲ့ သတင်းအမှားနဲ့
၂။ ရုပ်ရှင်နှင့်သဘင်ပညာရှင် ဇာဂနာ ပြောဆိုထားတဲ့ ပုံစံနဲ့ စစ်တပ်နဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကို တိုက်ခိုက်တဲ့သူ ဘယ်သူ့ကိုမဆို ဆန့်ကျင်သွားမယ်လို့ ရေးတင်ထားခဲ့ ပို့စ်အဟောင်းတစ်ခုကို အခုလထဲမှာ ပြန်လည်ဝေမျှနေကြတဲ့ အကြောင်းတွေကို စုစည်းတင်ဆက် ပေးထားပါတယ်။
Accuracy check အစီအစဉ်ကို Podcast ကနေ အသံလွှင့်ပေးနေပါတယ်။ သတင်းအမှားတွေကို ဘယ်လိုလူတွေက ဖြန့်ဝေနေကြတာလဲ၊ သတင်းအမှားဖြန့်ဝေသူတွေက ဘယ်လိုသတင်းအမှားမျိုးတွေကို ဖြန့်ဝေနေတာလဲဆိုတာကို သတင်းနှင့် မီဒီယာကွန်ရက် (NMG) က အပတ်စဉ် ဗုဒ္ဓဟူးနေ့ ညနေတိုင်းမှာ ထုတ်လွှင့်တဲ့ Podcast ထုတ်လွှင့်ချက်ကနေ တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုဒ် လုပ်ထားပြီး အဆင်ပြေတဲ့ အချိန်မှာမှ နားထောင်ရင်လည်း ရပါတယ်။
အပတ်စဉ် သတင်းထုတ်လွှင့်ချက် ( ၁၁ )
ဒီတပတ်မှာ တင်ဆက်ပေးမယ့် သတင်းတွေကတော့ -
- ပင်လုံသဘောတူညီချက်ကို NUG က အကောင်အထည်ဖော်သွားရမည်ဟု ကချင်ခေါင်းဆောင် ဗိုလ်ချုပ် ဂမ် ရှောင်က ပြောလိုက်ပါတယ်။
- တရုတ်နိုင်ငံဘက်ခြမ်းက နယ်စပ်ကုန်သွယ်ရေးတွေဆက် ပိတ်ထားတဲ့အတွက် ဖရဲသီးကုန်သည်တွေ အရှုံးနဲ့ ရင်ဆိုင်နေရပါတယ်။
- မြန်မာနိုင်ငံက သိန်းနဲ့ချီတဲ့ ပြည်တွင်း အိုးအိမ်မဲ့ ဒုက္ခသည် အရေအတွက်ဟာ ၈ သိန်းကျော်သွားပြီဖြစ်တဲ့ အတွက် UNHCR က ထောက်ပံ့ရေး အစီအစဉ်တွေကို တိုးမြှင့် လုပ်ဆောင်နေတယ်လို့ ထုတ်ပြန်လိုက်တဲ့ သတင်း
- ရှမ်းမြောက်က စစ်ရှောင်တွေ ရှမ်းတောင်အထိထွက်ပြေးပြီး ရှမ်းလက်နက်ကိုင်နှစ်ဖွဲ့ကြားက ဖေဖော်ဝါရီလ ပထမအတွင်း တိုက်ပွဲတွေထဲ အရပ်သားပြည်သူ သေဆုံး ဒဏ်ရာရရှိတာတွေရှိနေတဲ့သတင်းနဲ့အတူ တိုင်းရင်း သား ဒေသတွေက တခြားစိတ်ဝင်စားစရာ သတင်းတွေကို တင်ဆက်ပေးသွား မှာပါရှင်။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တနင်္ဂနွေနေ့တိုင်းမှာတော့ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်း တင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်း လုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။
အပတ်စဉ် တိုင်းရင်းသားရေးရာ သတင်းသုံးသပ်ချက် ( ၁၁ )
ဒီတပါတ်မှာတော့ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ပြည်ထောင်စုနေ့ အိပ်မက်နဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ တုန့်ပြန်မှုတွေ အကြောင်း ဆွေးနွေးသွားပါမယ်။ ဗိုလ်ချုပ်မှူးကြီး စီစဉ်နေတဲ့ ဗိုလ်ရှုခံ အခန်းအနားနဲ့ ထာဝရ ငြိမ်းချမ်းရေး အတွက် အကြိုဆွေးနွေးပွဲတွေရဲ့ ရည်ရွယ်ချက်က ဘာတွေလဲ၊ အောင်မြင်နိုင်ချေ ဘယ်လောက် ရှိမလဲ ဆိုတာတွေကို ဆွေးနွေး တင်ပြသွားမှာ ဖြစ်ပါတယ်။
သတင်းနှင့် မီဒီယာ ကွန်ရက်က အပတ်စဉ် သောကြာနေ့ ညနေတိုင်းမှာ တိုင်းရင်းသားရေးရာ သတင်းသုံးသပ်ချက်တွေကို Podcast ကနေ အသံလွှင့်သွားမှာ ဖြစ်ပါတယ်။ တိုင်းရင်းသားအရေး၊ ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေးနဲ့ တိုင်းရင်းသား ဒေသတွေက အဖြစ်အပျက် အကြောင်းအရာတွေ အပေါ်မှာ သုံးသပ်ချက်တွေကို တင်ပြသွားမှာ ဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုဒ်လုပ်ထားပြီး အဆင်ပြေတဲ့ အချိန်မှာမှ နားထောင်ရင်လည်း ရပါတယ်။
ACCURACY CHECK - (EP - 11)
ဒီနေ့ပြောပြမယ့် သတင်းအမှားတွေကတော့ ..........
