Sign up to save your podcasts
Or

အပတ်စဉ် သတင်းထုတ်လွှင့်ချက် - (၅)
ဒီတပတ်မှာ တင်ဆက်ပေးမယ့် သတင်းတွေကတော့ -
- ကရင်နီပြည်နယ်ထဲမှာ ကရင်နီပူပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတို့အကြား ဆက်တိုက် ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအတွင်း စစ်ကောင်စီက လေယာဉ်တွေနဲ့ပါ ထိုးစစ်ဆင်နေပါတယ်။
- စစ်ကောင်စီရဲ့ လက်နက်ဝယ်ယူရေးနဲ့ ဝင်ငွေလမ်းကြောင်းတွေကို ဖြတ်တောက်ပေးဖို့ NUG ယာယီ သမ္မတ က နိုင်ငံတကာ အသိုင်းအဝိုင်းကို တောင်းဆိုလိုက်ပါတယ်။
- မွန်ပြည်နယ်ထဲမှာ လူမှုကယ်ဆယ်ရေးအဖွဲ့ဝင် တစ်ယောက်ကို စစ်ကောင်စီက ထောင်ဒဏ် အမိန့်ချမှတ်တာ တွေ ဆက်တိုက်ရှိလာနေတဲ့အကြောင်းနဲ့အတူ တိုင်းရင်းသားဒေသတွေက တခြားစိတ်ဝင်စားစရာ သတင်းတွေ ကို တင်ဆက်ပေးသွားမှာပါ။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တနင်္ဂနွေနေ့တိုင်းမှာတော့ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်း တင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်း လုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။
အပတ်စဉ် တိုင်းရင်းသား ရေးရာ သတင်းသုံးသပ်ချက် - (၅)
ဒီတပါတ်မှာတော့ အရင် တပါတ်က မထုတ်လွှင့် ဖြစ်တဲ့ ခွန်းမားကိုဘန်းနဲ့ မေးမြန်းထားတဲ့ ဖက်ဒရယ်ရေးရာ သုံးသပ်ချက်ကို ဆက်ပြီး ထုတ်လွှင့်သွားပါမယ်။ ဒီတပါတ်မှာတော့ ၈ လေးလုံးနောက်ပိုင်း ဗမာ နိုင်ငံရေး အဖွဲ့အစည်းတွေနဲ့ တိုင်းရင်းသား အဖွဲ့အစည်းတွေအကြား နီးစပ်မှုတွေ ဘယ်လိုရလာသလဲ။ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး အလားအလာတွေ ဘယ်လောက် နီးကပ်ခဲ့သလဲ။ ဘာလိုတွေ ကြောင့် ပြန်ပြီး ဝေးကွာသွားခဲ့ကြသလဲ ဆိုတာတွေကို တင်ဆက်သွားမှာပါ။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုဒ် လုပ်ထားပြီး အဆင်ပြေတဲ့ အချိန်မှာမှ နားထောင်ရင်လည်း ရပါတယ်။
သတင်းနှင့် မီဒီယာ ကွန်ရက်က အပတ်စဉ် သောကြာနေ့ ညနေတိုင်းမှာ တိုင်းရင်းသားရေးရာ သတင်းသုံးသပ်ချက်တွေကို Podcast ကနေ အသံလွှင့်သွားမှာ ဖြစ်ပါတယ်။ တိုင်းရင်းသားအရေး၊ ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေးနဲ့ တိုင်းရင်းသား ဒေသတွေက အဖြစ်အပျက် အကြောင်းအရာတွေ အပေါ်မှာ သုံးသပ်ချက်တွေကို တင်ပြသွားမှာ ဖြစ်ပါတယ်။
ACCURACY CHECK - 5
ဒီနေ့ပြောပြမယ့် သတင်းအမှားတွေကတော့
- KNU က PDF တွေကို မောင်းထုတ်တယ်ဆိုတဲ့ သတင်းမှားတပုဒ်အကြောင်း
- စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်ထဲက နတ်ချောင်းရွာကို PDF တွေ မီးရှို့တယ်ဆိုတဲ့ သတင်းမှားဖြန့်ဝေထားတဲ့အကြောင်းနဲ့
ထန်တလန် ဓါတ်ပုံတွေကို လေးကေ့ကော် ဓါတ်ပုံဆိုပြီး ဓါတ်ပုံသတင်းမှား ဖြန့်ဝေထားတဲ့ အကြောင်းတွေကို ကြားကြရမှာပါ။
