Network Media Group (NMG)

Network Media Group (NMG)

Download on the App Store

Network Media Group (NMG) episodes

  • အပတ်စဉ် သတင်း ထုတ်လွှင့်ချက် ( EP - 15)

    အပတ်စဉ် သတင်း ထုတ်လွှင့်ချက် ( EP - 15)

    မတ်လ ၁၃ ရက်၊ ၂၀၂၂ ခုနှစ်။

    ဒီတပတ်မှာ တင်ဆက်ပေးမယ့် သတင်းတွေကတော့ -

    - စစ်ကိုင်းတိုင်း ယင်းမာမြို့နယ်ထဲမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ပြည်သူ သောင်းချီ ဒီရက်ပိုင်းမှာ စစ်ဘေးရှောင်နေကြရပါတယ်။

    - ဒီးမော့ဆိုမြို့နယ် ဒေါငံခါးရပ်ကွက် KNDF တွေ ယာယီထိုင်တဲ့စခန်း ဆုတ်ပေးလိုက်ရပါတယ်။

    - ဒုက္ခသည်တွေကို ကူညီဖို့ စစ်ကောင်စီနဲ့ ပူးပေါင်းမယ်လို့ နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဆာဆာကာဝါက ပြော ပါတယ်။

    - Bago Weekly ဂျာနယ်က သတင်းထောက် ကိုငြိမ်း ချမ်းဝေကို သာယာဝတီ ထောင်တွင်း တရားရုံးကနေ ထောင်ဒဏ် ၁၁ နှစ်နဲ့ သုံးလချမှတ်လိုက်တဲ့သတင်း၊ 

    - ဖာပွန်ခရိုင်ထဲက စစ်ကောင်စီတပ်စခန်းတစ်ခုကို KNU က ဝင်တိုက်ရာမှာ စစ်သားအရှင် ၂၇ ယောက်နဲ့အတူ လက်နက်တွေသိမ်းဆည်းနိုင်ခဲ့တဲ့ သတင်း အကြောင်းအရာတွေနဲ့အတူ တိုင်းရင်းသား ဒေသတွေက တခြားစိတ် ဝင်စားစရာ သတင်းတွေကို တင်ဆက်ပေးသွား မှာပါရှင်။

    သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တနင်္ဂနွေနေ့တိုင်းမှာတော့ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်း တင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်း လုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။

    16 min
  • အပတ်စဉ် တိုင်းရင်းသားရေးရာ သတင်းသုံးသပ်ချက် ( EP - 15 )

    အပတ်စဉ် တိုင်းရင်းသားရေးရာ သတင်းသုံးသပ်ချက် ( EP - 15 )

    မတ်လ ၁၁ ရက်၊ ၂၀၂၂ ခုနှစ်။

    ဒီတပါတ်မှာတော့ နိပွန်ဖောင်ဒေးရှင်း ဥက္ကဌ မစ္စတာ ယိုဟီအီ ဆာဆာကာဝါရဲ့ ထိုင်းနိုင်ငံ ချင်းမိုင် ခရီးစဉ် အကြောင်းကို သုံးသပ် ဆွေးနွေး သွားမှာ ဖြစ်ပါတယ်။ နိပွန်ဖောင်ဒေးရှင်းက ဘာလဲ၊ ဘယ်လောက် အရေးပါ သလဲ။ ချင်းမိုင်မှာ ဘယ်သူတွေနဲ့ တွေ့သွားတာလဲ။ ဒါဟာ ဘယ်လို လမ်းကြောင်းမျိုးကို ဦးတည်နေသလဲ ဆို တာတွေကို သုံးသပ်ဆွေးနွေး သွားမှာ ဖြစ်ပါတယ်။ သတင်းနဲ့ မီဒီယာ ကွန်ရက်ရဲ့ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုဒ် လုပ်ထားပြီး အဆင်ပြေတဲ့ အချိန်မှာမှ နားထောင်ရင်လည်း ရပါတယ်။

    သတင်းနှင့် မီဒီယာ ကွန်ရက်က အပတ်စဉ် သောကြာနေ့ ညနေတိုင်းမှာ တိုင်းရင်းသားရေးရာ သတင်းသုံးသပ်ချက်တွေကို Podcast ကနေ အသံလွှင့်သွားမှာ ဖြစ်ပါတယ်။ တိုင်းရင်းသားအရေး၊ ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေးနဲ့ တိုင်းရင်းသား ဒေသတွေက အဖြစ်အပျက် အကြောင်းအရာတွေ အပေါ်မှာ သုံးသပ်ချက်တွေကို တင်ပြသွားမှာ ဖြစ်ပါတယ်။