၁။ ပြည်တွင်းက တော်လှန်ရေးလုပ်သူတွေကို ပြည်ပကလူတွေ လက်နက်တွေပို့မယ်ဆိုရင် အကုန်လုံးအတွက် စီစဉ်ပေးရမယ်လို့ မန်းဂျောနီက ပြောတယ်ဆိုတဲ့ သတင်းအမှားတပုဒ်အကြောင်း နဲ့
၂။ စစ်တပ်က အာဏာသိမ်းပြီးနောက် ပြည်သူတွေ အားကိုးအားထားပြီး ယုံကြည်စိတ်ချရတဲ့ သတင်းဌာန တွေ ကနေ ရေးသားထုတ်လွှင့်ထားတဲ့ သတင်းတွေဟာ သတင်းအမှားတွေပါ ဆိုပြီး သတင်းအမှား စစ်ဆေးတဲ့ ပုံစံမျိုးနဲ့ ရေးသားမှုတွေ တော်တော်များလာတဲ့ အကြောင်တွေကို စုစည်းတင်ဆက် ပေးထားပါတယ်။
Accuracy check အစီအစဉ်ကို Podcast ကနေ အသံလွှင့်ပေးနေပါတယ်။ သတင်းအမှားတွေကို ဘယ်လိုလူတွေက ဖြန့်ဝေနေကြတာလဲ၊ သတင်းအမှားဖြန့်ဝေသူတွေက ဘယ်လိုသတင်းအမှားမျိုးတွေကို ဖြန့်ဝေနေတာလဲဆိုတာကို သတင်းနှင့် မီဒီယာကွန်ရက် (NMG) က အပတ်စဉ် ဗုဒ္ဓဟူးနေ့ ညနေတိုင်းမှာ ထုတ်လွှင့်တဲ့ Podcast ထုတ်လွှင့်ချက်ကနေ တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုဒ် လုပ်ထားပြီး အဆင်ပြေတဲ့ အချိန်မှာမှ နားထောင်ရင်လည်း ရပါတယ်။
အပတ်စဉ် သတင်းထုတ်လွှင့်ချက် ( ၁၀ )
ဒီတပတ်မှာ တင်ဆက်ပေးမယ့် သတင်းတွေကတော့ -
- ကြားကာလအတွင်း စစ်ကောင်စီနဲ့ ညှိနှိုင်းပြီး နိုင်ငံရေး အဖြေရှာဖို့ လမ်းစမရှိဘူးလို့ ဗိုလ်ချုပ်ကြီး အင်ဘန် လ က ပြောဆိုလိုက်ပါတယ်။
- ဖာပွန်ခရိုင်ထဲမှာ စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲမှုကြောင့် အရပ်သား ၂ ဦးသေဆုံးပြီး ၃ ဦး ထိခိုက် ဒဏ်ရာရတယ်လို့ သိရပါတယ်။
- KNU က အခု ၂၀၂၂ ခုနှစ်ဟာ မတရားမှုကို အလဲထိုးမယ့်နှစ်လို့ သတ်မှတ်ပြီး စစ်အာဏာရှင်ကျဆုံး၊ ပြည်သူ တွေ၊ တိုင်းရင်းသားတော်လှန်ရေး အဖွဲ့တွေနဲ့ လက်တွဲဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။
- နိုင်ငံတကာသတင်းတွေဘက်မှာတော့ နှစ်စဉ်ပြုလုပ်တဲ့ အမေရိကန်ဦးဆောင်တဲ့ ရွှေမြွေဟောက် စစ်ရေး လေ့ကျင့်ခန်းတွေမှာ မြန်မာနိုင်ငံက ဒီနှစ်မှာ လေ့လာသူအဖြစ် ပါဝင်မှာ မဟုတ်တော့ဘူးဆိုတဲ့ သတင်းတွေ နဲ့အတူ တိုင်းရင်းသားဒေသတွေက တခြားစိတ်ဝင်စားစရာ သတင်းတွေကို တင်ဆက်ပေးသွား မှာပါရှင်။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တနင်္ဂနွေနေ့တိုင်းမှာတော့ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်း တင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်း လုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။