Accuracy check အစီအစဉ်ကို Podcast ကနေ အသံလွှင့်ပေးနေပါတယ်။ သတင်းအမှားတွေကို ဘယ်လိုလူတွေက ဖြန့်ဝေနေကြတာလဲ၊ သတင်းအမှားဖြန့်ဝေသူတွေက ဘယ်လိုသတင်းအမှားမျိုးတွေကို ဖြန့်ဝေနေတာလဲဆိုတာကို သတင်းနှင့် မီဒီယာကွန်ရက် (NMG) က အပတ်စဉ် ဗုဒ္ဓဟူးနေ့ ညနေတိုင်းမှာ ထုတ်လွှင့်တဲ့ Podcast ထုတ်လွှင့်ချက်ကနေ တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုဒ် လုပ်ထားပြီး အဆင်ပြေတဲ့ အချိန်မှာမှ နားထောင်ရင်လည်း ရပါတယ်။
အပတ်စဉ် သတင်းထုတ်လွှင့်ချက် - (၄)
ဒီတပတ်မှာ တင်ဆက်ပေးမယ့် သတင်းတွေကတော့ -
- ကရင်နီပြည်နယ်ထဲမှာ အရပ်သားတွေကို စစ်ကောင်စီက မီးရှို့သတ်ဖြတ်တဲ့နေရာမှာ Save the Children ဝန်ထမ်းနှစ်ယောက် ပျောက်ဆုံးနေပါတယ်။
- ကချင်နဲ့ ကရင်ပြည်နယ်ထဲ ဒီရက်ပိုင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲသတင်း၊
- နောက်ပိုင်းမှာတော့ တိုက်ပွဲတွေ ဖြစ်ပွားနေချိန် ခရစ္စမတ်ရာသီမှာ မြန်မာနိုင်ငံထဲက ခရစ်ယာန်အများစု နေ ထိုင်တဲ့ တိုင်းရင်းပြည်နယ်တွေမှာ ခရစ်တော်မွေးဖွားတဲ့နေ့ကို ဘယ်လိုမျိုး ဖြတ်သန်းကြိုဆိုကြသလဲ၊ အရင် နှစ်ခရစ္စမတ်နဲ့ ဘာကွာသွားလဲ ဆိုတဲ့ သတင်းဆောင်းပါးနဲ့အတူ တိုင်းရင်းသားဒေသတွေက တခြားစိတ်ဝင်စား စရာ သတင်းတွေကို တင်ဆက်ပေးသွားမှာပါရှင်။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တနင်္ဂနွေနေ့တိုင်းမှာတော့ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်း တင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်း လုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။
အပတ်စဉ် တိုင်းရင်းသား ရေးရာ သတင်းသုံးသပ်ချက် - (၄)
ဒီတပါတ်မှာတော့ ကရင်ပြည်နယ်အတွင်း ကရင့်အမျိုးသား အစည်းအရုံး KNU နဲ့ စစ်ကောင်စီ တို့ အကြား စစ်ရေး တင်းမာလာပြီး တိုက်ပွဲတွေ ပြန်ဖြစ်လာနေတဲ့ အကြောင်းနဲ့ အဲဒီ တိုက်ပွဲ အကျိုးဆက်တွေက ဘာ တွေဆက်ဖြစ်လာမလဲ ဆိုတာကို သုံးသပ်တင်ပြထားပါတယ်။ နောက်တပါတ်မှာတော့ ဖက်ဒရယ်ရေးနဲ့ ပါတ်သက်ပြီး ခွန်းမာကိုဘန်းနဲ့ မေးမြန်းထုတ်လွှင့်မှုကို တင်ဆက်ပေးမှာ ဖြစ်တဲ့အတွက် စောင့်မျှော် နား ထောင်ပေးကြဖို့ ပန်ကြားအပ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို Download လုပ်ထားပြီး အဆင်ပြေတဲ့ အချိန်မှာမှ နားထောင်ရင်လည်း ရပါတယ်။
သတင်းနှင့် မီဒီယာ ကွန်ရက်က အပတ်စဉ် သောကြာနေ့ ညနေတိုင်းမှာ တိုင်းရင်းသားရေးရာ သတင်းသုံးသပ်ချက်တွေကို Podcast ကနေ အသံလွှင့်သွားမှာ ဖြစ်ပါတယ်။ တိုင်းရင်းသားအရေး၊ ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေးနဲ့ တိုင်းရင်းသား ဒေသတွေက အဖြစ်အပျက် အကြောင်းအရာတွေ အပေါ်မှာ သုံးသပ်ချက်တွေကို တင်ပြသွားမှာ ဖြစ်ပါတယ်။
ACCURACY CHECK (4)