    13 min
  • ACCURACY CHECK ( EP - 15 )

    ACCURACY CHECK ( EP - 15 )

    မတ်လ ၉ ရက်၊ ၂၀၂၂ ခုနှစ်။
     
    စစ်ကောင်စီက သတင်းအမှားတွေ ဖြန့်ဝေတဲ့နေရာမှာ ရည်ရွယ်ချက်အမျိုးမျိုးရှိနေပါတယ်။ အဲ့ဒီရည်ရွယ်ချက် တွေထဲက တစ်ခုကတော့ စစ်တပ်ကြီးမပြိုကွဲအောင်ဆိုတဲ့ ရည်ရွယ်ချက်ကလည်း အဓိကျပါတယ်။ အခု သတင်း အမှားတွေကို ဆက်ပြီး ဖြန့်နေတဲ့အတွက် ဒီရည်ရွယ်က အောင်မြင်ပါသလား၊ စစ်ကောင်စီက လတိုင်း လုပ်နေ တဲ့ သတင်းစာရှင်းလင်းပွဲတွေကနေလည်း မြေပြင်မှာ ဖြစ်နေတဲ့ အချက်အလက်တွေနဲ့ လွှဲမှားနေတာတွေကို ပြောဆိုနေတာတွေရှိပါတယ် ဒီကိစ္စအပေါ်အမြင်။ ဒီလိုအခြေအနေမျိုးမှာ ပြည်သူတွေအနေနဲ့ ဘယ်လိုသတိ ထားသင့်လဲ စတဲ့အကြောင်းအရာတွေကို ဒီနေ့ရဲ့ Accuracy Check အစီအစဉ်ကနေ မဇ္ဈိမသတင်းဌာနက စီမံခန့် ခွဲမှု အယ်ဒီတာ ဦးစိန်ဝင်းနဲ့ ဆက်သွယ်မေးမြန်းချက် ဒုတိယပိုင်းကို တင်ဆက်ပေးထားပါတယ်။ 

    Accuracy check အစီအစဉ်ကို Podcast ကနေ အသံလွှင့်ပေးနေပါတယ်။ သတင်းအမှားတွေကို ဘယ်လိုလူတွေက ဖြန့်ဝေနေကြတာလဲ၊ သတင်းအမှားဖြန့်ဝေသူတွေက ဘယ်လိုသတင်းအမှားမျိုးတွေကို ဖြန့်ဝေနေတာလဲဆိုတာကို သတင်းနှင့် မီဒီယာကွန်ရက် (NMG) က အပတ်စဉ် ဗုဒ္ဓဟူးနေ့ ညနေတိုင်းမှာ ထုတ်လွှင့်တဲ့ Podcast ထုတ်လွှင့်ချက်ကနေ တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုဒ် လုပ်ထားပြီး အဆင်ပြေတဲ့ အချိန်မှာမှ နားထောင်ရင်လည်း ရပါတယ်။

    20 min
  • အပတ်စဉ် သတင်း ထုတ်လွှင့်ချက် ( EP - 14)

    အပတ်စဉ် သတင်း ထုတ်လွှင့်ချက် ( EP - 14)

    ဒီတပတ်မှာ တင်ဆက်ပေးမယ့် သတင်းတွေကတော့ -

    ရက္ခိုင့်တပ်တော် ULA/AA က စစ်ကောင်စီနဲ့ နိုင်ငံရေးဆွေးနွေးသွားမှာ မဟုတ်ဘူးလို့ ပြောဆိုလိုက်တဲ့သတင်း၊

    ဖာပွန်ခရိုင်ထဲမှာ စစ်ကောင်စီက လက်နက်ကြီးကျည်နဲ့ ရမ်းသမ်းပစ်ခတ်မှုကြောင့် ကလေးငယ်တွေအပါအဝင် အရပ်သားပြည်သူ ၇ ယောက် ထိမှန်သေဆုံးခဲ့ပါတယ်။

