Network Media Group (NMG)

Network Media Group (NMG)

Download on the App Store

Network Media Group (NMG) episodes

  • အပတ်စဉ် တိုင်းရင်းသားရေးရာ သတင်းသုံးသပ်ချက် (၂)

    အပတ်စဉ် တိုင်းရင်းသားရေးရာ သတင်းသုံးသပ်ချက် (၂)

    သတင်းနှင့် မီဒီယာ ကွန်ရက်က အပတ်စဉ် သောကြာနေ့ ညနေတိုင်းမှာ တိုင်းရင်းသားရေးရာ သတင်းသုံးသပ်ချက်တွေကို Podcast ကနေ အသံလွှင့်သွားမှာ ဖြစ်ပါတယ်။ တိုင်းရင်းသားအရေး၊ ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေးနဲ့ တိုင်းရင်းသား ဒေသတွေက အဖြစ်အပျက် အကြောင်းအရာတွေ အပေါ်မှာ သုံးသပ်ချက်တွေကို တင်ပြသွားမှာ ဖြစ်ပါတယ်။
     
    ဒီတပါတ်မှာတော့ အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပေါ်ပြောင်းလဲလာတဲ့ အခြေအနေတွေဟာ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးအတွက် အလားအလာကောင်းတွေ ဖြစ်သလား ဒါမှမဟုတ် ဘယ်လို ဆုတ် ယုတ်မှုတွေ ရှိသလဲ ဆိုတာကို ဖက်ဒရယ်ရေးရာ ကျွမ်းကျင်သူ ဝါရင့် နိုင်ငံရေး သမားကြီး ခွန်းမားကိုဘန်နဲ့ မေးမြန်း တင်ဆက်ထားပါတယ်။ ဒီတပါတ်မှာ ခွန်းမားကိုဘန်နဲ့ ဆွေးနွေးခြင်း အပိုင်း (၁) ကို တင်ဆက် သွား မှာ ဖြစ်ပါတယ်။ 

    14 min
  • ACCURACY CHECK - 2

    ACCURACY CHECK

    သတင်းနှင့် မီဒီယာကွန်ရက်က အပတ်စဉ် ဗုဒ္ဓဟူး ညနေတိုင်းမှာ Accuracy check အစီအစဉ်ကို Podcast ကနေ အသံလွှင့်သွားမှာ ဖြစ်ပါတယ်။ သတင်းအမှားတွေကို ဘယ်လိုမျိုး ဖြန့်ဝေနေကြလဲ၊ ဒီတပတ်မှာတော့ ဘယ်လိုသတင်းအမှားတွေ ရှိနေလဲ နားဆင်ကြရမှာပါ။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင် သလို ဒေါင်းလုဒ် လုပ်ထားပြီး အဆင်ပြေတဲ့ အချိန်မှာမှ နားထောင်ရင်လည်း ရပါတယ်။

    ဒီနေ့ပြောပြမယ့် သတင်းအမှားတွေကတော့

    ၁။ ဖမ်းဆီးခံ သတင်းထောက်နှစ်ဦးကို အကြမ်းဖက် လှုံ့ဆော်သူများအဖြစ် သတင်းမှားဖြန့်ဝေ

    ၂။ ဒီမော့ဆိုတွင် PDF များ မီးရှို့ကြောင်း သတင်းမှား ဖြန့်ဝေ

    ၃။ KBC ဥက္ကဌနဲ့ ဗိုလ်ချုပ်မှုးကြီး မင်အောင်လှိုင်တို့ ယခင်နှစ် တွေ့ဆုံမှုကို ယခုနှစ် တွေ့ဆုံမှုအဖြစ် သတင်းမှားဖြန့်

    တခြားသတင်းအမှားတွေကို စိစစ်တင်ဆက်ပေးထားပါတယ်။

    11 min
  • အပတ်စဉ် သတင်းအစီအစဉ် (၁)

    အပတ်စဉ် သတင်းအစီအစဉ် ( ၁ )

    သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တနင်္ဂနွေနေ့တိုင်းမှာတော့ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်း တင်ဆက်ပေးနေတာဖြစ်ပါတယ်။ ကျမတို့ရဲ့ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။

    ဒီတပတ်မှာ တင်ဆက်ပေးမယ့် သတင်းတွေကတော့ -

    - ဒီနေ့မနက်ပိုင်းမှာ ရန်ကုန်မြို့၊ ကြည့်မြင်တိုင်မြို့နယ်ထဲက သပိတ်စစ်ကြောင်းအကြမ်းဖက် ဖြိုခွင်းခံရပြီး ၄ ယောက်ထက်မနည်း သေဆုံးခဲ့ရပါတယ်။

    - NLD ပါတီ နာယက သူရဦးတင်ဦးနဲ့ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ ဒီနေ့ တွေ့ဆုံ ခဲ့ပါတယ်။

    -ကယား (ကရင်နီ) ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်ထဲမှာ KNDF နဲ့ စစ်ကောင်စီတပ်တို့ တိုက်ကွဲဖြစ်ပွားနေပြီး ထူးလွီဘီလာရွာက အိမ် ၇ လုံးထက်မနည်း စစ်ကောင်စီက မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

    ဒီသတင်းတွေနဲ့အတူ တိုင်းရင်းသားဒေသတွေက တခြားစိတ်ဝင်စားစရာ သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။

    13 min
  • အပတ်စဉ် တိုင်းရင်းသားရေးရာ သတင်းသုံးသပ်ချက် (၁)

    အပတ်စဉ် တိုင်းရင်းသားရေးရာ သတင်းသုံးသပ်ချက် (၁)

    သတင်းနှင့် မီဒီယာ ကွန်ရက်က အပတ်စဉ် သောကြာနေ့ ညနေတိုင်းမှာ တိုင်းရင်းသား ရေးရာ သတင်းသုံးသပ် ချက်တွေကို Podcast ကနေ အသံလွှင့် သွားမှာ ဖြစ်ပါတယ်။ တိုင်းရင်းသား အရေး၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနဲ့ တိုင်းရင်းသား ဒေသတွေက အဖြစ်အပျက် အကြောင်းအရာတွေ အပေါ်မှာ သုံးသပ်ချက်တွေကို တင်ပြသွားမှာ ဖြစ်ပါတယ်။ 

    ဒီတပါတ်မှာတော့ တိုင်းရင်းသား လူငယ်တွေရဲ့ နွေဦး တော်လှန်ရေး သံဓိ ဌာန်ကို စုစည်းတင်ဆက်ထားပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုဒ် လုပ်ထားပြီး အဆင်ပြေတဲ့ အချိန်မှာမှ နားထောင်ရင်လည်း ရပါတယ်။

    11 min
  • ACCURACY CHECK - 1

    ACCURACY CHECK 

    စစ်တပ်နှင့်ပူးပေါင်းပြီး KNU က သတင်းထောက်တွေကို ရှင်းလင်းမယ်ဆိုတဲ့သတင်းမှား 

    ဒီမော့ဆို ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့က စစ်ရှောင်တွေရဲ့ စပါးကို ခိုးယူတယ်ဆိုတဲ့ သတင်းမှားနဲ့

    ရခိုင်တောင်ပိုင်းမှာ လက်နက်နဲ့အတူ PDF တွေ ဖမ်းမိတယ်ဆိုတဲ့ သတင်းအမှားတွေကို Accuracy Check အစီအစဉ်ကနေ ပြောပြထားပါတယ်။

    11 min

About Network Media Group (NMG)

From the publisher's feed

Network Media Group: Independent News Agency Producing Multimedia Products can be seen on http://www.nmg-news.com, founded 2001 April 1.