ဒီနေ့ပြောပြမယ့် သတင်းအမှားတွေကတော့
၁။ နေပြည်တော် ကမ္ဘာပျက်ပြီ။ အမေစု လွှတ်ပေးလိုက်ရပြီ ဆိုတဲ့ သတင်းမှား
၂။ ၅၀၀၀ တန်တွေကို ဗဟိုဘဏ်က ငွေမဲအဖြစ်ကြေညာတယ်ဆိုတဲ့ သတင်းမှား
၃။ KNU အဖွဲ့ နဲ့ စစ်ကောင်စီ တွေ့တယ်ဆိုတဲ့ သတင်းမှား ဖြန့်ဝေထားတဲ့ အကြောင်းတွေက ကြားကြရမှာပါ။
Accuracy check အစီအစဉ်ကို Podcast ကနေ အသံလွှင့်ပေးနေပါတယ်။ သတင်းအမှားတွေကို ဘယ်လိုလူတွေက ဖြန့်ဝေနေကြတာလဲ၊ သတင်းအမှားဖြန့်ဝေသူတွေက ဘယ်လိုသတင်းအမှားမျိုးတွေကို ဖြန့်ဝေနေတာလဲဆိုတာကို သတင်းနှင့် မီဒီယာကွန်ရက် (NMG) က အပတ်စဉ် ဗုဒ္ဓဟူးနေ့ ညနေတိုင်းမှာ ထုတ်လွှင့်တဲ့ Podcast ထုတ်လွှင့်ချက်ကနေ တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုဒ် လုပ်ထားပြီး အဆင်ပြေတဲ့ အချိန်မှာမှ နားထောင်ရင်လည်း ရပါတယ်။
အပတ်စဉ် သတင်း ထုတ်လွှင့်ချက် ( ၃ )
ဒီတပတ်မှာ တင်ဆက်ပေးမယ့် သတင်းတွေကတော့ - ရှမ်းမြောက် ကွတ်ခိုင်မှာ စစ်ကောင်စီနဲ့ KIA တို့အကြား တိုက်ပွဲဖြစ်ပွားနေပါတယ်။ လားရှိုးနဲ့ မုံးကိုးခရိုင် ထဲမှာလည်း စစ်ကောင်စီတပ်နဲ့ MNDAA တို့အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပါတယ်။
- လေးကေကော်တိုက်ပွဲဟာ စစ်ကောင်စီဘက်က နယ်မြေကျူးကျော်ဝင်ရောက်လာတဲ့အတွက် တိုက်ပွဲဖြစ်ပွား ရတာလို့ KNU က ပြောပါတယ်။
- လေးကေ့ကော်မှာ ဖမ်းဆီးခံထားရတဲ့ လွှတ်တော်ကိုယ်စားလှယ်နဲ့ ဆက်သွယ်တယ်ဆိုပြီး ဧရာဝတီတိုင်း၊ မြောင်းမြမြို့ခ ၇ ယောက်ကို စစ်ကောင်စီက ဖမ်းဆီးသွားပါတယ်။ လေးကေ့ကော်တိုက်ပွဲအတွင်းက စစ်ရှောင် ၂၀၀၀ ကျော်လောက် တောထဲမှာပိတ်မိနေတဲ့အကြောင်း သတင်းပေးပို့ချက်နဲ့ တိုင်းရင်းသားဒေသတွေက တခြားစိတ်ဝင်စားစရာ သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တနင်္ဂနွေနေ့တိုင်းမှာတော့ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်း တင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်း လုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။
အပတ်စဉ် တိုင်းရင်းသားရေးရာ သတင်းသုံးသပ်ချက် ( ၃ )
ဒီတပါတ်မှာတော့ လွတ်လပ်ရေး ရပြီး မြန်မာနိုင်ငံ စတင်တည်ထောင်ချိန်မှာ ဖက်ဒရယ် ပြည်ထောင်စုကနေ ဘယ်လို လွဲချော်ခဲ့တာလဲ ဆိုတာ ဖက်ဒရယ်ရေးရာ ကျွမ်းကျင်သူ ဝါရင့် နိုင်ငံရေး သမားကြီး ခွန်းမားကိုဘန်နဲ့ မေးမြန်း တင်ဆက်ထားပါတယ်။ ဒီတပါတ်မှာ ခွန်းမားကိုဘန်နဲ့ ဆွေးနွေးခြင်း အပိုင်း (၂) ကို တင်ဆက်သွားမှာ ဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုဒ် လုပ်ထားပြီး အဆင်ပြေတဲ့ အချိန်မှာမှ နားထောင်ရင်လည်း ရပါတယ်။