    မြစ်ကြီးနားမြို့က စစ်ကောင်စီခန့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ယောက် သူ့နေအိမ်မှာပဲ ပစ်သတ်ခံလိုက်ရတဲ့ သတင်းနဲ့အတူ တိုင်းရင်းသား ဒေသတွေက တခြား စိတ် ဝင်စားစရာ သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။

    သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တနင်္ဂနွေနေ့တိုင်းမှာတော့ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်း တင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်း လုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။

    11 min
  • အပတ်စဉ် တိုင်းရင်းသားရေးရာ သတင်းသုံးသပ်ချက် ( EP - 14 )

    အပတ်စဉ် တိုင်းရင်းသားရေးရာ သတင်းသုံးသပ်ချက် ( EP - 14 )

    ဒီတပါတ်မှာတော့ ရုရှားက ယူကရိန်း စစ်ပွဲနဲ့ ဆက်နွယ်ပြီး ရုရှားနိုင်ငံသစ်အဖြစ် နိုင်ငံ နှစ်နိုင်ငံကို သတ်မှတ်တာနဲ့ ပတ်သက်ပြီး အလားတူ အဖြစ်အပျက်မျိုး မြန်မာနိုင်ငံမှာကော ဖြစ်လာနိုင်မလား ဆိုတာကို သုံးသပ် ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

    သတင်းနှင့် မီဒီယာ ကွန်ရက်က အပတ်စဉ် သောကြာနေ့ ညနေတိုင်းမှာ တိုင်းရင်းသားရေးရာ သတင်းသုံးသပ်ချက်တွေကို Podcast ကနေ အသံလွှင့်သွားမှာ ဖြစ်ပါတယ်။ တိုင်းရင်းသားအရေး၊ ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေးနဲ့ တိုင်းရင်းသား ဒေသတွေက အဖြစ်အပျက် အကြောင်းအရာတွေ အပေါ်မှာ သုံးသပ်ချက်တွေကို တင်ပြသွားမှာ ဖြစ်ပါတယ်။

    11 min
  • ACCURACY CHECK ( EP - 14 )

    ACCURACY CHECK ( EP - 14 )

    ဒီနေ့ပြောပြမယ့် သတင်းအမှားတွေကတော့ ..........

    ဖေဖော်ဝါရီလ တစ်လလုံးမှာ သတင်းနှင့်မီဒီယာကွန်ရက်က စိစစ်နိုင်ခဲ့တဲ့ သတင်းအမှားတွေက ဘာတွေလဲ.. စစ်ကောင်စီ သတင်းအမှား၊ သတင်းအတုတွေကို ဘယ်လိုရည်ရွယ်ချက်တွေနဲ့ ဖြန့်ဝေနေတာလဲ၊ ဘယ်လိုနေရာ တွေကနေ ဘယ်လိုပုံစံမျိုးနဲ့ ဖြန့်ဝေနေတာလဲ၊ ပြည်သူတွေအားကိုးရတဲ့ သတင်းဌာတွေ နာမည်ပျက်အောင်၊ ပြည်သူတွေ အထင်အမြင်မှားအောင် အပုပ်ချနေအပေါ် ဘယ်လိုမြင်ပါသလဲ မဇ္ဈိမသတင်းဌာနက စီမံခန့်ခွဲမှု အယ်ဒီတာ ဦးစိန်ဝင်းက ဆက်သွယ်မေးမြန်းထားပါတယ်။ ဒီတပတ်မှတော့ ဆက်သွယ်မေးမြန်းချက်အပိုင်း ၁ ကို တင်ဆက်ပေးပါ့မယ်။ နောက်မယ့်အပတ်တော့ ဒုတိယပိုင်းကို ဆက်ပြီး တင်ဆက်ပေးမှာပါ။

    Accuracy check အစီအစဉ်ကို Podcast ကနေ အသံလွှင့်ပေးနေပါတယ်။ သတင်းအမှားတွေကို ဘယ်လိုလူတွေက ဖြန့်ဝေနေကြတာလဲ၊ သတင်းအမှားဖြန့်ဝေသူတွေက ဘယ်လိုသတင်းအမှားမျိုးတွေကို ဖြန့်ဝေနေတာလဲဆိုတာကို သတင်းနှင့် မီဒီယာကွန်ရက် (NMG) က အပတ်စဉ် ဗုဒ္ဓဟူးနေ့ ညနေတိုင်းမှာ ထုတ်လွှင့်တဲ့ Podcast ထုတ်လွှင့်ချက်ကနေ တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုဒ် လုပ်ထားပြီး အဆင်ပြေတဲ့ အချိန်မှာမှ နားထောင်ရင်လည်း ရပါတယ်။