အပတ်စဉ် တိုင်းရင်းသားရေားရာ သတင်းသုံးသပ်ချက် ( ၁၀ )
ဒီတပါတ်မှာတော့ မကြာသေးခင်က အမျိုးသား ညီညွတ်ရေး အတိုင်ပင်ခံ ကောင်စီ NUCC က ကျင်းပသွားတဲ့ ပြည်သူ့ ညီလာခံရလာဒ်တွေ အပေါ်မှာ သုံးသပ်ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ ဒီညီလာခံကြီးက သဘောတူ လိုက်တဲ့ ဆုံးဖြတ်ချက်တွေဟာ အနာဂတ် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုအတွက် လုံလောက်ပြီလား။ ဒီကနေ့ ပြည်သူတွေနဲ့ အတူ ဆင်နွဲနေတဲ့ နွေဦးတော်လှန်ရေး အောင်မြင်ဖို့အတွက်ကော ဘယ်လောက်အဆင့်ထိ ပံ့ပိုးမှု ရနိုင်မလဲ ဆိုတာတွေကို သုံးသပ် ဆွေးနွေးသွားမှာဖြစ်ပါတယ်။
သတင်းနှင့် မီဒီယာ ကွန်ရက်က အပတ်စဉ် သောကြာနေ့ ညနေတိုင်းမှာ တိုင်းရင်းသားရေးရာ သတင်းသုံးသပ်ချက်တွေကို Podcast ကနေ အသံလွှင့်သွားမှာ ဖြစ်ပါတယ်။ တိုင်းရင်းသားအရေး၊ ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေးနဲ့ တိုင်းရင်းသား ဒေသတွေက အဖြစ်အပျက် အကြောင်းအရာတွေ အပေါ်မှာ သုံးသပ်ချက်တွေကို တင်ပြသွားမှာ ဖြစ်ပါတယ်။
ACCURACY CHECK - 10
ဒီနေ့ပြောပြမယ့် သတင်းအမှားတွေကတော့ ..........
ပြီးခဲ့တဲ့ ဇန္နဝါရီလမှာ စစ်ကောင်စီနဲ့ စစ်တပ်ထောက်ခံသူတွေရဲ့ တစ်လအတွင်း သတင်းတု သတင်းအမှား ဖြန့် ဝေခဲ့တဲ့အထဲက သတင်းနဲ့ဒီမီယာကွန်ရက် စိစစ်နိုင်ခဲ့သတင်းအမှားတွေအကြောင်း အကျဉ်းချုပ်နဲ့၊ စစ်ကောင်စီ က သတင်းတု သတင်းအမှားတွေကို ဘယ်လိုရည်ရွယ်ချက်တွေနဲ့ ဖြန့်ဝေနေလဲ၊ ဘယ်လိုပုံစံမျိုးတွေ ဖြန့်ဝေတာ ရှိ လဲ၊ ပြည်သူတွေအနေနဲ့ ဒီသတင်းတု သတင်းအမှားတွေကို ဘယ်လိုစိစစ်သင့်လဲ ဆိုတဲ့ အကြောင်းတွေကို ကရင် သတင်းစဉ် KIC သတင်းဌာနရဲ့ အယ်ဒီတာချုပ်လည်းဖြစ် နိုင်ငံတကာမြန်မာသတင်း BNI ရဲ့ မူဝါဒရေးရာ ကော်မ တီရဲ့ ဥက္ကဋ္ဌဖြစ်တဲ့ နန်းဖောဂေနဲ့ ဆက်သွယ်မေးမြန်းထားတဲ့ အကြောင်းတွေကို စုစည်းတင်ဆက် ပေးထားပါတယ်။
Accuracy check အစီအစဉ်ကို Podcast ကနေ အသံလွှင့်ပေးနေပါတယ်။ သတင်းအမှားတွေကို ဘယ်လိုလူတွေက ဖြန့်ဝေနေကြတာလဲ၊ သတင်းအမှားဖြန့်ဝေသူတွေက ဘယ်လိုသတင်းအမှားမျိုးတွေကို ဖြန့်ဝေနေတာလဲဆိုတာကို သတင်းနှင့် မီဒီယာကွန်ရက် (NMG) က အပတ်စဉ် ဗုဒ္ဓဟူးနေ့ ညနေတိုင်းမှာ ထုတ်လွှင့်တဲ့ Podcast ထုတ်လွှင့်ချက်ကနေ တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုဒ် လုပ်ထားပြီး အဆင်ပြေတဲ့ အချိန်မှာမှ နားထောင်ရင်လည်း ရပါတယ်။