သတင်းနှင့် မီဒီယာ ကွန်ရက်က အပတ်စဉ် သောကြာနေ့ ညနေတိုင်းမှာ တိုင်းရင်းသားရေးရာ သတင်းသုံးသပ်ချက်တွေကို Podcast ကနေ အသံလွှင့်သွားမှာ ဖြစ်ပါတယ်။ တိုင်းရင်းသားအရေး၊ ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေးနဲ့ တိုင်းရင်းသား ဒေသတွေက အဖြစ်အပျက် အကြောင်းအရာတွေ အပေါ်မှာ သုံးသပ်ချက်တွေကို တင်ပြသွားမှာ ဖြစ်ပါတယ်။
Apple Podcasts -
Spotify -
Buzzsprout -
ACCURACY CHECK - 3
ဒီနေ့ပြောပြမယ့် သတင်းအမှားတွေကတော့
၁။ကားတိုက်သတ်တဲ့ သတင်းနဲ့ မီးရှို့သတ်တဲ့ သတင်းကို မြန်မာ့အလင်းက သတင်းမှားလို့ထုတ်ပြန်ထားပါတယ်။
၂။ ရခိုင်မှာ PDF တွေဆီက လက်နက်သိမ်းမိတယ်လို့ သတင်းမှားဖြန့်ဝေနေတဲ့အကြောင်း
၃။ ထိုင်းရဲတွေက ခိုးဝင် မြန်မာတွေကို ပစ်မိန့်ပေးထားပြီဆိုတဲ့ သတင်းမှားကို ဖြန့်ဝေထားတဲ့ အကြောင်းတွေကို စိစစ်တင်ဆက်ပေးထားပါတယ်။
Accuracy check အစီအစဉ်ကို Podcast ကနေ အသံလွှင့်ပေးနေပါတယ်။ သတင်းအမှားတွေကို ဘယ်လိုလူတွေက ဖြန့်ဝေနေကြတာလဲ၊ သတင်းအမှားဖြန့်ဝေသူတွေက ဘယ်လိုသတင်းအမှားမျိုးတွေကို ဖြန့်ဝေနေတာလဲဆိုတာကို သတင်းနှင့် မီဒီယာကွန်ရက် (NMG) က အပတ်စဉ် ဗုဒ္ဓဟူးနေ့ ညနေတိုင်းမှာ ထုတ်လွှင့်တဲ့ Podcast ထုတ်လွှင့်ချက်ကနေ တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုဒ် လုပ်ထားပြီး အဆင်ပြေတဲ့ အချိန်မှာမှ နားထောင်ရင်လည်း ရပါတယ်။
အပတ်စဉ် သတင်း ထုတ်လွှင့်ချက် (၂)
ဒီတပတ်မှာ တင်ဆက်ပေးမယ့် သတင်းတွေကတော့ -
ရှမ်းမြောက် ကျောက်မဲက ပညာရေးမှူးရုံး ဗုံးခွဲခံရပြီး ဒေသခံနှစ်ယောက်ကို စစ်ကောင်စီက ပစ်ခတ်ဖမ်းဆီး သွားပါတယ်။
တနင်္သာရီတိုင်း၊ ပုလောမြို့နယ်ထဲမှာ KNU၊ ဒေသခံ PDF အဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲ ဖြစ် ပွားနေပါတယ်။
အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ယူနေချိန် ကမ္ဘောဒီးယားအနေနဲ့ မြန်မာစစ်ကောင်စီကို လိုက်လျောတာ တွေ မလုပ်ဖို့ အမေရိကန်က တိုက်တွန်းလိုက်ပါတယ်။
ရှမ်းမြောက် ကွတ်ခိုင်က အမျိုးသမီးကို မုဒိန်းကျင့်တဲ့ စစ်သား ထောင်ဒဏ် နှစ်နှစ်ဆယ် ချခံလိုက်ရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး အမျိုးသမီးအရေး တက်ကြွလှုပ်ရှားသူတွေက သုံးသပ်ချက်နဲ့ အတူ တိုင်းရင်းသားဒေသတွေက တခြားစိတ်ဝင်စားစရာ သတင်းတွေကို တင်ဆက်ပေးသွားမှာပါရှင်။
သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တနင်္ဂနွေနေ့တိုင်းမှာတော့ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်း တင်ဆက်ပေးနေတာဖြစ်ပါတယ်။ ကျမတို့ရဲ့ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်း လုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။
From the publisher's feed
Network Media Group: Independent News Agency Producing Multimedia Products can be seen on http://www.nmg-news.com, founded 2001 April 1.