    13 min
  • အပတ်စဉ် တိုင်းရင်းသားရေးရာ သတင်းသုံးသပ်ချက် ( EP - 13 )

    အပတ်စဉ် တိုင်းရင်းသားရေးရာ သတင်းသုံးသပ်ချက် ( EP - 13 )

    ဒီတပါတ်မှာတော့ ရုရှားက ယူကရိန်း စစ်ပွဲနဲ့ ဆက်နွယ်ပြီး နောက်ဆုံးဖြစ်ပေါ်နေတဲ့ အခြေအနေ၊ ရုရှားနဲ့ ယူကရိန်း နိုင်ငံတို့ ရဲ့ အရေးကြီးတဲ့ သမိုင်းကြောင်းတွေကို ဆွေးနွေး သုံးသပ်သွားမှာပါ။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုဒ် လုပ်ထားပြီး အဆင်ပြေတဲ့ အချိန်မှာမှ နားထောင်ရင်လည်း ရပါတယ်။

    သတင်းနှင့် မီဒီယာ ကွန်ရက်က အပတ်စဉ် သောကြာနေ့ ညနေတိုင်းမှာ တိုင်းရင်းသားရေးရာ သတင်းသုံးသပ်ချက်တွေကို Podcast ကနေ အသံလွှင့်သွားမှာ ဖြစ်ပါတယ်။ တိုင်းရင်းသားအရေး၊ ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေးနဲ့ တိုင်းရင်းသား ဒေသတွေက အဖြစ်အပျက် အကြောင်းအရာတွေ အပေါ်မှာ သုံးသပ်ချက်တွေကို တင်ပြသွားမှာ ဖြစ်ပါတယ်။

    13 min
  • အပတ်စဉ် တိုင်းရင်းသားရေးရာ သတင်းသုံးသပ်ချက် ( EP - 12 )

    အပတ်စဉ် တိုင်းရင်းသားရေးရာ သတင်းသုံးသပ်ချက် ( EP - 12 )

    ဒီတပါတ်မှာတော့ မြန်မာနိုင်ငံ မြောက်ဖျားပိုင်း ကချင်ပြည်နယ် ပူတာအိုမြို့နယ်ထဲမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး တင်ဆက်ပေးထားပါတယ်။ 
    ဘာကြောင့် တိုက်ပွဲတွေပြင်းထန်နေတာလဲ၊ ဒီတိုက်ပွဲတွေမှာ ဘယ်သူတွေက ဘယ်လိုပုံစံမျိုးနဲ့ ပါဝင်ပတ်သက်နေလဲ၊ စစ်ပွဲတွေကြားက ပြည်သူတွေရဲ့ အခြေအနေက ဘယ်လို အခက်အခဲတွေရှိနေလဲ။ စတာတွေကို စုစည်းတင်ဆက်ပေးထားပါတယ်။

    သတင်းနှင့် မီဒီယာ ကွန်ရက်က အပတ်စဉ် သောကြာနေ့ ညနေတိုင်းမှာ တိုင်းရင်းသားရေးရာ သတင်းသုံးသပ်ချက်တွေကို Podcast ကနေ အသံလွှင့်သွားမှာ ဖြစ်ပါတယ်။ တိုင်းရင်းသားအရေး၊ ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေးနဲ့ တိုင်းရင်းသား ဒေသတွေက အဖြစ်အပျက် အကြောင်းအရာတွေ အပေါ်မှာ သုံးသပ်ချက်တွေကို တင်ပြသွားမှာ ဖြစ်ပါတယ်။

    12 min
  • အပတ်စဉ် သတင်း ထုတ်လွှင့်ချက် ( EP - 13)

    အပတ်စဉ် သတင်း ထုတ်လွှင့်ချက် ( EP - 13)

    ဒီတပတ်မှာ တင်ဆက်ပေးမယ့် သတင်းတွေကတော့ -

    - စစ်ကိုင်းတိုင်း ယင်းမာမြို့နယ်ထဲမှာ စစ်ကောင်စီက လေကြောင်းကနေ ပစ်ခတ်နေတယ်ပါတယ်။

    - ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းက စစ်ရှောင်တွေနေတဲ့ နေရာကို စစ်ကောင်စီက လေယာဉ်နဲ့ ထပ်ပြီး ပစ်ခတ်လာတဲ့အတွက် နောက်ထပ်တစ်နေရာကို ထွက်ပြေးရတဲ့သတင်း။