အပတ်စဉ် သတင်းထုတ်လွှင့်ချက် - (၉)
ဒီတပတ်မှာ တင်ဆက်ပေးမယ့် သတင်းတွေကတော့ -
-ဖက်ဒရယ် ဒီမိုကရေစီပဋိညာဉ် အစိတ်အပိုင်း ၁ နဲ့ ၂ ကို ပြည်သူ့ညီလာခံကနေ အတည်ပြုလိုက်ပါတယ်။
- စစ်ကောင်စီခန့် ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ ဆိုင်မဖွင့်ရင် ဆိုင်ခန်းနဲ့ ပစ္စည်းတွေသိမ်းမယ်လို့ ခြိမ်းခြောက်တဲ့သတင်း၊
- ရှမ်း-ကရင်နီနယ်စပ်မှာ စစ်ကောင်စီက လေယာဉ်နဲ့ပစ်ခတ်၊ လွိုင်ကော်က အပြစ်မဲ့ပြည်သူတွေ ဆက်တိုက် အသတ်ခံနေရတဲ့ သတင်း။
- မုံးကိုးက စစ်ရှောင်တွေ ရေရှည်ရပ်တည်ရေးအတွက် အခက်အခဲဖြစ်နေတဲ့သတင်းနဲ့အတူ တိုင်းရင်းသား ဒေသတွေထဲက တခြားစိတ်ဝင်စားစရာ သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တနင်္ဂနွေနေ့တိုင်းမှာတော့ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်း တင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်း လုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။
အပတ်စဉ် တိုင်းရင်းသားရေးရာ သတင်းသုံးသပ်ချက် - (၉)
ဒီတပါတ်မှာတော့ တရုတ်နိုင်ငံက မြန်မာနိုင်ငံမှာ အပစ်အခတ်ရပ်စဲဖို့ မေတ္တာရပ်ခံတာနဲ့ ပတ်သက်လို့ သုံးသပ် ဆွေးနွေးသွားမှာပါ။ တရုတ်က ဘာလို့ မြန်မာနိုင်ငံမှာ တိုက်ပွဲတွေ မဖြစ်စေချင်တာလဲ၊ တရုတ်ရဲ့ လိုလားချက်က ဘာလဲ ဆိုတာကို သုံးသပ်တင်ပြသွားမှာပါ။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုဒ် လုပ်ထားပြီး အဆင်ပြေတဲ့ အချိန်မှာမှ နားထောင်ရင်လည်း ရပါတယ်။
သတင်းနှင့် မီဒီယာ ကွန်ရက်က အပတ်စဉ် သောကြာနေ့ ညနေတိုင်းမှာ တိုင်းရင်းသားရေးရာ သတင်းသုံးသပ်ချက်တွေကို Podcast ကနေ အသံလွှင့်သွားမှာ ဖြစ်ပါတယ်။ တိုင်းရင်းသားအရေး၊ ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေးနဲ့ တိုင်းရင်းသား ဒေသတွေက အဖြစ်အပျက် အကြောင်းအရာတွေ အပေါ်မှာ သုံးသပ်ချက်တွေကို တင်ပြသွားမှာ ဖြစ်ပါတယ်။
From the publisher's feed
Network Media Group: Independent News Agency Producing Multimedia Products can be seen on http://www.nmg-news.com, founded 2001 April 1.