    - စစ်တပ်က အာဏာသိမ်းပြီးနောက် နွေဦးတော်လှန်ရေးထဲမှာ လူဦးရေ ၁၆၀၀ နီးပါးသေဆုံးသွားတဲ့သတင်း

    - တိုင်းရင်းသား မျိုးနွယ်စု အချင်းချင်း တိုက်ခိုက်စေတဲ့ စစ်နည်းဗျူဟာတွေကို အုပ်ချုပ်သူ စစ်အာဏာရှင် အဆက်ဆက်က ကျင့်သုံးလာတာ ဒီနေ့အချိန်ထိ ဖြစ်တယ်လို့ KIO က ပြောတဲ့အကြောင်းအရာတွေနဲ့အတူ တိုင်းရင်းသား ဒေသတွေက တခြားစိတ်ဝင်စားစရာ သတင်းတွေကို တင်ဆက်ပေးသွား မှာပါရှင်။

    သတင်းနှင့်မီဒီယာကွန်ရက် (Network Media Group) ရဲ့ Podcast အစီအစဉ်ကနေ ကြိုဆိုပါတယ်။ တနင်္ဂနွေနေ့တိုင်းမှာတော့ တိုင်းရင်းသားဒေသတွေက အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုစည်း တင်ဆက်ပေးနေတာဖြစ်ပါတယ်။ Podcast ထုတ်လွှင့်ချက်တွေကို တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်း လုပ် လုပ်ထားပြီး အဆင်ပြေတဲ့အချိန်မှာ နားထောင်ရင်လည်း ရပါတယ်။

    14 min
  • ACCURACY CHECK ( EP - 13 )

    ACCURACY CHECK ( EP - 13 )

    ဒီနေ့ပြောပြမယ့် သတင်းအမှားတွေကတော့ ..........

    စစ်ကောင်စီနဲ့ ပျူစောထီးရဲ့ ရွာမီးရှို့မှုကို ချောင်းဦး PDF ကို လွှဲချဖို့ သတင်းအမှားဖြန့်ဝေပြီး ကြိုးစားတဲ့ အကြောင်း

    Non-CDM ဆရာမတစ်ဦးရဲ့ လည်ပင်းကို ကြိုးချည်ပြီး တော်လှန်ရေးသမားတွေက ရိုက်တယ်ဆိုတဲ့ သတင်း အမှား

    ကလေး-တမူးကို သွားတဲ့ လမ်းကြောမှာ ပြည်သူ့ကာကွယ်ရေးတပ် PDF တပ်ဖွဲ့တွေက ဓားပြ တိုက်နေ တယ်ဆိုပြီး PDF တွေကို အထင်လွှဲအောင် သတင်းအမှားဖြန့်ဝေထားတဲ့ အကြောင်းတွေကို တင်ဆက်ပေးထားပါတယ်။ 

    Accuracy check အစီအစဉ်ကို Podcast ကနေ အသံလွှင့်ပေးနေပါတယ်။ သတင်းအမှားတွေကို ဘယ်လိုလူတွေက ဖြန့်ဝေနေကြတာလဲ၊ သတင်းအမှားဖြန့်ဝေသူတွေက ဘယ်လိုသတင်းအမှားမျိုးတွေကို ဖြန့်ဝေနေတာလဲဆိုတာကို သတင်းနှင့် မီဒီယာကွန်ရက် (NMG) က အပတ်စဉ် ဗုဒ္ဓဟူးနေ့ ညနေတိုင်းမှာ ထုတ်လွှင့်တဲ့ Podcast ထုတ်လွှင့်ချက်ကနေ တိုက်ရိုက်နားဆင်နိုင်သလို ဒေါင်းလုဒ် လုပ်ထားပြီး အဆင်ပြေတဲ့ အချိန်မှာမှ နားထောင်ရင်လည်း ရပါတယ်။

    14 min

About Network Media Group (NMG)

From the publisher's feed

Network Media Group: Independent News Agency Producing Multimedia Products can be seen on http://www.nmg-news.com, founded 2001 April 1.